How To ReNew Your Myanmar Passport

Burma Passport

အရင်​က How To Apply Myanmar Passport ဆိုတာ ရေး​ပြီး​တဲ့ နောက် ၃ နှစ်ကျော် အကြာ အခု​တစ်​ခေါက်​ကတော့ How to Renew Your Passport အကြောင်း​ဖြစ်​ပါ​တယ်။ ပြီး​ခဲ့​တဲ့ နှစ်​က ရုတ်​တ​ရတ် အစီ​အစဉ်​မ​ရှိ​ပဲ စင်​ကာ​ပူ ထွက်​သွား​တော့ သေချာ​မ​ကြည့်​ခဲ့​တာ​မို့ ပတ်​စ​ပို့ သက်​တမ်း​ကုန်​ခါ​နီး ရောက်​သွား​ဖြစ်​ပါ​တယ်။ တကယ်​တမ်း​တော့ ဟိုမှာ အကြာ​ကြီး​နေ​ဖို့​လဲ အစ​က အစီ​အစဉ်​မ​ရှိ​တာ​ကြောင့် ပါ⁠ပါ​တယ်။ သက်​တမ်း​တိုး​ရ​မယ်​ဆို​တော့ စင်​ကာ​ပူ မြန်မာ​သံ​ရုံး ၂ ခေါက်​လောက် သေချာ​အောင်​သွား​ကြည့်​တော့ နေ​ရ​တာ​နဲ့ မကာ​မိ​အောင် အခွန်​ေ​ငွ ပေး​ရ​မယ့်​ကိန်း​ဆိုက်​နေ​တာ​မို့ ရန်ကုန်​ပြန်​ပြီး သက်​တမ်း​တိုး​ဖြစ်​ပါ​တော့​တယ်။

ပထမ လန့်​နေ​သေး​တယ် ​ေ​ငွ​မ​ဆောင်​ပဲ မြန်မာ​ပြည်​ပြန်လာ​ရင် လေ​ဆိပ်​မှာ ရစ်​ခံ​ထိ​မယ်​ထင်​တာ ကံကောင်း​လို့ ဘာ​မှ​မ​ဖြစ်​ဘူး။ ဒီ​ကြား​ထဲ လက်​ကျန် ပတ်​စ​ပို့​က​လ​လေး​နဲ့ ဘန်​ကောက် ဘား​ကမ့် သွား​ဖြစ်​လိုက်​သေး​တယ်။ မြန်မာ​ပြည်​က ထိုင်း​သံ​ရုံး​က ဗီဇာ မ​ပေး​ဘူး​လုပ်​နေ​တာ အတော်​လေး​လုပ်​ယူ​လိုက်​တော့​မှ တုံး​ထု​ပေးလိုက်​တယ်။ ဒါ​တောင် ဟို​ဘက်​ကို သူ​တို့ အာမ​မ​ခံ​ဘူး​ဆို​လို့ လေ​ယာဉ်ပေါ် ဘုရား​တ​ရ​သေး​တယ် ကံကောင်း​ချင်​တော့ ဘန်​ကောက် လူ​ဝင်​မှု​ကြီးကြပ်​ရေး​က တုံး​ထပ်​ထု​ပေးလိုက်​လို့ လေ​ဆိပ်​က​နေ မြို့​ထဲ​ထွက်​ခွင့်​ရ​တော့​တယ်။

