BarCamp Mandalay Meeting


BarCamp Mandalay Meeting

လွန်ခဲ့တဲ့ ၁၀ ရက်နေ့ ၁၀ နာရီ ၁၀ မိနစ် (10/10/10) မှာ မန်းလေးမှာ လုပ်တဲ့ BarCamp Mandalay Organizer founding meeting ကို လမ်းကြုံတာနဲ့ ၀င် တက်ဖြစ်ပါတယ် မန္တလေး ဘားကမ့် ကို ၂၀၁၁ မှာ ပထမဆုံး စလုပ်မှာ ဖြစ်တဲ့ အတွက် ပထမဆုံး မီတင်နဲ့ စဖွဲ့ဖြစ်ကြပါတယ်။ မြို့ခံ ဘလော့ဂ်ဂါတွေ ဖြစ်တဲ့ ကိုမောင်လှ၊ ကိုညီမင်းစံ၊ ကိုသခင်ကြီးတို့ကော နောက် MCPA (MDY) က ဆရာ ဦးသိန်းထွဋ်၊ ဒေါ်စန္ဒီခေတ်၊ ဦးလှကောင်း၊ ကိုဇော်ရဲ ကိုဖြိုးဝေအောင် နဲ့ အခြားသော စိတ်ပါဝင်စားသူများ တက်ရောက်ကြပါတယ်။

အဲဒီနေ့မှာပဲ တက်ရောက်သူများနဲ့ BarCamp Mandalay လုပ်မယ့် နေရာ နောက် team organizer တွေ အဆိုပြုကြပါတယ်။ အခုတစ်ခေါက်က ပထမဆုံး မိတင်ဖြစ်တာမို့ အရင် ရန်ကုန် မိတင် စလုပ်ခါစကလိုပဲ လူနဲပါသေးတယ်။ နောက်ပိုင်းရောက်ရင်တော့ လူများများနဲ့ အားကောင်းလာမှာပါ။ ဘားကမ့် မန္တလေးကို ၂၀၁၁ ပထမလထဲမှာ လုပ်ဖို့ ရှိပြီး ရန်ကုန်နဲ့ ရက်သိပ်မခွာပဲ လုပ်မယ်လို့ ယေဘုယျ ဆွေးနွေးဖြစ်ကြပါတယ်။ မိတင်များကိုလဲ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ ဓာတ်ပုံများပါ တစ်ခါထဲ တင်ထားလိုက်ပါတယ်။
BarCamp Mandalay Meeting

BarCamp Mandalay Meeting

BarCamp Mandalay Meeting

BarCamp Mandalay Meeting

BarCamp Mandalay Meeting

BarCamp Mandalay Meeting




Related Posts

1 Comment so far »

  1. Pascal said,

    Wrote on December 19, 2010 @ 10:36 pm

    changed to Feb

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment:

*
= 4 + 7