လွန်ခဲ့တဲ့ အပတ်က ၅ သိန်းတန် CDMA ဖုန်းအတွက် EVDO သွားလျောက်ဖြစ်ပါတယ်။ ၅ သိန်းတန် ဒေါ်လာ ၅၀၀ တန် ဖုန်းက မြန်မာပြည်မှာ လက်ရှိ ၃ မျိုးရှိပါတယ်။ CDMA 800 MHz ခေါ် ရန်ကုန်ဖုန်း ရှိတယ်၊ CDMA 450 MHz ခေါ် နေပြည်တော်ဖုန်းရှိတယ်၊ နောက် ၅ သိန်းတန် GSM ဆိုတာလဲ ရှိသေးတယ်။ အဲဒီထဲကမှ 800 MHz အတွက် လျောက်တာပါ။ နောက်လူများ အင်တာနက် လျောက်မယ်ဆို လွယ်အောင် steps တွေ အခုတင်ထားလိုက်ပါတယ်။
ပထမဆုံး သက်ဆိုင်ရာဖုန်းလျောက်တုန်းက မြို့နယ်ရဲ့ ဆက်သွယ်ရေးရုံးကို သွားရပါတယ်။ သူက လေး၊ ငါးမြို့နယ်ကို ဆက်သွယ်ရေးရုံးတစ်ခု သတ်မှတ်ပေးထားတာပါ။ အဲဒီမှာ ဖုန်းလျောက်တုန်းက စာချုပ်မူရင်း၊ နောက် ဓာတ်ပုံ ၂ ပုံလိုပါတယ်။ ဖောင်ဖိုးတစ်ထောင်နဲ့ ဘာမှန်းမသိတဲ့ဖိုး ၅၀၀ ပေါင်း ၁၅၀၀ လောက်ပေးပြီး ဖောင်ဖြည့်ပါ ။ နောက် CDMA SIM card ကို ထုတ်ကြည့်ပြီး အဲဒီက code number တွေ ဖောင်မှာ ဖြည့်ပါ ပြီးရင် အဲဒီက ရုံးပိုင်လားတော့ မသိ စာတွေစစ်ပြီး ေငွသွင်းဖို့ ပန်းဆိုးတန်းသွားခိုင်းပါလိမ့်မယ်။
ေငွသွင်းဖို့က ပန်းဆိုးတန်း အောက်ဘလောက်မှာ ရှိတဲ့ ဘဏ် ၂ ကို သွားရပါမယ်။ ဘဏ် ၁ နဲ့ ကပ်ရပ်ဖြစ်ပါတယ်။ အဲဒီမှာ ပိုက်ဆံသွင်း နောက် ချလံ ယူပြီးရင်း အစောပိုင်းက ဖောင်ဝယ်ခဲ့ရတဲ့ သက်ဆိုင်ရာ ဆသရ ရုံးကို ပြန်သွားပါလေ။ အဲဒီမှာ ဘာမှန်းမသိတာတွေ လုပ်ပေးပါလိမ့်မယ်။ နာမည်ခေါ်ရင် ရလာတဲ့ စာရွက်နဲ့ အလုံကို သွားရပါမယ်။
ဆသရ ကရလာတဲ့ စာရွက်တွေနဲ့ အလုံ exchange ရုံးမှာ ဖောင်ဖြည့်ပြီး လက်ရှိ ရပြီးသား CDMA SIM card ကို ပလပ်စတစ်အိပ်လေးထဲထည့် ဖောင်နဲ့တွဲပြီး တင်ထားပါ။ နောက် ၁ နာရီကျော်လောက် အဲဒီမှာ ထိုင်စောင့် ပြီးနာမည် ခေါ်တဲ့ အခါ SIM Card အသစ်ကို ယူလို့ရပါပြီ။ အခုရေးထားတာ စာအနေနဲ့ တိုပေမယ့် တကယ်တမ်းလုပ်ရင် နေပူကြီးထဲမှာ လူတန်းစီရ စောင့်ရနဲ့ တစ်နေကုန်ပါတယ်။ SIM card ရပြီး နောက်နေ့မှာ ဖုန်းပြန်ပြောလို့ ရပါမယ်.. နောက် ထပ် ၄၈ နာရီလောက်ကြာရင်တော့ EVDO Internet ရပါပြီ။
