
TinEye ဆိုတာက Reverse Image Search ပါ။ ဒီ Search က အခြား Google Image search လိုမျိုးတွေနဲ့ ဘာကွာလဲဆိုတာ မေးစရာရှိပါတယ်။ ဥပမာ ပြောရရင် မိတ်ဆွေမှာ ဓာတ်ပုံ150×150 ဆိုဒ်ပုံလေးရှိတယ် အဲဒီပုံကိုပဲ အကြီးကြီးလိုချင်တယ် အဲဒီပုံတင်ထားတဲ့ ဆိုဒ်ကို မမှတ်မိတော့လို့ ပြန်ရှာချင်တဲ့ဆိုရင် အသုံးဝင်လာပါပြီ။ သူမှာ ဓာတ်ပုံဖိုင် upload လုပ်လို့ရပြီး အဲဒီ TinEye ကနေပဲ ပုံတူတွေ၊ ခပ်ဆင်ဆင်တူတွေကို ရှာပေးပါလိမ့်မယ်။ ဓာတ်ပုံမတင်နိုင်တောင် url ထည့်ပြီးလဲ ရှာလို့ရပါသေးတယ်။
တစ်နေ့ကတင်ခဲ့တဲ့ Wikipedia logo မှာ မြန်မာစာပါတယ်ဆိုတာ တင်တုန်းကဆို ကွျန်တော် အဲဒီ လိမေ္မာ်ရောင် လိုဂိုပုံသေးလေးပဲရှိပြီး မူရင်းဆိုဒ်ကို မမှတ်မိတော့ပါဘူး။ ဘလော့ဂ်မှာလဲ ဖတ်တဲ့သူ ကလစ်နှိပ်တာ မနှိပ်တာ အပထား မူရင်းဆိုဒ်ကိုလဲ ညွှန်းချင်သေးတာနဲ့ TinEye မှာ သွားရှာပြီး မူရင်းဆိုဒ်ကို ပြန်တွေ့ပါတယ်။ ဒီဆိုဒ်က Reverse Image search ဆိုတော့ အဲဒီလိုပုံရှာရုံတင် မဟုတ်ပဲ မိတ်ဆွေကိုယ်တိုင်ရိုက်၊ ကိုယ်တိုင်ဖန်တီးထားတဲ့ ဒီဇိုင်းတွေ ဘယ်သူတွေ ယူသုံးနေတယ်ကိုပါ စစ်လို့ရတာပေါ့။ တစ်ချိန်မဟုတ် တစ်ချိန်တော့ အသုံးဝင်မှာပါ။ စမ်းကြည့်ပြီးရင်လဲ ကြိုက်သွားမှာပါလို့ ညွှန်းလိုပါတယ်။
အကိုရေ ဖတ်လို့မရဘူးဗျ…uniinnwa,myanmar3 ထည့်ထားတာကိုမရတာ…တစ်ချို့ဆိုဒ် တွေတော့ဖတ်လို့ရသွားတယ်……unicode ဘယ်နှစ်မျိုးရှိလဲမသိဘူး….အကုန်ထည့်ထားရမှာလား…… unicode နဲ့ရိုက်ရင် အကိုရေ ကို ‘အကိုရေ” လို့ဖြစ်နေတယ်…ပြောင်းသုံးချင်တယ်..ကူညီပါအုံး….firefox setting ပါပြောပြပေးပါ…
Like or Dislike:
0
0