အဲ​ဒီ​က​နေ ရန်ကုန်​ပြန်​ရောက်​ပြီး​တဲ့ နောက် ပတ်​စ​ပို့​သက်​တမ်း​တိုး​ဖြစ်​ပြီး အခု​စာအုပ်​အသစ် ဘား​ကုတ်​နဲ့ လက်​ဝယ်​ပြန်​ရ​ပြီ​မို့ ကွ​ျန်တော်​ကြုံ​ခဲ့​ရ​တဲ့ သက်​တမ်း​တိုး​တုန်း​က အခက်​အခဲ​တွေ၊ ဘယ်​သူ့​မှ​မေး​လို့​မ​ရ​တဲ့ အဆင့်​တွေ​ကို ဘ​လော့ဂ်​မှာ ပြန်​ရေး​ဖြစ်​ပါ​တယ်။ ပြည်​တွင်း​မှာ စာအုပ်​အသစ်​သက်​တမ်း​တိုး​ဖို့ စဉ်းစား​နေ​သူ​များ လွယ်ကူ အဆင်​ပြေ​အောင်​ပါ။ မ​လို​သေး​လဲ ကွ​ျန်တော်​့​ဘ​လော့ဂ်​မှာ ရေး​ဖူး​တာ စိတ်​ထဲ​မှတ်ထား​ပြီး လို​တဲ့ အချိန် ပ​ရင့်​စာ​ရွက်​ထုတ်​ပြီး သွား​လုပ်​နိုင်​ပါ​တယ်။

1 ~ ပထမ​ဆုံး ပတ်​စ​ပို့​စာအုပ် သက်​တမ်း​တိုး​တော့​မယ်​ဆို​ရင် ကိုယ့်​စာအုပ်​ဖတ်​ပြီး တွက်​ကြည့်ပါ နိုင်ငံ​ခြား​မှာ ၃ လ​အထက်​နေ​ခဲ့​တယ်​ဆို အခွန်​ေ​ငွ​ဆောင်​ဖို့ လို​ပါ​တယ်။ အလည်​ပဲ​နေ​နေ၊ ပျော်​လို့​နေ​နေ၊ အလုပ်​နဲ့​ပဲ​နေ​နေ ပေး​ကို ပေး​ရ​ပါ​တယ်။ သွား​ခဲ့​တဲ့ ခရီး​တွေ​က တစ်​ကြိမ်​ထဲ​နဲ့ ၃ လ​လောက်​မ​ကြာ​ခဲ့​ဘူး​ဆို​ရင် ဆောင်​စရာ​မ​လို​ပါ​ဘူး။

2 ~ အမှန်​တော့ စာအုပ်​သက်​တမ်း​တိုး​တယ် လို့​သာ​ဆို​တာ​ပါ တကယ်​လုပ်​ရ​တဲ့ အဆင့်​တွေ​က စာအုပ်​ပထမ​ဆုံး စ​လုပ်​တုန်း​က​အတိုင်း​ပဲ ပို​လာ​တာ အဲ​ဒီ အခွန်​ဆောင်​ရ​တာ​တွေ​ပါ​ပဲ။ ၃ လ​အထက်​နေ​ခဲ့​တယ်​ဆို​ရင် အခွန်​ဆောင်​ဖို့ အရင်​လုပ်​ရ​ပါ​မယ်။ အဲ​ဒါ​က ကိုယ့် သန်းခေါင်​စာရင်း​ရှိ​တဲ့ မြို့​နယ် အခွန်​ရုံး မှာ​ပဲ ဆောင်​လို့​ရ​ပါ​တယ်။ အခွန်​ရုံး​က​နေ ၃ လ​အထက်​ပို​နေ​ခဲ့​တဲ့ လ​တွေ​ကို တစ်​လ​ကို ဘယ်လောက်​ဆို​ပြီး တွက်​ပါ​တယ်။ ကွ​ျန်တော်​ကြ​တော့ စင်​ကာ​ပူ​မှာ ကျော်​ခဲ့​တာ​ဆို​တော့ စင်​ကာ​ပူ​ေ​ငွ​နဲ့ လ​တွေ​ပြန်​ဆောင်​ရ​ပါ​တယ်။ မြို့​နယ်​အခွန်​ရုံး​မှာ အလှူ​ေ​ငွ​ပေး​ပြီး​တဲ့​နောက် သူ​တို့ တွက်​ပေးလိုက်​တဲ့ စာ​ရွက်​နဲ့ ​ေ​ငွ​ပမာဏ​ကို နိုင်ငံ​ခြား​ကုန်သွယ်​မှု့​ဘဏ်​မှာ ​ေ​ငွ​သွား​သွင်း​ရ​ပါ​တယ်။