ပြောရရင် ခေတ်မှီဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင် လူ့စွမ်းအားတွေကို ဒီလို ဘာမဟုတ်တဲ့ ကိစ္စနဲ့ တစ်နေကုန်ရတာ နှမြောဖို့ ကောင်းပါတယ်။ စင်ကာပူတုန်းက ဖုန်း 3G ပါအပါအဝင်လျောက်တုန်းက အကိုလျောက်ပေးတာ ၁၅ မိနစ်အတွင်း SingTel မှာ ရလိုက်ပါတယ်.. ဘန်ကောက်မှာတုန်းကလဲ ကိုမျိုးကျော်ထွန်း EDGE Internet လုပ်ပေးတာ texi စီးရင်းလုပ်ပေးသွားတာ ကားပေါ်ကနေ အောက်မဆင်းခင်ရပါတယ်။ ကွျန်တော်တို့ဆီမှာတော့ တစ်နေကုန်တယ်.. နောက် ပိုက်ဆံယူပုံကလဲ data usage နဲ့ မဟုတ်ပဲ မိနစ်နဲ့ ဖြတ်ယူပါတယ်။ ဒါမျိုးက အင်တာနက် ကျချင်ကျနေမယ် ပိုက်ဆံတော့တွက်နေမယ့် သဘောပဲ။
လွန်ခဲ့တဲ့ ၂ ရက်က MRTV က သတင်းမှာ ကြေငြာတာတစ်ခုတွေ့ရတယ် လွှတ်တော်အမတ် တစ်ယောက်က မြန်မာနိုင်ငံမှာ ဖုန်းတွေ စျေးအရမ်းကြီးနေပြီး ဖုန်းအမျိုးအစားတွေလဲ များနေကြောင်းနဲ့ သူများနိုင်ငံတွေလို လူတိုင်းသုံးနိုင်တဲ့ စျေးဖြစ်အောင် လုပ်ပေးဖို့ လွှတ်တော်မှာ အဆိုတင်တာတွေ့တယ်။ သက်ဆိုင်ရာ ဆက်သွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံမှာ ဖုန်းဘယ်လောက်ချပေးထားပြီး လူဘယ်နှယောက်သုံးတယ်ဆိုတာတွေ ပြောပြီး လူတိုင်း ဖုန်းကိုင်နိုင်ဖို့ တစ်ဆင့်ခြင်းလုပ်နေတဲ့ အကြောင်းရှင်းပြသွားတယ်။
ကွျန်တော်တို့ဖုန်းလိုင်းေငွသွင်းရတာ ဒေါ်လာ ၅၀၀ ကျော်သွင်းယူရတာပါ ဒါတောင် သူများနိုင်ငံတွေလိုမဟုတ်ပဲ အိမ်ထောင်စုစာရင်းတွေကော မိတ္တူတွေကောအစုံပဲ ပါရသေးတယ်။ သူများနိုင်ငံတွေထက် စျေးအရမ်းကြီးပါတယ်။ အခုချိန်က ဒီမိုကရေစီ ကူးပြောင်းမယ်လို့ တရားဝင်ကြေငြာထားတဲ့ အချိန်ပါ။ အစိုးရ အဖွဲ့ အစည်းတစ်ရပ်ဟာ ပြည်သူကို အလုပ်အကွျေးပြုဖို့ က အရေးအကြီးဆုံး အချက်ပါ ပြည်သူတွေကို လွယ်အောင် ကိုယ်တိုင် လုပ်မပေးနိုင်ရင် လုပ်ပေးနိုင်မယ့် အခြား ပုဂ္ဂလိကကို လွှဲပေးလိုက်ပါ လို့ အကြံပြုချင်ပါတယ်။
ဒီစာကိုဖတ်နေမယ့် သူထဲမှာ ဘလော့ဂ်တွေစောင့်ကြည့်ဖို့ တာဝန်ယူထားရတဲ့ ပုဂ္ဂိုလ်တွေလဲပါမှာပါ စဉ်းစားကြည့်ပါ မိတ်ဆွေတို့ မိသားစုဝင်တွေလဲ ဖုန်းအလကားရနေတာမဟုတ်ပါဘူး ကိုယ်က ပိုင်တယ်ဆိုပြီး အလွယ်ရလိုက်ပေမယ့် မိတ်ဆွေတို့ သားသမီးတွေ မျိုးဆက်တွေကြရင် မိတ်ဆွေတို့လို့ VIP ဖြစ်ချင်မှ ဖြစ်တော့မယ် အဲဒီအခါရောက်ရင် သူတို့ မပင်ပန်းပဲ လုပ်လို့ ရနိုင်မယ့် စနစ်တွေကို ကိုယ်ချင်းစာစိတ်တွေနဲ့ ပြောင်းလဲဖို့ လိုနေပြီဆိုတာ စဉ်းစားသင့်ပါကြောင်း ဒီနေရာကနေ ပြောလိုပါတယ်။
Ditto.
