Smashing WordPress Book Review


Smashing WordPress Book

S’pore ကနေ ရန်ကုန်ပြန်မလာ ရက်ပိုင်းအလိုလောက်ကပဲ Smashing Magazine ရဲ့ book series Smashing WordPress ဆိုတဲ့ စာအုပ်ကို Funan Digital Mall ကနေ၀ယ်ဖြစ်ပါတယ်။ Funan ရဲ့ လေးထပ်က စာအုပ်ဆိုင်မှာ ၀ယ်ဖြစ်ပါတယ်။ စာအုပ်က Wiley ထုတ်ပါ။ ဒီစာအုပ်က အွန်လိုင်းကနေမှာမှ ရတဲ့ စာအုပ်ပေမယ့် အဲဒီ Funan က ဆိုင်မှာ ရောက်နေတာကလဲ နောက်ခံ ဇာတ်လမ်းရှိပါသေးတယ်။ ဇာတ်လမ်းမပြောခင် ကြိုပြောရပါဦးမယ် အခုရေးမယ့် ပို့စ်က Smashing WordPress Book Review ဖြစ်ပါတယ်။ Smashing WordPress ဆိုတာ Popular ဖြစ်တဲ့ Web Design Blog Smashing Magazine ကထုတ်တဲ့ စာအုပ်ပါ။

Smashing WordPress Book

ဇာတ်လမ်းက ဒီလိုပါ နှစ်စက ကျွန်တော် စလုံးရောက်ပြီးချင်း ကွန်ပျူတာစိတ်ဝင်စားမှန်းသိလို့ အကိုက Funan ဘက်တစ်ရက် လိုက်ပြပေးပါတယ်။ နောက်တော့ Map မှာ နေရာမှတ်ထားလိုက်ပြီး နောက် ၂ ရက်လောက်နေတော့ ကိုယ့်ဖာသာ GPS နဲ့ ထပ်သွားဖြစ်ပါတယ်။ စာအုပ်ဆိုင်တွေ့တော့ ၀င်ကြည့်ရင်းနဲ့ ဟိုစာအုပ် အမြည်းဖတ် ဒီစာအုပ်အမြည်းဖတ်နဲ့ အဲဒီဆိုင်က ရောင်းတဲ့ တရုတ်မ ဖတ်တီးကြီး ကလဲလာပြုံးပြနေတာနဲ့ Smashing Magazine Book များရှိလေမလားလို့ သွားမေးဖြစ်ပါတယ်။ သူက data base ထဲရှာပေးတယ် မရှိဘူး နောက်တော့ အွန်လိုင်းပေါ်တက်ရှာပေးတော့မှ တွေ့ပါတယ်။ ဒီစာအုပ်လားတဲ့ ဟုတ်တယ်လို့။ တကယ်တမ်းသူက အဲဒီကတည်းကမှာလိုက်ပုံရပါတယ်။ သူမှာလိုက်တဲ့ အချိန်မှာ Smashing Book မဟုတ်တော့ပဲ Smashing WordPress ဖြစ်သွားတာပါ။

Smashing WordPress Book

နောက် ၁ လလောက်နေတော့ ထပ်ဝင်ရှာဖြစ်တော့ WordPress Category မှာ အဲဒီစာအုပ်ရောက်လာ တာတွေ့ပါတယ်။ အမှန်တော့ ကျွန်တော် ဒီစာအုပ်ထက် Smashing Book ပိုဖတ်ချင်တာပါ။ ဒါနဲ့ နဲနဲလျောက်လှန်ဖတ်ကြည့်လိုက် နောက်တစ်ခါ ရောက်ဖြစ်လိုက် ဖတ်ကြည့်လိုက်နဲ့ မ၀ယ်ဘဲ ရူးချင်ရောင် ဆောင်နေတာ.. နောက်ဆုံး ရန်ကုန်ပြန်မယ်ဆိုမှ ရန်ကုန်မှာ မီးပျက်မှာနဲ့ အလုပ်လုပ်မရမှာနဲ့ နောက် အွန်လိုင်းမှာ Smashing WP Reviews တွေဖတ်ကြည့်တော့လဲ အရမ်းကောင်းတယ် ညွှန်းတာကြောင့် ၀ယ်ဖြစ်သွားပါတယ်။