3 ~ ​ေ​ငွ​ကို မြို့​လယ် ဗဟို​တရားရုံး​ဘေး​က နိုင်ငံ​ခြား ကုန်သွယ်​မှု့​ဘဏ်​မှာ ဆောင်​ရ​ပါ​တယ်။ မြန်မာ​ေ​ငွ​နဲ့ ပြန်​တွက်​ပြီး​ဆောင်​ရ​ပါ​တယ်။ ​ေ​ငွ​ကို အပြင်​က​ပေါက်​စျေး​နဲ့ တိုက်ရိုက်​တွက်​ဆောင်​လို့ မ​ရ​ပါ​ဘူး။ အပြင်​ထက်​ပို​လဲ ပေး​ရသ​လို ဘဏ်​က​နေ ​ေ​ငွ​ဆောင်​ပေး​တဲ့ ဘဏ်​အကောင့်​ပိုင်​ရှင် ကို​လဲ ​ေ​ငွ​ပေး​ရ​ပါ​သေး​တယ်။ အဲ​ဒါ​က ​ေ​ငွ​သွင်း​ပြီး ဘာ​လက်မှတ်​မှ​လဲ မ​ရ​ပဲ ၂​၄ နာ​ရီကျော်​လောက်​စောင့်​ရ​ပါ​တယ်။ ြ​ပြီး​ရင်​ရ​လာ​တဲ့ ​ေ​ငွ​သွင်း​ပြီး​ကြောင်း စာ​ရွက်​တွေ​ကို မိတ္တူ​ဆွဲထား​ပြီး မြို့​နယ် အခွန်​ရုံး​ကို ပြန်သွား​ရ​ပါ​မယ်။

4 ~ အခွန်​ရုံး​မှာ ​ေ​ငွ​ဆောင်​ပြီး​ကြောင်း စာ​ရွက်​ထပ်​ထုတ်ပေး​လိုက်​ပြီး​တဲ့ နောက် အဲ​ဒီ​စာ​ရွက်​နဲ့ သက်ဆိုင်​ရာ မြို့​နယ်​မှာ​ပဲ မြန်​မာ့ စီးပွား​ရေး​ဘဏ်​ကို သွား​ရ​ပါ​တယ်။ အဲ​ဒီ​မှာ ​ေ​ငွ​သွင်းခဲ့​ပြီး​ကြောင်း​စာ​ရွက်​ပေးလိုက်​ရင် သူ​တို့​က တုံ​ကင်​စာ​ရွက်​ပြန်​ထုတ်ပေး​ပြီး ၅ ရက်​လောက်​နေ​မှ ပြန်လာ​ခိုင်း​ပါ​တယ်။ ၅ ရက်​လောက် အဲ​ဒီ​ေ​ငွ သွင်း​ပြီး​ကြောင်း​စာ​ရွက်​လေး​ကို စီးပွား​ရေး​ဘဏ်​တွေ အဆင့်​ဆင့် တင်​သွား​ပြီး အဆင့်​ဆင့်​ပြန်​ကျ​လာ​တဲ့ အခါ ပြန်သွား​ယူ​ပါ။ စာ​ရွက်​ကို မိတ္တူ​ဆွဲ​ပါ။

