Knockin’ On Heaven’s Door covered by Super Stars Bloggers
Knockin’ On Heaven’s Door ~ Covered by Super Stars from Htoo Tay Zar on Vimeo.
ပြီးခဲ့တဲ့ အောက်တိုဘာ လ အစောပိုင်းရက်တွေက မန္တလေးမှာ အလုပ်ကိစ္စနဲ့ ရောက်တုန်း၊ ဘားကမ့် မိတင်လဲ သွားဖြစ်ရင်း ကိုသခင်ကြီး၊ ကိုမောင်လှတို့ တွေနဲ့ပါ ဆုံဖြစ်ပါတယ်။ နောက် ရန်ကုန်ကနေလာတဲ့ ကိုဇော်၊ မထိုက်၊ ၀ိန်း၊ တိုလီ တို့ရော ကျွန်တော်တည်းတဲ့ ဆီလိုက်လာကြတာမို့… မိတင်ရက်ပြီးတော့ နောက်ရက်မှာပဲ တည်းခိုခန်းကနေ ကိုသခင်ကြီး အိမ်ဘက် အားလုံးသွားဖြစ်ကြပါတယ်။ ကိုသခင်ကြီး စတူဒီယို ထဲမှာပဲ စကားပြောကြရင်း ဂစ်တာတွေ ဒရမ်တွေ တီးကြရင်းကနေ သီချင်း တစ်ပုဒ် အကုန်အတူတူ အမှတ်တရ ဆိုဖြစ်ကြပါတယ်။ ဒါနဲ့ပဲ ကင်မရာနဲ့ တစ်ခါထဲ ဗီဒီယို ရိုက်ထားဖြစ်တာကို Edit လုပ်ပြီး Vimeo မှာ တင်ထားလိုက်တယ်။
အခုကတော့ အဲဒီတုန်းက အတူဆိုခဲ့တဲ့ သီချင်းပါ… Knockin’ On Heaven’s Door လို့ ခေါ်ပါတယ်… Eric Clapton, Guns N Roses, Avril Lavigne စတဲ့ မြောက်များစွာသော အဆိုတော်တွေနဲ့ နောက်ပေါက် အဆိုတော်တွေပါ covered ပြန်လုပ်ကြတဲ့ သီချင်းပါ။ အခုကတော့ နာမည်ကျော် ဘလော့ဂ်ဂါ လူအမြင်ကတ်ကြီး တွေက covered လုပ်ထားပါတယ်။ ကြိုတင်တိုက်ထားတာ မဟုတ်ပဲ အခုဆိုအခုရိုက်တန်းလုပ် ထားတာမို့ အသံမကောင်းရင် သီးခံ ပိုက်ဆံစုပြီး producer အနေနဲ့ အခွေထုတ်ပေးလို့ ရပါတယ်။ producer များကိုလဲ ပက်ပက်စက်စက် ကြိုဆိုပါတယ်။
အခု သီချင်းကို သီဆိုသူက ကိုဇော်ဇော် ဖြစ်ပြီး ဒရမ်မာကတော့ ကိုသခင်ကြီး ဖြစ်ပါတယ်.. ဘေ့စ်က တိုလီ လက်စွမ်းပြထားတာ ဖြစ်ပြီး ဂစ်တာကို ကျွန်တော်က Slash စတိုင်နဲ့ တီးထားပါတယ်.. ကင်မရာကမင်းက မထိုက် (Barnyar) ရိုက်ကူးပေးတာ ဖြစ်ပြီး နောက်က ဟာမိုနီ၊ tambourine ကိုတော့ ကိုဖိုးသူတော် ကတီးထားပါတယ်။ ရှုစားအားပေးကြပါဦး…

LinOo said,
Wrote on November 2, 2010 @ 7:45 pm
Good… Bro
Like or Dislike:
0
0
တောင်ငူသား said,
Wrote on November 2, 2010 @ 9:01 pm
ဖြောင်း.. ဖြောင်း.. ဖြောင်း.. (လက်ခုပ်တီးသံ)း)
Like or Dislike:
0
0
Craton said,
Wrote on November 2, 2010 @ 9:12 pm
နားထောင်သွားတယ်ဗျို့..
Like or Dislike:
0
0