Smashing WordPress Book

စာအုပ်က ၁ လက်မကျော်ကျော်လောက် ထူပါတယ်။ စာရွက်က ကြွေသားစက္ကူနဲ့ လုပ်ထားတာမို့ တော်တော် ကိုင်လို့ ကောင်းပါတယ်။ တစ်ခုပဲ ကြွေသားတွေက တစ်ခါလောက်များ မှားခေါက်မိရင် ခေါက်ရိုး မပျောက်တတ်ပါဘူး။ စာအုပ်ကို Smashing Magazine က စီစဉ်ပြီး Wiley ကနေ ဖြန့်ပါတယ်။ အခုစာအုပ်က ကျွန်တော့် တကယ်ဝယ်တဲ့ (လက်နဲ့ကိုင်လို့ရတဲ့) Wiley ရဲ့ ဒုတိယ စာအုပ်ဖြစ်ပါတယ်။ Wiley က ဖြန့်ရုံသာဖြန့်တာမို့ အရင် Wiley ထုတ်တွေလို အဖုံးက အမည်းရောင်တွေနဲ့ မဟုတ်ပါဘူး။ ပုံမှာပါတဲ့ အတိုင်း အဖြူမှာ ဆေးစက်ပုံဖောက်ထားတဲ့ အဖုံးနဲ့ပါ။ အမှန်တော့ ကျွန်တော်က တကယ့်စာအုပ် ၀ယ်လေ့မရှိပါဘူး ဒီစာအုပ်ကလဲ ebook မထွက်တာတစ်ကြောင်း ကျွန်တော့်အနေနဲ့ တော်တော် အသုံးဝင်တာကြောင့်လဲ ၀ယ်ဖြစ်ပါတယ်။ ဈေးကတော့ တော်တော် ချိန်လိုက်ရပါတယ် စလုံး ၇၅ ကျပ် ရှိနေတာမို့ပါ။ မ၀ယ်ခင်အထိကို ၃ ခေါက်လောက် ဆိုင်ထဲမှာ စဉ်းစားယူရသေးတယ်။ :D

Smashing WordPress Book

စာအုပ်မှာ PART ၅ခုပါပြီး PART တိုင်းမှာ Sub level Chapter တွေ အများကြီးပါပါတယ်။ Main Part တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်…

  1. The WordPress Essentials
  2. Designing and Developing WordPress Themes
  3. Developing WordPress Plugins
  4. Beyond the Blog
  5. WordPress Toolbox

Smashing WordPress Book

စာအုပ်အစမှာ စာရေးသူ Thord Daniel Hedengren ဆိုသူရဲ့ ကျေးဇူးတင်ကြောင်း ဘာညာတွေကို လိုရင်းတိုရှင်းတွေ့ရပါတယ်။ နောက်အခြား SitePoint စာအုပ်တွေလိုမျိုး ဟိုလူ့ကျေးဇူးတင် ဒီလူ့ကျေးဇူးတင် နောက် Code ကဘယ်အေ၇ာင် Tips ကဘယ်အရောင်တွေနဲ့ စာရွက်ဖြုန်းမထားတာမို့ တော်တော် သဘောကျပါတယ်။ Index လာပြီးရင်တော့ Main Part 1 စလာပါတယ်။ စာအုပ်က တစ်အုပ်လုံး full color ကြွေသားစက္ကူတွေကြည့်ပါပဲ။ ဒါပေမယ့် စာရေးသူက စာများများရေးထားပေမယ့် စာရွက်ချွေတာ ထားပုံရပါတယ် Paragraph spacing တွေအရမ်းကပ်ပြီး ရှင်းရှင်းလင်းလင်းဖတ်ရတာမျိုးတော့ မရှိပါဘူး။ ပုံနှိပ်ထားတာေ တ်ာတော်လေးကောင်းပါတယ် main စာလုံးတွေက Serif type သုံးထားပါတယ်။ ဖတ်ရ အဆင်ပြေတဲ့ အနေအထားရှိပါတယ်။ စာအုပ်မှာ Code တွေလဲများပါတယ် Code တွေကို background highlight လုပ်ပေးထားတာလဲ ကောင်းပါတယ်။

