Aung San Su Kyi Speech @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

ဒီနေ့ November 14 ရက်နေ့မှာ ရွှေဂုံတိုင် မှာရှိတဲ့ National League for Democracy (NLD) HQ မှာ Daw Aung San Su Kyi ၁၂ နာရီမှာ ပြည်သူတွေကို မိန့်ခွန်းပြောကြား မယ့်ပွဲကို အရောက် သွားဖြစ်ပါတယ်။ မနေ့ညက ကိုဘို ကဖုန်းဆက်ခေါ်လို့ ရောက်ဖြစ်တာလဲ ပါပါတယ်။ ဒီရက်ပိုင်း personal ကိစ္စတွေကြောင့် အင်တာနက်လဲ လုံးဝ မသုံးဖြစ်တာရယ်ကြောင့် ဘာမှမသိပဲ ညမှသိလို့ camera, batteries, memory cards တွေ ready ပြင်ပြီး သွားဖြစ်တာပါ။

အမှန်တော့ ဒီရက်တွေမှာ Boston Big Pictures, Reuters Gallary, Guardian Eyewitness လို သတင်းဓာတ်ပုံတွေ ကြည့်ရင်း နဲနဲ ရူးနေတာလဲ ပါပါတယ်။ ဒီနေ့ မနက် ၁၀ ခွဲလောက်မှာပဲ ရွှေဂုံတိုင်က Lucky Seven ကဖေးမှာ ကိုဘို နဲ့တွေ့ပြီး NLD ရုံးဘက်ထွက်ဖြစ်ပါတယ်။ အစောပိုင်း ၁၀ ခွဲလောက်မှာ ကိုပဲ လူတွေက နဲနဲများနေပါပြီး ပုံမှာပါသလို We love Su ဆိုတဲ့ စာရွက်တွေလဲ ကိုင်ထားကြပါတယ်။ သတိထားမိတာက ယူနီဖောင်းဝတ် ပုဂ္ဂိုလ်များမရှိတာပါ။ မော်တော်ပီကယ် အဖြူရောင်ဝတ်များကလွဲရင် ကျန်တာမရှိပါဘူး။ ရုံးမျက်နှာချင်းဆိုင်ဘက်က ကွမ်းယာဆိုင် လက်ဖက်ရည်ဆိုင်တွေမှာတော့ လူတော်တော်များများ စည်နေပါပြီ။ ဒီနေ့ ပွဲကို ကလေးလေးတွေကို အဖိုးကြီးတွေလက်တွဲလို့ အဖွားကြီး အရွယ်တွေကော အရွယ်အစုံ ချီတက်လာကြတာ တွေ့ရပါတယ်။ အစောပိုင်းမှာ ရှေ့လမ်းမှာ ကားတွေသွားလို့ ရနေပါသေးတယ်။

နောက်တော့ မနက် ၁၁ ခွဲလောက်မှာ အန်တီစု ရောက်လာပါတယ် ရောက်ရောက်ခြင်း ၅ မိနစ်လောက် ကားထဲက ထွက်လို့ မရသေးပါဘူး။ ပန်းပေးမယ့်သူတွေ နှုတ်ဆက်ဖို့လာတဲ့ သူတွေ အရမ်းများနေတာကြောင့် တံခါးတောင် ဖွင့်ဖို့ မလွယ်တာပါ။ ဒီနေ့မှာ ကျွန်တော်သိတာဆိုလို့ အန်တီစု တစ်ယောက်သာ ရှိပါတယ် ကျန်တဲ့ ဘေးနားက ခေါင်းဖြူဖြူနဲ့ ဆရာကြီးတွေကော အခြားသူတွေကော နာမည်တောင် ဘယ်သူမှန်းမသိပါဘူး။ နောက်တော့ NLD ရုံးထဲမှာ မနက် ၁၀ နာရီခွဲလောက်ကတည်းက တဖွဲဖွဲရောက်လာပြီး စောင့်နေကြတဲ့ နိုင်ငံခြား သံအမတ်၊ သံမှုး တွေနဲ့ တွေ့ပြီးတဲ့ နောက် ၁၂ နာရီမှာ ဟောပြောပွဲ စတင်ပါတယ်။ ပရိတ်သတ် တော်တော်များတာတွေ့ရပါတယ်။

