The Guardian Eyewitness

The Guardian Eyewitness ဆိုတာ uk က နာမည်ကြီး Guardian သတင်းဌာနက ထုတ်တဲ့ iPad application ပါ။ သတင်းဓာတ်ပုံတွေကိုပဲ တစ်နေ့တစ်ပုံ အွန်လိုင်းကနေ အရောက်ပို့ပေးတဲ့ service ပါ။ High resolution ပုံတွေကို iPad screen ပေါ်မှာကြည့်ရတာ တကယ်ကို ကောင်းပါတယ်။ App က free ပေးပါတယ်။

ဓာတ်ပုံတွေက Guardian ကပဲ ရိုက်ထားတာပဲမဟုတ်ပါဘူး အခြား Reuters, AP, GettyImages စတဲ့ သတင်းဌာနတွေက ပုံတွေပါပါတယ်။ ပုံတွေက offline မှာလဲ ပြန်ကြည့်လို့ရပါတယ်။ ဓာတ်ပုံတွေအားလုံးက ဒီနေ့ ဖြစ်တဲ့ သတင်းမျိုးတွေ နောက်နေ့ တက်တာပါ။ ဥပမာ ကမ္ဘောဒီးယား မှာ လူအုပ်ပိပြီး ၄၀၀ နီးပါး သေတဲ့သတင်းဓာတ်ပုံမျိုးတွေ ဒေါ်အောင်ဆန်းစုကြည် ၁၄ ရက်နေ့ မိန့်ခွန်းပြောပုံကို ၁၅ ရက်နေ့မှာ တက်ပါတယ်။ နောက် ချီလီ မိုင်းတွင်းသတင်းတွေ၊ ဘရာဇီးက ဂိုဏ်းတွေ နှိမ်နင်းပုံတွေ အားလုံးက စိတ်ဝင်စားစရာ ကြည့်ပါပဲ။
အခုအောက်မှာကတော့ sample ပုံတွေ တင်လိုက်ပါတယ်။ အားလုံးကြိုက်ပါတယ်.. ပုံတွေမှာ သတင်းတိုစာလေးပါသလို flick လုပ်လိုက်ရင် photographer ရဲ့ သတင်းယူပုံ angle စတဲ့ photography tips လဲပါတာမို့ မှတ်သားဖွယ်ရာပါပဲ။ တစ်ခုပြောဖို့မေ့သွားပါတယ် ဒီမှာက Guardian ကို ဘန်းထားတာမို့ ပုံတွေ ကြည့်ချင်ရင် ကျော်ကြည့်မှ ရပါမယ်။ Guardian app က app store မှာ Reuters Gallery, Boston Big Picture app တွေလို မဟုတ်ပဲ offline လဲရတာရယ် ပုံတွေကလဲ ကောင်း app design လဲ ကောင်းတာမို့ စမ်းသပ်ကြည့်သင့်ပါတယ်။ ဓာတ်ပုံသတင်းထောက်တောင် လုပ်ချင်စိတ်ဝင်သွားနိုင်ပါတယ်။ တစ်ချို့ပုံတွေဆို သက်စွန့်ဆံဖျား ရိုက်ထားကြတာပါ သေနတ်တွေပစ်နေတဲ့ ကြားထဲတို့ ဆန္ဒပြနေတဲ့ ကြားထဲတွေမှာလဲ ပါပါတယ်။ Smoke bomb ကြဲနေတဲ့ထဲတွေကော နောက် မြန်မာနိုင်ငံနဲ့ ပတ်သက်တာမျိုးတွေလဲ ပါတတ်ပါတယ်။ Download လုပ်ပြီး နေ့စဉ်မနက်တိုင်းဖွင့်ကြည့်ဖို့ အတန်ဆုံး App လို့ ညွှန်းချင်ပါတယ်။ :D











exiter said,
Wrote on December 8, 2010 @ 11:41 pm
အဲလိုမျိုး android application တွေရှိရင်မိုက်တယ် … ရှာကြည့်အုံးမှ …
Like or Dislike:
0
0