30 Apr, 2011

ဒီဘက်လတွေမှာ ရှိတဲ့ ကင်မရာလေးနဲ့ ဗီဒီယိုတော်တော်များများ ရိုက်ဖြစ်ပါတယ်။ မှတ်တမ်းသဘောမျိုး တွေ့ရာလျောက်ရိုက်တာပါ။ အဲဒါတွေ တင်ဖို့ အတွက် Vimeo.com ကို သုံးရင်း ရလာတဲ့ အတွေ့အကြုံတွေ ပြန်ရှဲပါတယ်။ Vimeo ဟာ ပြည်တွင်းကလူတွေ အတွက် အတော်အဆင်ပြေတဲ့ video sharing ဆိုဒ်ပါ။ YouTube က ကောင်းပေမယ့် ban ခံထားရလို့ တင်ဖို့ မလွယ်သလို ပြည်တွင်းကလူတွေ ကြည့်ဖို့ မလွယ်ပါဘူး။
Read the rest of this entry »
29 Apr, 2011

Canon ဆိုဒ်မှာ lens တွေ ကင်မရာတွေ အကြောင်းဝင် ဖတ်ရင်းတွေမိတာလေး တင်တာပါ။ Canon 5D Mark II full frame camera ရဲ့ brochure မှာ အင်းလေးမှာ ရိုက်ထားတဲ့ ပုံတွေ့မိလို့ပါ။ ဘာမှတော့ မထူးဆန်းပေမယ့် မြန်မာနိုင်ငံမှာ အင်းလေး၊ ပုဂံ နဲ့ မန္တလေး မြို့တွေဟာ နိုင်ငံတကာက ကင်မရာသမားတွေ ကြားမှာ နာမည်ကြီးတာ သတိထားမိပါတယ်။ အခြား မြန်မာနိုင်ငံမှာ ရိုက်စရာ သဘာဝ အလှတွေ အများကြီးရှိသေးပေမယ့် သွားရေးလာရေးခက်ခဲလို့ သိပ်မသိကြသေးတာများပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် မြိတ်ဘက်က ကွျန်းစုတွေ သွားရိုက်ချင်နေပါတယ်။ နောက် အရှေ့တောင် အာရှရဲ့ တစ်ခုတည်းသော ရေခဲတောင် ခါကာဘိုရာဇီ လဲ ရှိသေးတယ်။ အခုကတော့ အင်းလေးကပုံပါ.. မကြည့်ရသေးရင် ကွျန်တော်ရိုက်ထားတဲ့ အင်းလေး ဓာတ်ပုံတွေလဲ ကြည့်လို့ ရပါတယ်။
28 Apr, 2011

မြောက်ဦးမြို့ ကိုရောက်တုန်းက မြို့ထဲကနေ တောင်ဘက်ကို ချောင်းတစ်ခုကူးသွားရင် တောင်ပေါ်မှာ တည်ထားတဲ့ ဘုရားတစ်ဆူရှိပါတယ်။ အဲဒီ ဘုရားမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ရခိုင် နဲ့ မြန်မာ စာလုံးတွေရဲ့ ပြောင်းလဲလာပုံ အဆင့်ဆင့်ကို ပြထားတာတွေ့ခဲ့ရတာကြောင့် ဓာတ်ပုံရိုက်ထားဖြစ်ပါတယ်။ အခုကတော့ အခြား လေ့လာချင်တဲ့သူတွေ သုံးရအောင် ဘလော့ဂ်မှာ ပြန်တင်တာပါ။ စာတွေလဲ အသေးစိတ် ဖတ်လို့ရအောင် 2000px width နဲ့ ဖိုင်အကြီး တင်ထားပါတယ်။ အပေါ်က ပုံကို ကလစ်နှိပ်ပြီး ရယူနိုင်ပါတယ်။
26 Apr, 2011

မနေ့က Canon DSLR Camera Lens တွေထုတ်တဲ့ အကြောင်းရိုက်ထားတဲ့ ဗီဒီယို ယူကျူ့မှာ ကြည့်ဖြစ်ပါတယ်။ အခုကတော့ ဘလော့ဂ်မှာ ပြန်တင်ပြီး စုထားလိုက်တာပါ။ မှန်လုပ်သွားတာအရင်က မမြင်ဖူးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အပူပေးပြီး ပုံသွင်းသွင်းသွားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ထင်မထားဘူး ကင်မရာမှန်ဘီလူးကို စက်နဲ့လုပ်တယ်ထင်နေတာ လူနဲ့ ဆင်သွားတာတွေ့ရတယ်။
Read the rest of this entry »
24 Apr, 2011

