New Microsoft Surface is Awesome!!

Microsoft Surface 2 logo

US မှာလုပ်နေတဲ့ CES 2011 ပွဲမှာ Surface version 2.0 ကို​ ပြသွားတာပါ။ အရင် Surface version 1.0 (Code named Milan Tabletop) တုန်းကတော့ လူသိပ်စိတ်မဝင်စားကြပါဘူး။ အရင်က ရိုးရိုးကွန်ပျူတာကို ပက်လက်လှန် လက်နဲ့ တို့သုံးတာလို့ပဲ ထင်ကြတာကိုး။ အခုတစ်ခေါက်ကတော့ ထူးခြားပါတယ် ကွျန်တော်လဲ CNet Video ကြည့်ပြီး သဘောကျသွားတယ်။

Microsoft Surface 2

ဒီတစ်ခေါက်က Microsoft ပြတာဆိုပေမယ့် စက်က Samsung ထုတ် SUR40 လို့ခေါ်တာတွေ့ပါတယ်။ ၂၀၁၁ ထဲမှာ နိုင်ငံ ၂၃ နိုင်ငံ ဖြန့်ဖို့လုပ်ထားတယ်ပြောပါတယ်။ Red Bull, Fuji Film, Sheraton Hotels စတာတွေကနေလဲ အမှာရထားတယ်ပြောပါတယ်။ စက်ကို AMD Athlon II X2 သုံးထားပြီး Dual-Core Processor 2.9GHz, AMD Radeon HD 6700M GPU Direct X 11 သုံးထားတယ်လို့ ဆိုပါတယ်။ OS က 64bit version Windows 7 ပါတဲ့။ SDK for Surface 2.0 ကတော့ နှစ်ကုန်လောက်မှ ရမယ်ပြောပါတယ်။

ဒီတစ်ခါ စားပွဲက အရင်ကလို အတုံးလိုက် အတစ်လိုက်မဟုတ်တော့ပဲ ၄ လက်မ အထူနဲ့ အောက်ဘက်က အပေါက်သက်သက်ပါ။ HD 1080p 16:9 အချိုးနဲ့ပါ။ ကြည့်ရတဲ့ ဗီဒီယိုထဲမှာတော့ စတိဘောမာ ကြီးက လက်တွေ့လုပ်ပြပါတယ်။ အကြိုက်ဆုံးကတော့ PixelSense technology ပါပဲ။ စကရင်က multi-touch တင်မဟုတ်ပဲ စာရွက်တွေ နဲ့ အခြား ပစ္စည်းတွေ စားပွဲပေါ်တင်လိုက်တာအထိသိပါတယ်။ စာရွက်ပေါ်က စာကိုလဲ scan လုပ်သွားနိုင်တာကတော့ Screen နည်းပညာ အသစ်လို့ပြောလို့ရပါတယ်။ စျေးက US 7,600$ ပါတဲ့။ ဖဲဝိုင်း ဒိုင်ကိုင်ချင်သူများ လက်လွတ်မခံသင့်တဲ့ စက်ဖြစ်ပါတယ်။ :P

Microsoft Surface 2



Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 4 + 6