5 ~ ပြီး​တော့​မှ ပန်းဆိုး​တန်း​က ပတ်​စ​ပို့ ရုံး​မှ ဖောင်​စတင်​ဖို့ လုပ်​ရ​ပါ​မယ်။ အပေါ်​က အဆင့်​တွေ​က နိုင်ငံ​ခြား​မှာ ၃ လ​အောက်​ပဲ နေ​ခဲ့​တဲ့​သူ​တွေ လုပ်​စရာ​မ​လို​ပါ​ဘူး။ အခု အဆင့်​က​နေ စ​လုပ်​ရ​မှာ​ပါ။ တကယ်​တော့ ဒီ​အဆင့်​တွေ​အားလုံး​က ပထမ​ဆုံး ပတ်​စ​ပို့ စ​လုပ်​တုန်း​က အတိုင်း​ပဲ ဘာ​မှ လျော့​လုပ်​ရ​တာ​မ​ရှိ​ပဲ ​ေ​ငွ​ပို​ဆောင်​ရ​တာ​သာ ကွာ​ပါ​တယ်။ ပထမ​ဆုံး ​ေ​ငွ ၃​၀⁠၀​၀ စ​သွင်း​ပြီး ဓာတ်​ပုံ ရိုက်​ခံ​ပါ။ ရ​လာ​တဲ့ စာ​ရွက်​နဲ့ အိမ်​ပြန်​ပါ​လေ။ နောက်​နေ့​မှာ ပြန်လာ​ပြီး ဓာတ်​ပုံ​ရွေး​ပါ။

6 ~ ဓာတ်​ပုံ​ရ​ရင် ရုံး ဒုတိယ​ထပ်​မှာ ဖောင်​ဝယ်​ပါ။ ဖြည့်​ပါ​လေ။ ဖောင်​ဖြည့်​တယ်​ဆို​တာ စာအုပ်​စ​လုပ်​တုန်း​က ဖောင်​ပါ​ပဲ ဘာ​မှ​မ​အဆန်း​မဟုတ်​ပါ။ ပြီး​ရင် ရုံး​အောက်​ထပ်​က ဘဏ်​မှာ ​ေ​ငွ ၃​၀⁠၀​၀​၀/ ပေး​ဆောင်​ပါ။ အဝါ​ရောင် ဘဏ်​ဖြတ်​ပိုင်း​ပေး​ပါ​မယ် ပြီး​ရင် အပေါ် တတိယ​ထပ်​မှာ နိုင်ငံ​ခြား​မှာ ၃ လကျော်​နေ​ခဲ့​သလား ​ေ​ငွ​ဆောင်​ဖို့ ကျန်​မ​ကျန် စစ်​တဲ့ နေရာ​ကို သွား​ရ​ပါ​မယ်။ ဒီ​နေရာ​မှာ အပေါ်​က ကွ​ျန်တော်​လို ဆောင်​မ​ထား​တဲ့​သူ​တွေ အပေါ်​က​အဆင့်​တွေ ပြန်​လုပ်​ရ​ပါ​မယ်။ နားလည်​မှု​တွေ​နဲ့ ညှိ​လုပ်​လို့​မ​ရ​ပါ​ဘူး။ ကွ​ျန်တော်​ကို​တိုင်​လဲ ဒီ​အဆင့်​အရင်​လုပ်​မိ​လို့ ​ေ​ငွ​ပြန်​ဆောင်​ရ​ပါ​တယ်။ တကယ်​လို့ ဆောင်​ပြီး​ပြီ​ဆို​ရင် တစ်​ဆင့်​ပြီး​သွား​ပါ​ပြီ။