ကျွန်တော်တို့ အစက ကိုဘိုနဲ့ NLD ရုံးဝင်ပေါက် အုတ်နံရံပေါ်တက်ရိုက်ကြပါတယ်။ တဖြည်းဖြည်းနဲ့ လူတွေများလာပြီး အတွန်းခံရရင်းရွေ့သွားလိုက်တာ အခုပုံပါအတိုင်းပါပဲ။ အန်တီစုကို ၁၈၀ ဒီဂရီလှည့်ရိုက်ပြီးသားတောင် ဖြစ်သွားပါတယ်။ ဒါတောင် မနက်အစောကတည်းက အရှေ့ဆုံးမှာ နေရာလာဦးထားလို့ပါ။ ကျွန်တော်ရယ် ကိုဘိုရယ်က ဒီနေ့ ၀ါသနာအရ လာရိုက်ဖြစ်တာပါ။ အခြားဆိုရင်တော့ local media တွေ Eleven, Popular News, Favorite, 7 Day News စတဲ့ သတင်းထောက်တွေလဲ လာကြပါတယ်။

Canon 5D, 1D, 7D တွေနဲ့ foreigner သတင်းထောက်များလဲ အများကြီးလာတာတွေ့ ပါတယ်။ သူတို့တွေဆို အားလုံး တစ်ယောက် body 2 လုံးလောက် လည်ပင်းဆွဲထားပြီး ရိုက်ကြတယ်။ တကယ်ပါပဲ လူလဲ အရမ်းများပြီးတိုးကြတော့ ကျွန်တော်တောင် ရှိတဲ့ Wide နဲ့ Tele ၂ လုံးကိုတောင် လဲဖို့ အချိန်မရပါဘူး။ ခဏခဏ လူတွေတွန်းလိုက်ရင် lens autofocus ဖြုတ်ပြီး ကင်မရာ ကို အပီအပြင်ကာရင်းနဲ့ ရိုက်ယူရပါတယ်။ လက်လဲ သံဆူးကြိုးတွေ ခြစ်မိတာ ဘယ်တုန်းကမှန်းတောင် မသိလိုက်ပါဘူး စပ်လာတော့မှသိတယ်။

foreigner တစ်ဖွဲ့ကဆို 5D Mark II နဲ့ VJ ပါတစ်ခါထဲပါပြီး ကော်လာမှာ မိုက်တပ် 5D မှာ external ပေါက်မှာ ကြိုးတပ်ပြီး တစ်ခါထဲ သတင်း ဗီဒီယို ရိုက်ပါတယ်။ ဟုတ်တာပေါ့ 1080p HD လဲရတာကိုး.. စိတ်ဓာတ်တော့ နဲနဲကျသွားတယ် သူများတွေက ဘော်ဒီ ၂ လုံးလောက်ကို lens လဲစရာမလိုပဲ ရိုက် ပြီးတော့ ပိုက်ဆံလဲ ရသကိုး ကျွန်တော်တို့က ၀ါသနာ အရ လိုင်ကားစီးပြီး ပိုက်ဆံမရပဲ လာရိုက်ဆိုတော့ ကိစ္စမရှိပါဘူး ဘလော့ဂ်ရောက်ရင် FaceBook Like တွေရမယ်လို့ မျှော်လင့်ထားတယ် =P

ဒီနေ့က တကယ်ပင်ပန်းတဲ့ နေ့တစ်နေ့ပါ မနက် ၁၂ မထိုးခင်ကတည်းက လူတွေကျပ်ညပ်နေတဲ့ကြားမှာ ဓာတ်ပုံ စောင့်ရိုက်ခဲ့ရပါတယ်။ ရုံးရှေ့နားကလူတွေအားလုံးက ထိုင်နေကြပေမယ့် တစ်ယောက်ပေါ်တစ်ယောက် ပိနေကြတာပါ။ ကျွန်တော်ဆို ခြေဖျားတောင်ပြီး ငုတ်တုတ်ဖြစ်နေတဲ့ အချိန် အရှေ့က အနှီ ပုဂ္ဂိုလ်ကိုလဲ ပေါင်ပေါ်တင်ထားရ သေးတယ်။ အဲဒီလိုမျိုးနဲ့ပါ နောက်မှရောက်လာတဲ့ မျက်မှန်းတမ်းမိနေတဲ့ local သတင်းထောက် တစ်ယောက်ဆို သူတို့ဘက်မှာ လူတွေ အတင်းတိုးနေကြလို့ သူလဲရိုက်မရတာနဲ့ ကင်မရာတောင် ကျွန်တော့ဆီ လက်ဆင့်ကမ်းပေးပြီး ရိုက်ခိုင်းယူရပါတယ်။ လူတွေတိုးချက်က အဲဒီလို ခြေဖျားထောက်ရင်း နဲနဲရွှေ့ရင်းနဲ့ ရုံး ညာဘက်ခြမ်းကနေ ရုံးရှေ့ ၀င်ပေါက် တည့်တည့် တောင် ရောက်သွားပါတယ်။

