ဒီနေ့တော့ ပင်ပန်းနေလို့ ဘာမှမရေးနိုင်တော့ပဲ သီချင်းပဲ တင်ပါတော့မယ်။ သီချင်းက Oops!! I Did It Again လို့ခေါ်ပါတယ်။ ဒါနဲ့ပဲ Britney Spears ဆိုတယ်လို့တော့ မထင်ပါနဲ့။ အခြားသူဆိုတာ တင်မလို့ပါ Children Of Bodom ဆိုတဲ့ ဥရောပက Metal band ဆိုထားတာ တင်မှာပါ။ Version ပြောင်းထားပြီး Metal ပုံစံဆိုထားပေမယ့် နားထောင်လို့ ကောင်းနေဆဲပါ။
| Children Of Bodom – oops! i did it again .mp3 | ||
|
||
![]() | Found at bee mp3 search engine | ![]() |
ဒီလို Pop တွေ Dance (Disco) တွေကို Rock, Metal, Punk version တွေ ပြောင်းဆိုကြတာ ဘယ်ကစလဲတော့ မသိပေမယ့် Paul Gilbert ဟိုးအရင်ကတည်းက Spice Girls ရဲ့ 2 becomes 1 သီချင်းကို solo တွေထည့်ပြီး ပြောင်းသွားတာ နားထောင်ဖူးတယ်။ Britney Spears ရဲ့ အခြားသီချင်းတစ်ပုဒ်ကို Bowling For Soup ဆိုထားတာလဲ ရှိတယ်။ နောက် ကလပ်စစ်သီချင်းတွေ ကိုပြောင်းထားတာတွေလဲ ရှိသေးတယ်ခင်ဗျ။ ကြုံရင်တင်ပါဦးမယ်။ စကားမစပ် ပါ အခု ဆိုထားတဲ့ Children Of Bodom က Alexi Laiho ကိုင်တဲ့ ဂစ်တာလဲ လိုချင်ရင် ပင်နီဆူလာ ဘေးက မြေအောက်ထပ်မှာ စလုံး ၂ ထောင့်ခြောက်ရာဆိုလား သွားဝယ်လို့ ရပါတယ်။ အော်ရီချင်တယ် ဂစ်တာအမျိုးအစားပါ။ အခုကတော့ ဆိုလိုတွေ, double kit drum သံ နဲ့ မယ်တယ် ဂီတ တဖြစ်လဲ Oops! I did it again ပေါ့….
အော်……………. ကိုထူးတေဇာ…….
ရှိသေးတယ်ဗျ………………… COB ပြန် Cover လုပ်ထားတဲ့သီချင်းတွေ………..
ဥပမာ………….. Europe – The Final Countdown တို့ဘာလို့………..ရှိတယ်……..
ကြုံရင်တင်ပါဦး…………..
Like or Dislike:
0
0