7 ~ နောက်​ကတော့ အရင်​ကုန်​သွား​တဲ့ ပတ်​စ​ပို့​စာအုပ်​ကို တစ်​အုပ်လုံး မိတ္တူ ၂ စုံ ကူး​ပါ​ပြီး​ရင် တတိယ​ထပ်​က ဖောင်​စီ​တဲ့ နေရာ​မှာ ဖောင်​သွား​စီ​ပါ။ အဲ​ဒီ​မှာ စာအုပ်​အဟောင်း​ကို စာ​အိပ်​ထဲ​ထည့်​ချုပ်​ပြီး သိမ်း​ပါ​လိမ့်​မယ်။ ဓာတ်​ပုံ​တွေ​လဲ ကပ်​ပြီး ဖောင်​လဲ ဖြည့်​တာ​အကုန်​မှန်​ပြီ​ဆို တွဲ​ပေး​ထား​တဲ့ ဖောင်​တွေ​ကို ရုံး​အောက်​ဆုံး မြေ​ညီ​ထပ်​မှာ သွား​တင်​ပါ။ သူ​က မနက်​အစော​တင်ရင် နေ့​လည် ၁​၂ လောက်​ချိန်း​ပါ​တယ်။ ၁​၂ လောက်​မှာ ရုံး​အပေါ်​ဆုံး​ထပ် ၄ ထပ်​မှာ တုံ​ကင်​ယူ​ဖို့ အတွက် ကိုယ့်​နာမည်ခေါ်​တဲ့ အထိ​စောင့်​ပါ။ ရ​ပြီ​ဆို တုံ​ကင်​ရယ် လက်​ကျန်​ဖောင်​တွေ​နဲ့ အောက်​ဖက် တတိယ​ထပ်​မှာ လူ​ရှင်း​တဲ့ ကောင်​တာ​မှာ တင်​ပါ။ သူ​များ​တင်​တဲ့ ကောင်​တာ​လိုက်​တင်ရင် အချိန်​ကြာ​ပါ​တယ်။ ကောင်​တာ​တင်ရင်​သူ​က မှတ်ပုံတင်​မူရင်း၊ သန်းခေါင်​စာရင်း မူရင်း​နဲ့ စစ်​ပါ​တယ်။ ပြီး​ရင်​လက်ခံ​ထား​ရင် နောက် ၂ နာရီ​လောက် နာမည်ခေါ်​တဲ့ အထိ​စောင့်​ပါ။

8 ~ နာမည်ခေါ်​ပြီ​ဆို ကောင်​တာ​မှာ digital လက်​ဗွေ​နှိပ်စက်​မှာ လက်​ဗွေ​ပေး​ပါ။ Digital pen နဲ့ လက်မှတ်ထိုး​ပါ။ ပြီး​ရင် သူ​က ​ေ​ငွ​ကြေး​တစ်​စုံ​တစ်​ရာ​ပေး​ရန်​မ​လို​ဆို​တဲ့ ဆိုင်း​ဘုတ်​အောက်​က​နေ လူ​တိုင်း​ကို တစ်​ထောင်​စီ​တောင်း​ပါ​လိမ့်​မယ်။ ပေး​ပါ​ပြီး​ရင် စ​လစ်ခေါ် ကိုယ့်​ဓာတ်​ပုံ​နဲ့ အဖြူ​ရောင် ပ​ရင်​တာ​ထွက် စာ​ရွက်​လေး​ပေး​ပါ​မယ်။ နာမည်​တွေ အထီး အမ​တွေ မှတ်ပုံတင် စာအုပ်​အဟောင်း အဖေ နာမည်​တွေ မှန်​မ​မှန်​စစ်​ပါ။ မှား​ပြီး ထုတ်ပေး​တတ်​ပါ​တယ်။ မ​မှန်​ရင် ချက်ချင်း​ပြော​ပါ။ မှန်​ရင်​တော့ ယူ​ပြီး သိမ်းထား​ပါ။ အဲ​ဒီ​နေ့ အဖို့ ပြီး​ပါ​ပြီ။ အဲ​ဒီ​စာ​ရွက်​ကိုင်​ပြီး ၃ ပတ်​လောက် စောင့်​ရ​ပါ​မယ်။ ကြား​ထဲ​မှာ အောက်​က​အဆင့်​တွေ လုပ်​ထား​ပါ။

၉ ~ နောက်​တစ်​ခေါက်​ကတော့ အဲ​ဒီ စ​လစ်ခေါ် စာ​ရွက်​ကိုင်​ပြီး သန်းခေါင်​စာရင်း​ရှိ​ရာ မြို့​နယ် အခွန်​ရုံး​မှာ အခွန်​မှုး​နဲ့ တွေ့​ပါ။ ပြီး​ရင်​ထုတ်ပေး​မယ် ပုံစံ ၁​၇ စာ​ရွက်​ယူ​ပါ။ ပုံစံ ၁​၇ စာ​ရွက်​သက်​တမ်း​က ၂ လသာ​ခံ​ပါ​တယ်။ နောက် သန်းခေါင်​စာရင်း​ရှိ​ရာ ရက်​ကွက်​က လူကြီး​ဆီ​မှာ နေထိုင်​ကြောင်း လက်မှတ်​စာ​ရွက်​ယူ​ပါ။

