Sneak Peak @ FaceBook Email Feature

HTZ on FaceBook

FaceBook ကနေ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကပဲ email ပို့လို့ရတဲ့ feature ကို အစမ်းသုံးဖို့ ကွျန်တော့်ဆီမှာ alert လာပြပါတယ်။ ဒီတစ်ခုက အရင်လတွေကတည်းက ပြောထားပြီးသား beta အနေနဲ့ invitation letter ရောက်တဲ့သူတွေ စမ်းသုံးလို့ရပြီးသားပါ။ ကွျန်တော်လဲ အရင်စပြီး announce လုပ်ကတည်းက အီးမေးပို့ပြီး beta tester လုပ်ဖို့ ပြောထားပေမယ့် အခုမှရပါတယ်။ အခုရတာက ယူဇာ အားလုံးရတာလား invite လုပ်ထားတဲ့သူပဲ ရသေးတာလားတော့ မသဲကွဲသေးပါ။ သူငယ်ချင်းတစ်ယောက်က သူမှာမရဘူး ပြောပါတယ်။

FaceBook Email Feature

FaceBook Email ကို အရင်က သုံးခဲ့တဲ့ Messages ထဲမှာပဲပေါင်းထည့်ပေးထားပါတယ်။ သူက အခြား email တွေကနေ ပို့တဲ့ အဝင်စာလဲလက်ခံလို့ရပါတယ် ဥပမာ Gmail ကနေပို့တဲ့စာလဲ ရပါတယ်။ ကိုယ်ကနေလဲ Gmail လိုမျိုးတွေကို ပြန်ပို့လို့ရတယ်။ ကောင်းတာတစ်ခုက email ပို့လာတဲ့သူက FaceBook မှာ သူငယ်ချင်းဖြစ်ပြီးသားဆိုရင် Friends အောက်ထဲထည့်ပြီး အခြားသူဆို Others ထဲ ထည့်သွားတာပါ။ အီးမေးလ် အတွက် ID ကတော့ ရွေးလို့မရပါဘူး FaceBook name ကိုပဲ တစ်ခါထဲယူသုံးထားပါတယ်။ ကွျန်တော့်မေးဆို FaceBook နာမည်အတိုင်း htootayzar (အတ်) facebook.com အဖြစ်နဲ့ ရပါတယ်။

FaceBook Email Feature

အခြားဆို message ကို phone sms text အဖြစ်နဲ့ ပို့ပေးတဲ့ service တွေလဲရှိလာပေမယ့် ရှာကြည့်တော့ ထင်ထားတဲ့အတိုင်း မြန်မာနိုင်ငံမပါပါဘူး။ စိတ်ဓာတ်ကျသွားတာက ထိုင်းလဲရတယ် စင်ကာပူ၊၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ်ဘောဒီးယား၊ ပါကစ္စတန် နဲ့ ဘာမှဟုတ်တဲ့ အာဖဂန်နစ်စတန် တောင်ပါသေးတယ်။ အပစ်ပြောလို့တော့ မရဘူး ဒီမှာက မိုဘိုင်းဖုန်းတွေက စျေးက ဘယ်မှာမှမကြားဖူးတဲ့ စျေးနဲ့ဝယ်ရတဲ့ အပြင် GSM, CDMA, WCDMA, SCDMA, McWill စတဲ့ standard အစုံကို စျေးမျိုးစုံထုတ်ရောင်းတဲ့ အပြင် CDMA မှာတောင် MHz အမျိုးမျိုးနဲ့ ထုတ်ရောင်းတာဆိုတော့။ ထားပါလေ အခုကတော့ ကိုယ့် Gmail ကို ပြန်ပို့ကြည့်တော့ ပုံမှာပြထားသလို မြင်ရတယ်။ တော်တော် အဆင်ပြေတာပဲ။

HTML Newsletter in FaceBook Messages

Personal ဆိုနောက် FaceBook mail ပဲသုံးဖြစ်တော့မယ်ထင်တယ်။ တစ်ခုပဲ FaceBook iPhone app ကတော့ update လုပ်ပေးရတော့မယ်။ ဖြစ်နိုင်ရင် iPad ရမယ့် universal app လိုနေပြီ။ အခုစမ်းကြည့်တာတော့ စာပို့တာကော အဝင်ကောစမ်းကြည့်တယ် အဆင်ပြေပါတယ်။ နောက် သေချာအောင် Newsletter HTML email ပို့ကြည့်တာလဲ အလုပ်လုပ်ပါတယ်။ တစ်ခုပဲ HTML နဲ့ဝင်လာရင် တန်းမပြပဲ expand လုပ်ခိုင်းမှ lightbox နဲ့ တက်လာတာတော့ သဘောမကျဘူး။ ဘာပဲပြောပြော အသုံးဝင်တဲ့ feature တစ်ခုမို့ ကြိုဆိုပါတယ်။


3 Comments

  1. winkabar January 11, 2011

    hey bro,
    which unicode font are you using? I think I’ve installed a lot of font, but still can’t read. Even I can read saturngod’s blog now.

    Like or Dislike: Thumb up 0 Thumb down 0

  2. Htoo Tay Zar January 11, 2011

    @ Winkabar ~ It is because of my blog sister. Now fix it and can you see it Right? :D

    Like or Dislike: Thumb up 0 Thumb down 0

  3. winkabar January 11, 2011

    YES!! yay,, now I can read :D

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 4 + 8