နောက်ကျနေပြီ ဆိုပေမယ့် တင်ချင်သေးလုိ့ ထပ်တင်ပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ Twitter.com က သက်တမ်း ၅ နှစ် ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီလို ၅ နှစ်ပြည့်မှာ ထူးထူးခြားခြား အနေနဲ့ discover.twitter.com ဆိုပြီး page ဆောက်ထားပြီး ဗီဒီယို အတိုလေးတစ်ခုလဲ တင်ထားတာမို့ ဘလော့ဂ်မှာ ကြည့်ရအောင် ပြန်တင်လိုက်ပါတယ်။ အာကသထဲမှာတောင် twitter သုံးကြတယ်ဆိုတော့ Alien တွေလဲ အကောင့်မရှိဘူးလို့ မပြောနိုင်ဘူး
နောက် ဗီဒီယို တစ်ခုလဲ တင်လိုက်ပါတယ် အဲဒါကတော့ Twitter Co-Founder Biz Stone နဲ့ Conan O Brian တို့ ရဲ့ ၅ နှစ်ပြည့် အင်တာဗျူးဖြစ်ပါတယ်။ ရှုစားကြပါဦး။