၁​၀ ~ ပြီး​ရင်​တော့ ပန်းဆိုး​တန်း​က ပုံစံ ၁​၉ ရုံး​မှာ ပုံစံ ၁​၇ ကိုင်​ပြီး စာ​ရွက်​တွေ​ဖြည့်​ပါ။ နောက် အထဲ​က ဘဏ်​မှာ ​ေ​ငွ​သွင်း​ပါ။ ပြီး​ရင် နာမည်ခေါ်​ရင် ထ​ပြီး​စာ​ရွက်​ယူ​ပါ။ ပုံစံ ၁​၉ ထုတ်ပေး​ပါ​လိမ့်​မယ်။ ပုံစံ ၁​၉ က သက်​တမ်း ၆ လ​ခံ​ပါ​တယ်။ အဲ​ဒီ ၁​၉ စာ​ရွက်ရ​ပြီ​ဆို​ရင် စ​လစ်​စာ​ရွက်​နဲ့ အတူတူ​ကိုင်​ပြီး ပန်းဆိုး​တန်း ပတ်​စ​ပို့​ရုံး အောက်​ဆုံး​ထပ် လှေကား​ဘေး​က စာအုပ်​ထုတ်ပေး​တဲ့ နေရာ​မှာ သွား​ပေးလိုက်​ရင် ပတ်​စ​ပို့စ် စာအုပ် အသစ်စက်စက် ဘား​ကုတ် ဒီ​ဂျစ်​တယ်​စနစ်​ပါ​ပြီး​သား တစ်​ခု​ကို လက်​ဝယ်​ရ​ရှိ​မှာ ဖြစ်​ကြောင်း သတင်းကောင်း​ပါး​အပ်​ပါ​တယ်။

စာအုပ်​သက်​တမ်း​တိုး​တော့ မယ်​ဆို​ရင် အကြံပေး​ချင်​တာ​က ပိုက်ဆံ အကြွေ​များ⁠များ​ဆောင်​ထား​ပါ။ မိတ္တူ​ဖိုး အပြင် ဖောင်​ဖိုး​စ​တာ​တွေ ပေး​ရ​တဲ့ အခါ အကြွေ​လို​ပါ​တယ်။ ပို​ပေး​ရင် ပြန်​မ​အမ်း​ပါ။ နောက် ပတ်​စ​ပို့​ရုံး​က လွယ်အိတ်​တွေ မ​ပြော​နဲ့ ကွ​ျတ်​ကွ​ျတ်​အိပ်​တောင် ဆိုဒ်​ကြီး​ရင် ပေး​မ​သယ်​ခိုင်း​ပါ​ဘူး။ ဖြစ်​နိုင်​ရင် ဖိုင်​အကြည်​ကိုင်​သွား​ပါ။ ကုန်ကျ​စာရိတ်​အားလုံး​က တွက်​ကြည့်​ရင် နိုင်ငံ​ခြား​မှာ ဆောင်​တာ​ထက် ပိုက်​သက်သာ​ပေ​မယ့် ၁ လ​လောက်​ကြာ​တာ​ကတော့ ဆိုး​ပါ​တယ်။