Smashing WordPress Book

တစ်ခုဆိုးတာက အများကြီးပါတဲ့ ကုဒ်တွေကို Digital format အနေနဲ့ download လုပ်ယူနိုင်မယ့် link စာအုပ်ထဲမှာ မပါတာပါပဲ။ Internet မှာ ရှာကြည့်တော့မှာ စာရေးသူ ဆိုဒ်မှာ တင်ထားပေးတာကို တွေ့ရပါတယ်။ စာအုပ်က Part 1 ကစတယ်ဆိုပေမယ့် စာအုပ်ထဲမှာ Apache local မှာသွင်းနည်း WordPress သွင်းနည်း Themes, Plug In သွင်းနည်းတွေ ရေးပြီး စာမျက်နှာ ဖြုန်းမထားတာကတော့ အကြိုက်ဆုံးပါပဲ။ ပုံမှန် WordPress အကြောင်းစာအုပ်များက ၃ ပုံ ၂ ပုံလောက်က အဲဒီ Basic တွေရေးထားကြတာများပါတယ်။ ဥပမာ TutPlus က Colis ရေးတဲ့ Rockstar WordPress မျိုးပါ။ စာအုပ်က Tutorial, How to, Dummies guide တွေပုံစံမျိုးထက် လိုရင်းတိုရှင်း ရှင်းပြထားပြီး Reference စာအုပ်တစ်အုပ် အနေနဲ့ရေးထားတာပါ။ WP Core Structure ကိုရှင်းပြထားပြီး Customize လုပ်နိုင်အောင် ရေးပြထားတာ ဖြစ်တာမို့ WordPress Beginner အခုမှ စလေ့လာမယ့်သူတွေ အတွက် မဟုတ်တာ သေချာပါတယ်။

Smashing WordPress Book

အကျဉ်းချုပ်ရရင် စာအုပ်က အတော်ပြည့်စုံပါတယ်.. အွန်လိုင်းမှာ ရှာလို့ မတွေ့နိုင်တဲ့ customize လုပ်နည်းတွေလဲ ပါဝင်ပြီး reference အနေနဲ့ သုံးလို့ရတာမို့တော်တော် အသုံးဝင်ပါတယ်။ စာအုပ်က ဈေးနဲနဲကြီးတာ နောက် စာပိုဒ်တွေ နဲနဲကျပ်နေတာကို ကျော်လိုက်ရင် perfect ဖြစ်တဲ့ စာအုပ်လို့ ပြောလို့ရပါတယ်။ အခြား WordPress တွေ ဥပမာ Chris Coyier ရဲ့ Digging Into WordPress စာအုပ်နဲ့ ယှဉ်လိုက်ရင် စာအုပ် physical design မှာ Chris Coyier စာအုပ်က အဆင်ပြေပေမယ့်။ အထဲက စာအပိုင်းမှာတော့ Smashing WP က နဲနဲပိုသာတယ်လို့ ခံစားရပါတယ်။ Smashing WP က ထွက်တာနဲနဲကြာပြီဖြစ်တာမို့ လက်ရှိ Version 3.0 features တွေတော့ cover မဖြစ်ပါဘူး။ ဒါပေမယ့်လဲ WP ကို ကြိုက်တယ်ဆိုတဲ့ front-end, back-end developer တွေ အတွက်တော့ လက်စွဲဖြစ်ဖို့ သေချာပါတယ်။ ဈေးက 50.00 US $ ဖြစ်ပါတယ် အွန်လိုင်းကနေ မှာပြီးဝယ်လို့ ရနိုင်ပါတယ်။ Rating ပေးရရင် 5 out of 5 Stars လို့ ကျွန်တော့်ဖာသာ ပေးလိုက်ပါတယ်။ ကျေးဇူးပါ…..

Smashing WordPress Book




Related Posts

4 Comments so far »

  1. saturngod said,

    Wrote on August 19, 2010 @ 1:13 pm

    ကျွန်တော်ကတော့ iBook နဲ့ ပဲ ဖတ်လိုက်တယ်.. :D PDF version ထွက်ပြီလေ…

    Like or Dislike: Thumb up 0 Thumb down 0

  2. Talkii said,

    Wrote on August 20, 2010 @ 9:54 am

    smashing book မဝယ်နဲ့တော့။ လှယ်ဖတ်မယ်း) ဘားကမ့်မှာတုန်းက တွေ့မယ်ဆိုပြီး မတွေ့ဖြစ်ခဲ့တာ ဆောရီးပါဗျာ။ ဒီနှစ်လာဖြစ်အောင် ကြိုးစားလိုက်ဦးမယ်။

    Like or Dislike: Thumb up 0 Thumb down 0

  3. Win Htoo said,

    Wrote on November 30, 2010 @ 12:08 pm

    Hi. I also want to buy that book. But could you please let me know the PDF link first. Thanks.

    Like or Dislike: Thumb up 0 Thumb down 0

  4. Htoo Tay Zar said,

    Wrote on December 2, 2010 @ 10:16 am

    Hello, Sorry I don’t know it is available for .PDF or not. Please search yourself. Thanks

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: