InLay Lake ~ Beautiful Lake Surrounded By Mountain

InLay Lake Pagoda

အင်းလေး (Inle Lake) ကန်ဆိုတာ တောင်တွေ ပတ်လည်ဝိုင်းနေတဲ့ ရေကန်ကြီး တစ်ကန်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒီကန်က မြန်မာနိုင်ငံမှာ ဒုတိယမြောက် အကြီးဆုံးရေကန် တစ်ခုဖြစ်ပြီး ရေချိုကန်လဲဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ ဘီလူးချောင်း (ရေအားလျှပ်စစ်) ဆိုတာကလဲ ဒီကန်ကနေ စီဆင်းလာတဲ့ ရေကို အသုံးပြုထားတာပါ။ ဒီလို မြန်မာတင်မကပဲ ကမ္ဘာမှာပါ နာမည်ကြီးကျော်ကြားတဲ့ ရေကန်ကြီးကို လွန်ခဲ့တဲ့ ၁ ပတ်ကျော်လောက်က တောင်ကြီးမြို့က မိတ်ဆွေတွေ ကောင်းမှုနဲ့ ပထမဆုံးအကြိမ် အလည်ရောက်ဖြစ်ခဲ့ပါတယ်။

ငယ်ငယ်က အောင်ပန်း၊ တောင်ကြီးမြို့တွေမှာ လည်ပတ်ရင်း၊ သင်္ကြန်တွေမှာ ရောက်ခဲ့ဖူးပေမယ့် မတိုက်ဆိုင်တာ ကြောင့် အင်းလေးကန်ကို မရောက်ဖြစ်ခဲ့ပါဘူး။ အခုကတော့ တောင်ကြီးက မိတ်ဆွေတွေ လိုက်ပို့တာနဲ့ ကျွန်တော်နဲ့ အခြား သူငယ်ချင်းတွေနဲ့ ၉ ယောက်လောက် ရောက်သွားပါတယ်။ နေ့ဘက်ကတော့ နေသာနေတာမို့ ဆောင်းတွင်းပေမယ့် မအေးပါဘူး ညဘက်မှ ချမ်းတုန်အောင်အေးပါတယ်။ ကံကောင်းချင်တော့ အဲဒီနေ့က မိုးလဲ မအုံ့ နေပဲ ကောင်းကင်ပြကြီးနဲ့ တိမ်ခိုးအနည်းငယ်ပဲ ရှိတာမို့ ဓာတ်ပုံတွေ အားရပါးရ ရိုက်ဖြစ်ပါတယ်။

အင်းလေးကန်က တောင်ပေါ်က ကန်ဖြစ်ပေမယ့် စင်ရော်ဖြူဖြူလေးတွေ အများကြီးရှိတာမို့ ပထမဆုံး ရေပြင်ကျယ်ကြီးကို စက်လှေဖြတ်နေတုန်းမှာပဲ စရိုက်ဖြစ်ပါတယ်။ စင်ရော်တွေ အမိအရရိုက်ချင်တာမို့ shutter speed 1/400 1/1000 လောက်ထိမြင့်ရိုက်ပါတယ်။ ISO 100 နဲ့ ရိုက်ပါတယ်။ တစ်ချို့ပုံတွေကို telezoom နဲ့ ရိုက်ယူထားပါတယ်။ shutter speed မြှင့်တာက အလင်းရောင်လဲ ကောင်းကောင်းရနေတာမို့ပါ။ ပုံကောင်းတွေ အများကြီးရတဲ့ထဲက တစ်ချို့ကို အခု ဘလော့ဂ်မှာ တင်ပါတယ်။ ဒုတိယပိုင်းရှိပါဦးမယ် ဒါက ပထမအပိုင်းပါ။ ပထမအပိုင်းမှာ စင်ရော်ပုံတွေပဲ များပါတယ်။ အရမ်းလှုပ်ရှားနေတဲ့ subject ကိုရိုက်တာ အခုတစ်ခေါက်က ပထမဆုံးအကြိမ်ပါပဲ အတွေ့အကြုံတော်တော်ရလိုက်ပါတယ်။ စက်လှေကလဲ အရှိန်နဲ့သွားနေပြီး ငှက်တွေကလဲ အစာနောက်တရုန်းရုန်းလိုက်နေတဲ့ အချိန်မှာ shutter speed နဲ့ အလင်းရောင်နဲ့ Image Stabilizer တွေ အကူအညီနဲ့ မို့တော်တော့တယ်။ ပုံတွေကို ကိုယ့်ဖာသာ အရမ်းသဘောကျနေမိတယ်။

အင်းလေးကို မရောက်ဖူးသေးဘူးဆိုရင် သွားပြီး လည်ပတ်ကြည့်သင့်ပါတယ်။ ကျွန်တော်တောင် ငယ်ငယ်ကမရောက်မိတာ အခုမှ လှမှန်းသိရတော့တယ်။ အင်းလေးကန်က အခု ရေတွေ နေရာအနှံ့ ပြန်ရှိနေပါပြီ။ အဲဒီနေ့က အချိန်သိပ်မရလို့ အနှံ့တောင် မလည်ခဲ့ရဘူး နောက်တစ်ခေါက်မှ အချိန်ယူ အင်းထဲမှာ တည်းပြီး ဓာတ်ပုံလိုက်ရိုက်ဦးမယ်။ အင်းလေးကန်က အကြောင်း Wiki မှာဖတ်ကြည့်တော့မှ သူ့မှာ ကမ္ဘာပေါ်မှာ ဘယ်နေရာမှ မရှိတဲ့ ငါးမျိုးစိတ်တွေရှိတာ သိရတော့တယ်။ နောက် ကျွန်းမျောတွေနဲ့ စိုက်တဲ့ သီးပင်စားပင်တွေရှိတယ် အထူးသဖြင့် အင်းသီး ခေါ် ခရမ်းချဉ်သီး ရှိတယ်။ နောက် ရေပေါ်ဈေးတွေရှိပါတယ် ဒါကလဲ ရေပေါ်မှာနေလို့ လှေနဲ့ ရောင်းကြတာပါ အခြားနိုင်ငံတွေလို နိုင်ငံခြားသား စွဲဆောင်ရုံသတ်သတ် မဟုတ်ပါဘူး။ နောက် အင်းရိုးရာ အထည်လုပ်ငန်း၊ ကြာသင်္ကန်းလုပ်ငန်း၊ ငွေထည်လုပ်ငန်း တွေရှိပါတယ်။ ခြေတစ်ဖက်နဲ့ လှေလှော်ပြီး ငါးဖမ်းတဲ့ အင်းသားတွေရှိတယ်။ လက်ရှိ ဆောင်းရာသီမှာ ဘယ်ကိုခရီးသွားမလဲ မေးရင် အခုထိ အင်းထဲပဲပြန်သွားချင်နေတုန်းပါပဲ။

P.S ~ ဓာတ်ပုံတွေအားလုံးကို ရေစာတပ်ပြီး ဆိုဒ်သေးထားရုံပါ အရောင်တွေ အလင်းအမှောင်တွေ စတာတွေ လုံးဝလုပ်မထားပါ။ ပုံတွေက noise နဲနဲထသွားတာ အွန်လိုင်းမှာ loading မြန်အောင် jpeg compress လုပ်တာ လက်လွန်သွားလို့ပါ။ ဓာတ်ပုံများကို မည်သည့် မီဒီယာ၊ website, blog မျိုးတွေမှာ သုံးခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး မူပိုင်ခွင့်ကို လေးစားစေလိုပါတယ်။

InLay Lake Pagoda

InnLay Lake ~ A Fresh Water Lake On Mountain

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)

Seagull @ Innlay Lake

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)

Seagull At InLay Lake (Inle Lake)




Related Posts

9 Comments so far »

  1. zip said,

    Wrote on December 29, 2010 @ 3:24 am

    The photos are so captivating! You are such a good photographer. It would be great if you could mention your camera setting for every one of your photos for newbie :)

    Like or Dislike: Thumb up 0 Thumb down 0

  2. Tun Tun said,

    Wrote on December 29, 2010 @ 8:32 am

    Never been there b4. You pic make me note this in my holiday destination list. Thank for sharing.

    Like or Dislike: Thumb up 0 Thumb down 0

  3. MrDBA said,

    Wrote on December 29, 2010 @ 8:33 am

    ပုံတွေ ကြိုက်တယ်။

    Like or Dislike: Thumb up 0 Thumb down 0

  4. KoZero said,

    Wrote on December 29, 2010 @ 12:54 pm

    Wow!… Very nice shot, Nyi… Good composition as well.

    Once I got chance, I’ll go definitely and thanks for ur share.

    Like or Dislike: Thumb up 0 Thumb down 0

  5. lapyae said,

    Wrote on December 29, 2010 @ 8:31 pm

    အရမ်းမိုက်တယ်…ဘာကင်မရာနဲ့ရိုက်ထားတာလဲ resolution တော်တော်ကောင်းတာပဲဗျာ့။

    Like or Dislike: Thumb up 0 Thumb down 0

  6. InLay Lake ~ Where Beautiful Sunset Exist « My Burmese Blog said,

    Wrote on December 30, 2010 @ 6:20 am

    [...] တင်ခဲ့တဲ့ အင်းလေး (InLe Lake) က ဓာတ်ပုံတွေ ရဲ့ အဆက်ကို ဒီနေ့ [...]

    Like or Dislike: Thumb up 0 Thumb down 0

  7. Htoo Tay Zar said,

    Wrote on December 30, 2010 @ 6:25 am

    @ Ko Zip ~ Bro, I will write Camera setting and Camera Angle that I took in second part bro. Thanks a lot for suggestion.

    @ Bro Tun Tun ~ Yes bro, I highly recommend to visit there. It’s is nice place to take photos. You can get more beautiful shot than my ones there.

    @ Bro DBA ~ Thanks a lot bro. =D

    @ Ko Zero ~ Thanks for comment bro. When you go there don’t forget to take some traditional foods at there bro.

    @ Lapyae ~ I use Canon 550D for those photos. Thanks

    Like or Dislike: Thumb up 0 Thumb down 0

  8. Utheinn said,

    Wrote on December 30, 2010 @ 10:57 am

    Nice Shots..!

    Like or Dislike: Thumb up 0 Thumb down 0

  9. Han Myo Htwe said,

    Wrote on January 19, 2011 @ 12:03 pm

    Mite tal…. nice shot……

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment:

*
= 5 + 8