ဒီ​နေ့​လို့ ဒီ​ဂျစ်​တယ်​ခေတ်​မှာ ဘာ​မဟုတ်​တဲ့ ကြိုး​နီ​စနစ်​က အချိန်​ကြာ​ပါ​တယ်။ လုပ်​ခဲ့​ရ​တဲ့ အထဲ စိတ်ပျက်​တာ​ကတော့ နိုင်ငံ​ခြား​ဘဏ်​မှာ ​ေ​ငွ​သွင်း​ရ​တာ​ပါ။ ကွ​ျန်တော်​က အစ​က​တည်း ပွဲစား​တွေ ကြည့်​မ​ရ​သူ​မို့ ကိုယ့်​ဖာ​သာ လုပ်​ပေ​မယ့် အဲ​ဒီ​မှာ ပွဲစား​မ​ပါ​လို့ မ​ရ​တော့​တဲ့ အခြေအနေ​ဖြစ်​သွား​တယ်။ နောက်ဆုံး အမေ မန်နေဂျာ​နဲ့ တွေ့​လိုက်​တော့​မှ အဆင်​ပြေ​သွား​တယ်။ ​ေ​ငွ​ဆောင်​တဲ့ နေရာ​မှာ အဲ​ဒီ ဘဏ်​မှာ ဆောင်​ခိုင်း​တာ ဘာ​သဘော​လဲ နား​မ​လည်​ပါ ဘဏ်​အကောင့်​ရှိ​တဲ့​သူ​လိုက်​ရှာ​ရ​တာ အဆိုး​ဆုံး​ပဲ။ အဆင်​မ​ပြေ​အောင်​များ စနစ်​တ​ကျ လုပ်​ထား​လေ​ရော့​သလား​ပဲ။ ပွဲစား​တွေ ဂွင်​ကောင်း​နေ​တော့​တာ​ပဲ။ အကြံပေး​ချင်​ပါ​တယ် ပြည်​တွင်း​မှာ​လုပ်​မယ်​ဆု​ိ ကိုယ့်​ဖာ​သာ​လုပ်​ပါ။ ဘာ​မှ​မ​ခက်​သ​လို ဘယ်​သူ​မှ​လဲ မ​ရစ်​ပါ​ဘူး။ ​ေ​ငွ​အပို​ပေး​ဖို့​လဲ မ​လို​ပါ မြို့​နယ် အခွန်​ရုံး​နဲ့ စ​လစ်​ထုတ်​တဲ့ နေရာ​က​လွဲ ရင်​ပေါ့​လေ။ ဘာ​ပဲ​ပြော​ပြော စာအုပ်​လက်​ထဲ​မှာ အသစ်​လေး​ရောက်လာ​တာ ဝမ်းသာ​ရ​တယ်။ စလုံး​က အရင် company ကော နောက်​အသစ် အချို့​ကော​ကွ​ျန်တော်​့ portfolio က​နေ​တစ်​ဆင့် စာပို့​ပြီး အလုပ်​ခန့်​ဖို့​ပြော​ပေ​မယ့် လောလောဆယ် အမေ​နား​ပဲ နေ​ချင်​သေး​တာ​ကြောင့် ပြည်​တွင်း​က​နေ​ပဲ ဘ​လော့ဂ်​ဖြစ်​နေ​ဦး​မှာ​ပါ။ ကျေးဇူး​ပါ။

Credit ~ Passport photo from Shwedarling

3 Comments

  1. Thuzar January 22, 2011

    Brother, do students also need to pay for taxes to renew passport?
    Can you tell me how much does it cost to renew passport , in Singapore and in Myanmar, in general?

    Like or Dislike: Thumb up 0 Thumb down 1

  2. Htoo Tay Zar January 22, 2011

    I am not sure about the tax fee for S’pore Myanmar embassy. If I’m not mistaken Student’s need to pay tax too. Just my guess, I think they would count your stayed months as 80S$ and they will extend your passport for just 1 year. If it is possible, you should renew it in Myanmar so that you can pay less and get new passport book with 3 Years to stay. Here you will have to pay 80S$ per month too but just that. No need to pay extra fee like extending at foreign embassy. Thanks

    Like or Dislike: Thumb up 0 Thumb down 2

  3. Nyan Min March 8, 2011

    I’ve just happened to read this one, as you know, most of the time I go online from cyber cafe, and it’s a lot more difficult to deal with firewall and myanmar 3 stuff.

    Anyway, thanks for this post because I’m going to do it for myself and right now I’m stuck at the paying tax part! But now I’ve got some idea.

    Like or Dislike: Thumb up 1 Thumb down 1

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 3 + 9