Vote for Blog Banners Of 2010
တစ်နှစ်တစ်နှစ် အကုန်မြန်လိုက်တာ အခုပဲ ဇန်နဝါရီတောင် ကုန်ပါတော့မယ်။ ဒါနဲ့ သတိရပေမယ့် မအားလို့ မတင်ဖြစ်သေးတဲ့ ၂၀၁၀ ခုနှစ်မှာ သုံးခဲ့တဲ့ ဘလော့ဂ် ဘန်နာတွေ ပြန်တင်ဖြစ်ပါတယ်။ ၂၀၁၀ ထဲမှာ ဘန်နာ ၁၈ ခုသုံးဖြစ်ခဲ့ပါတယ်။ ဒီအတိုင်း စိတ်ကူးပေါက်ရင်လဲ ဒီဇိုင်းဆွဲပြီး အသစ်ပြောင်းသလို ရက်တစ်ခုခု ထူးခြားတာရှိရင်လဲ ပြောင်းဖြစ်ပါတယ်။
နှစ်တိုင်း သုံးခဲ့တဲ့ ဘလော့ဂ်ဘန်နာတွေ ပြန်ကြည့်ရင် အဲဒီနှစ်က ကိုယ်ဘယ်လို ဒီဇိုင်းတွေ အားသန်လဲဆိုတာ ပြန်ခန့်မှန်းလို့ ရမိပါတယ်။ ဘလော့ဂ်မှာ ဘန်နာအမြဲလိုလို ပြောင်းတာကလဲ ဘလော့ဂ်စရေးကတည်းကဆိုတော့ အကျင့်လိုကိုဖြစ်နေပါပြီ။ နောက်လဲ ပြောင်းဦးမှာပါပဲ။ ဒီနှစ်ထဲ မြန်မာဘလော့ဂ်ကို ဒီဇိုင်းအသစ်ပြောင်းဖုိ့ ရှိပေမယ့် ဒီဇိုင်းအသစ်မှာလဲ ဒီဘန်နာကို ပြောင်းလို့ ရမယ့် ပုံစံမျိုး မရရအောင်ထည့်ဆွဲမယ့်လို့ စိတ်ကူးထားပါတယ်။
၂၀၀၉ ခုနှစ်က ဘန်နာ ၁၃ ခုပဲလဲနိုင်ခဲ့တော့ ၂၀၁၀ ကမဆိုးဘူးလို့ ပြောလို့ရတယ်။ ၂၀၀၈ တုန်းကတော့ ၁၈ ခုလဲခဲ့တာဆိုတော့ အတူတူပဲ။ ဒီနှစ်က ဘန်နာတွေကိုတော့ အောက်မှာ ပုံအကြီးတွေနဲ့ တင်လိုက်ပါတယ်။ ကြည့်ပြီးသွားရင် ဟိုးအောက်ဆုံးမှာ poll လေးပါသေးတာမို့ ကြိုက်တဲ့ ဘန်နာတွေကို vote လုပ်ပေးခဲ့ပါဦး။ RSS feed ကနေ ဖတ်ရင်တော့ မြင်ရပါ့မလား မပြောတတ်ဖူးခင်ဗျ။ Google Reader ထဲမှာ မမြင်ရဖူးဆိုရင်တော့ ဒီလင့်ခ် http://poll.fm/2na27 မှာ လုပ်ပေးလို့ရပါတယ်။ အကယ်ဒီမီပေးပွဲတွေ အော်စကာပေးပွဲတွေကြားမှာ ဘက်မလိုက်ပဲ ကြိုက်ရာကို အားရပါးရ တစ်ခုမက မဲပေးလို့ ရပါတယ်။ ကွျန်တော်လဲ ဘယ်ပုံတွေ လူကြိုက်များလဲ ဆိုတာသိချင်ပါတယ်။ အရင်နှစ်တွေက ဘန်နာတွေကိုတော့ အောက်ဖက်က လင့်တွေမှာ ပြန်လည် ကြည့်ရှုနိုင်ပါတယ် ကျေးဇူးပါ။
Life In Colors

Chromatic

Single Awareness Day 2010

Earth Hour 2010

Whatsoever

Final Frontier

Happy New Year Thin Gyan

Green Blog

Folding The Colors

Red Banner

Designer’s Palette

Cloudy Moon

Blog Day 2010

Blog Action Day 2010

Vintage

AIDS Day

Christmas

Happy New Year 2011

Last Year Banners
Vote For Best Banner Of 2009
Vote For Best Banner Of 2008
Vote For Best Banner Of 2007

