iPad in Action @ Engagement Ceremony
ဒီ အပတ်တွေမှာ ဘလော့ဂ်လဲ အသစ်မတင်ဖြစ်သလို… အလုပ်များနေတာကြောင့်လဲပါပါတယ်။ နောက် ဘာမှမဆိုင်တဲ့ ဓာတ်ပုံ သမား ယောင်ယောင် ဖြစ်နေသေးတယ်။ ပိုက်ဆံကုန်တဲ့ ၀ါသနာဆိုလို့ မစွဲအောင် ဖြတ်နေရတယ်။ ပြီးခဲ့တဲ့ ၂၃ ရက်နေ့ကတောင် သူငယ်ချင်း ကိုစိုးဝေကြီး ရဲ့ စေ့စပ်ပွဲရှိလို့ ရှိတာလေးနဲ့ ဓာတ်ပုံ သွားရိုက်ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဆရာက အခန်းအနားမှုး လုပ်ပေးတယ်။ မနက်မှာ ဆရာ့ကို အိမ်သွားခေါ်ပြီး Sedona ရောက်တော့ ဆရာက ဖတ်ရမယ့် စာစီလာပြီးသား စာရွက်တွေ တွေ့တာနဲ့ အိုင်ဒီယာရပြီး ဆရာလို့ စာရွက်မကိုင်နဲ့ ခေတ်သစ် ကျောက်သင်ပုန်းကိုင် ဆိုပြီး ကင်မရာနဲ့ စာတွေ ဓာတ်ပုံရိုက် ပြီးတော့ iPad ထဲ ထည့်ပြီး ကိုင်ခိုင်းလိုက်တယ်။
အဲဒါနဲ့ပဲ ဆရာလဲ အိုင်ပတ် ကိုင်ပြီးပြောတဲ့ အခန်းအနားမှုးဖြစ်သွားတယ်။ အဆန်းပေါ့ Sedona က wifi နဲ့ပဲ အင်တာနက် သုံးလိုက်သေးတယ်။ စေ့စပ်ပွဲက ၃ နာရီလောက်မှာ ပြီးပါတယ် နောက်နေ့ပဲ ကိုစိုးဝေတို့ S’pore ပြန်သွားကြတယ်။ ဘာပဲပြောပြောပေါ့ ကိုစိုးဝေ တို့ စေ့စပ်ပွဲ အမှတ်တရ အနေနဲ့ ပုံ ၂ ပုံ တင်ထားလိုက်ပါတယ်။



exiter said,
Wrote on September 29, 2010 @ 8:56 am
မြန်မာနိုင်ငံမှာ ပထမဆုံး iPad ကိုင်ပြီးပြောတဲ့ စေ့စပ်ပွဲပေါ့ .. အဟက် ..
Like or Dislike:
0
0