ဒီနေ့ပွဲ့ တကယ်ပါ လူလဲ အရမ်းများပါတယ်.. ပင်လဲတော်တော်ပင်းပန်းပါတယ် ၁ နာရီလောက် အဲဒီလို လူတွေ ပိပြီး ခြေဖျားထောက်နေရတာပါ။ ဖင်ထိုက်ချရင်တောင် မြေကြီးနဲ့ မထိပါဘူး နောက်လူပေါ်ပဲရောက်ပါတယ်။ ကျွန်တော်လို ၂၀ ကျော်ပြီးတဲ့သူ အဖို့ ပထမဆုံး အန်တီစု ကို အပြင်မှာ မြင်ဖူးခြင်းလဲ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အန်တီစု ပြောခဲ့တဲ့ မိန့်ခွန်းတွေထဲက အချို့ကို အခြား Foreign Media တွေ နဲ့ Eleven, The Voice လို local media တွေမှာ ဖတ်ရှု့နိုင်ပါတယ်။ ကျွန်တော်ကတော့ လူတွေနဲ့ အတင်းတွန်းထိုးနေလို့ အပြည့်အစုံတောင် မကြားခဲ့ရပါဘူး။

ဓာတ်ပုံများကိုလဲ အောက်ဖက်မှာ High Resolution နဲ့ ကြည့်ရှု့နိုင်ပါတယ်။ ပျော်ရွှင်ပါစေ။

Disclaimer ~ ဓာတ်ပုံများ ရိုက်ကူးခြင်း အတွက် ကျွန်တော်တို့ မည်သည့် အဖွဲ့အစည်း၊ သတင်းဌာန များဆီကနေ ငွေကြေး ပစ္စည်းတစ်စုံ တစ်ရာ ရယူထားခြင်းမရှိပါဘူး။ ကိုယ်ပိုင် ၀ါသနာ ဆန္ဒအရ ရိုက်ကူး ထားခြင်းဖြစ်ပါတယ်။ ဓာတ်ပုံများကို မည်သည့် ပြည်တွင်း၊ ပြည်ပ မီဒီယာ၊ ဘလော့ဂ်များတွင် ပြန်လည် အသုံးပြုခြင်း ခွင့်မပြုပါ။ Link share ရန်သာခွင့်ပြုပါသည်။

Aung San Su Kyi Speaks @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter

Aung San Su Kyi Speaks @ NLD Headquarter
Aung San Su Kyi Speaks @ NLD Headquarter
Aung San Su Kyi Speaks @ NLD Headquarter
Aung San Su Kyi Speechs @ NLD Office


7 Comments

  1. တောင်ငူသား November 14, 2010

    သာမန်ပြည်သူတစ်ယောက်က ရေးထားတဲ့ ဒီနေ့ မြင်ကွင်း
    ကြိုးစားပမ်းစားရိုက်ထားတဲ့ ဓါတ်ပုံတွေ
    အားလုံးအတွက်..
    ကျေးဇူးပါ တေဇာ
    (နောက်ပိုင်းမှာတော့ ကင်မရာ အကြောင်းတွေ ပိုများသွားတယ်နော် :P)

  2. BarNyar November 15, 2010

    Just love the CJ cum Blogger spirit of you Bro.. =)))

  3. […] Post ကို ဒီလင့် မှာ […]

  4. သားလတ်ညာ November 16, 2010

    ကြိုးစားပီး ၇ိုက်ထားလို့  ကြည့်၇တယ်လူတွေ တန်ဖိုး၇ှိပါတယ် ဗျာ

  5. Soe Wai November 17, 2010

    CHEERS………..

  6. […] took many photos at the event, even though “it was too crowded to even stand properly and had to be stand on tip-toe to […]

  7. […] took many photos at the event, even though “it was too crowded to even stand properly and had to be stand on tip-toe to […]

Leave a Reply