Like or Dislike:
0
0
မိမိတို့ ဝန်ကြီးဌာနအနေနဲ့ တပ်မတော် အစိုးရလက်ထက် ၁၉၈၈ နောက်ပိုင်းတွင် တောရော မြို့ပါ မကျန် တယ်လီဖုန်းအလုံးရေများ အလျဉ်းသင့်သလို တိုးမြှင့် ချထားပြီး ဖြစ်ကြောင်း၊ နောင်တွင်လဲ ပြည်သူလူထုများ အဆင်ပြေ ချောမွေ့အောင် ဤဝန်ကြီး ဌာန အနေနဲ့ တဆင့်ချင်း အဆင့်တိုးမြှင့် ဆောင်ရွက်နေတဲ့ အတွက် လူကြီးမင်း တေဇာရဲ့ တောင်းဆိုမှုအား ပြန်လည်ရုပ်သိမ်းပေးစေလိုကြောင်း ပြောကြားလိုပါတယ်။
Well-loved. Like or Dislike:
4
1
Hi Ko Htoo,
Can you clarify for some question I have?
After you changed the sim card for internet, can you directly connect from your laptop to CDMA and connect to Internet? Is it depend on the Handset or is there any third party hardware need to involve? Thanks Nyi.
Like or Dislike:
0
0
@ Bro Thet ~ Hello Bro, yes bro it is depend on handset. In Myanmar, most of CDMA 800MHz handset cannot use EVDO directly in phone and can’t even use as modem to connect laptop. Till now I only know that Huawei C8500, C8600 and one Samsung phone can only use Internet in phone directly. That 3 phones can use as internet modem to use with laptop too. Huawei C8500, C8600 are Android OS based and running version 2.1. Can upgrade it up to 2.2.1. But I don’t know about Samsung handset. Let me know if there’s some more question. I would like to help. Thanks
Well-loved. Like or Dislike:
3
1
ညီလေး ခုနောက်ပိုင်းမှ CDMA 800 ၀ယ်တဲ့သူတွေက EVDO တစ်ခါတည်း ပါပြီးသားလို့ ပြောကြတယ်။ ဒါမှမဟုတ် ထက်ပြီးကတ်လဲရသေးလား။ နောက်ပြီး Laptop နဲ့ EVDO အသုံးပြုပုံလေးတွေ ရေးနိုင်ရင်ရေးပါအုံး။
Like or Dislike:
0
0
Thanks Nyi. If the model is not supported. is there any third party hardware we can easily buy in Yangon? Please advise.
Like or Dislike:
0
0
@MDP ~ Hello Bro, I’m not sure they did already activated EVDO with CDMA SIM. I didn’t heard that too most likely they will still doing the same way as usual to get more money from customers. Ok bro I will test and write about how to use with laptop soon bro Thanks.
Like or Dislike:
0
0
@ Bro Thet ~ Yes bro, there’re some CDMA EVDO modem which is available in Yangon computer markets. Price will be around 30000K and really look like usb thumb drive.
Like or Dislike:
1
0
Thanks again Nyi. This really help my question
Like or Dislike:
0
0
I am planning to buy a decent better phone to use with my CDMA phone. Is it possible to use it on HTC PRO which is a CDMA 800 based device ? I am curious when I use the CDMA on my Huawei I see the 3g signal. HTC TOUCH PRO EVDO .
Like or Dislike:
0
0
@ Taihei Miyagi ~ Bro, I just checked now that HTC PRO is just GSM phone so that means it will not work with CDMA EVDO internet. 3G itself doesn’t mean it’s GSM network bro. 3G is also available on both GSM and CDMA too. As far as I know, Huawei is C8500, C8600 is the suitable phones for the CDMA EVDO bro. Thanks
Like or Dislike:
0
0