Snakes Becoming Domestic Pets in Myanmar
မြို့ထဲမှာ အခုနောက်ပိုင်း ပုံမှာ ပါသလို မြွေတွေ ရောင်းတာပါတွေ့လာရတယ်။ အရင်က ရွှေငါးတွေ အထုပ်လေးတွေနဲ့ ရောင်းတာမျိုးတွေ့ဖူးတာ။ အခုတော့ မြွေပေါက်လေးတွေပါ ရောင်းလာကြတယ်။ အဆိပ် မရှိဘူးတဲ့ခင်ဗျ။ အဲဒီ မြွေပေါက်လေးတွေကို နွားနို့တိုက်ပေးရင် ရဆိုပဲ။
မြွေပေါက်လေးတွေကို Milo လိုပုလင်း အလွတ်ထဲမှာ ထည့်ရောင်းပါတယ်။ အပေါ်မှာ လေပေါက်လေးတွေ ဖောက်ပေးထားတယ်။ ရောင်းတဲ့ ဦးလေးကြီးက ထုတ်လိုက် ကိုင်လိုက်နဲ့ပဲ။ အိမ်မွေး တိရိစ္ဆာန် အမျိုးအစားအသစ်ဖြစ်လို့။ ယောက်ကျားလေးတွေ ၀ယ်ကြတာများတယ်။ ဈေးတော့ မေးမကြည့်လိုက်မိဘူး။ နောက်ပိုင်း အဲဒီမြွေပေါက်လေးတွေ အိမ်မှာ မွေးထားရင် ကြွက်ပြေးတယ်လို့လဲ ဂျာနယ်ထဲ ဖတ်ရတယ်။ အခု ပုံတွေကတော့ ဗိုလ်အောင်ကျော်လမ်း ထောင့်က BAK အရှေ့မှာ ရိုက်လာတာပါ။



wayne said,
Wrote on August 26, 2010 @ 4:47 pm
ဘယ်ကလာ ကြွက်တောင်ကိုက်သွားဦးမယ်
Like or Dislike:
0
0
သွယ်လင်းဆက် said,
Wrote on August 29, 2010 @ 7:44 pm
ခုမှပြန်ရောင်းကြတာဖြစ်လိမ့်မယ်။ ၂၀၀၁ ၂၀၀၂ လောက်ကတည်းခေတ်စားနေတာဗျ။ အဲဒီတုန်းကတော့ ၂၀၀၀လားမသိဘူးပေးရတယ်။ တစ်ကောင်ဝယ်ဖူးတယ်။ ထားရင်ထားသလိုနေတယ်။ လက်မှာပတ်ထားရင် ပတ်ထားတဲ့အတိုင်းနေတယ်။ ကြွက်ပြေးမပြေးတော့ မသိဘူး။
Like or Dislike:
0
0
အဖြူရောင်နတ်သမီး said,
Wrote on September 17, 2010 @ 5:11 am
အဆိပ်မရှိတဲ့ မြွေပဲပြောပြော…
မကိုက်ဘူး ပဲပြောပြော…
ကြောက်ပါတယ်…မြွေတော့…
Like or Dislike:
0
0