၂၀၁၁ ဇန်နဝါရီ ၄ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ဘက်ကို အလည်အပတ်သွားဖြစ်ပါတယ်။ ခရီးက အမှန်တော့ ထွက်ဖို့ စီစဉ်ထားတာမဟုတ်ပေမယ့် ဦးလေးက အဲဒီဘက်ကို အလုပ်ကိစ္စနဲ့ သွားစရာရှိတာကြောင့် လိုက်သွားဖြစ်တာပါ။ ရခိုင်ဆို ငပလီ၊ သံတွဲဘက် ငယ်ငယ်တုန်းက ရောက်ဖူးပေမယ့် စစ်တွေကိုတော့ မရောက်ဖူးတာကြောင့် ပထမဆုံး အကြိမ်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ခရီးသွားနေတယ် ဆိုပေမယ့် ဘလော့ဂ်မှာက schedule post လုပ်ထားခဲ့တာမို့ ကွျန်တော်မရှိပေမယ့် တစ်နေ့ post တစ်ပုဒ်တော့ တက်နေခဲ့ပါတယ်။
Read the rest of this entry »
23 Apr, 2011

Earth Day နေ့မှာ အပြင်လျောက်သွားနေလို့ ဘာမှမတင်လိုက်ရပါဘူး။ အခုမှ ညသန်းခေါင်ထတင်ပါတယ်။ သီချင်းတစ်ပုဒ်ပါ။ နာမည် က The World is just awesome ပါ.. အဲဒီနာမည်ထက် Boom Diyada ဆိုပို သိမယ်ထင်တယ်။ သီချင်းကောင်းလေးပါ discover channel မှာ အမြဲကြားရပါလိမ့်မယ်.. version အမျိုးမျိုးနဲ့ ဆိုထားတာ ရှိပေမယ့် ဒီ Steven Hopkin တို့လဲ ပါတာက ကွျန်တော် အကြိုက်ဆုံးမို့ တစ်ခုပဲ တင်ထားပါတယ်။ “i love the whole world and happy earth day to all !!”
Read the rest of this entry »
21 Apr, 2011

Tempt ဟာ ALS လို့ခေါ်တဲ့ တစ်ကိုယ်လုံး လှုပ်မရ စကားပြောမရတော့ပဲ ကုတင်ပေါ်လဲနေတာ ၇ နှစ်ရှိပါပြီ။ သူမှာ လှုပ်ရှားနိုင်တာဆိုလို့ မျက်လုံး နဲ့ စိတ်ခံစားချက်ပဲရှိပါတော့တယ်။ အမှန်တော့ သူက Graffiti artist တစ်ယောက်ပါ။ တစ်ရက်မှာတော့ Not Impossible Foundation က Mick Ebeling ဆိုတဲ့ သူနဲ့ တွေ့ပါတယ်။
Read the rest of this entry »
20 Apr, 2011

ဒီနေ့ကတော့ ဓာတ်ပုံတင်စရာလဲ မရှိတော့တာမို့ ကွျန်တော်နဲ့ ကင်မရာ အကြောင်းပြောဖို့ အချိန်ရောက်လာပါတယ်။ အရင်ကတည်းက အိမ်မှာ ကင်မရာဆိုလို့ ဖလင်ကင်မရာကော နောက် ဒီဂျစ်တယ်ခေတ်မှာကော point and shoot camera မျိုးတောင် မဝယ်ဖြစ်ပါဘူ။ တစ်အိမ်လုံးလဲ ဓာတ်ပုံရိုက်ရတာရော ကြည့်ရတာရော ဝါသနာ မပါကြပါဘူး။ အမှန်အတိုင်းပြောတာပါ အခုထိလဲ ကွျန်တော် ဓာတ်ပုံဆိုတာ အတိတ်ကိုပြန်လွမ်းနေတဲ့ အရာပဲလို့ တွေးနေတုန်းပါ။ ဓာတ်ပုံတွေလဲ ကြည့်လေ့မရှိပါဘူး။
Read the rest of this entry »
18 Apr, 2011

ပြီးခဲ့တဲ့ သကြန် အကြတ်နေ့က အရင်ရက်တွေက ပင်ပန်းထားတာကော၊ ပျင်းတာကြောင့်ကော နောက် ဘုန်းကြီးကျောင်း သွားစရာရှိတာတွေကြောင့် ဘယ်မှ ဓာတ်ပုံ ထွက်မရိုက်ဖြစ်ပါဘူး။ ဒါနဲ့ အိမ်မှာ နေရင်း အခြားသူတွေ ကြည့်လို့ ရအောင်ဆိုပြီး time lapse video တစ်ခု ရိုက်ထားလိုက်ပါတယ်။
Read the rest of this entry »
18 Apr, 2011

သကြန် အတက်နေ့မှာ မနက်ကတည်းက ကိုဇော်မျိုး ကားနဲ့လာခေါ်လို့ ကွျန်တော်ရယ်၊ ကိုစိုးကြီး၊ သူ့ညီ နဲ့ ကိုသက်ထူးတို့ အတူထွက်လည်ဖြစ်ပါတယ်။ ညကတည်းက မနက်ဖြန်လည်မှာနော် ကင်မရာမယူခဲ့နဲ့လို့ အချင်းချင်း ဖုန်းဆက်ထားပေမယ့် တကယ့်မနက်ရောက်တော့ အကုန်လုံး ကင်မရာတွေ ယူလာကြတာပါပဲ
ကွျန်တော်ကလဲ နောက်ဆုံးရက်မို့ ရိုက်ဦးမယ်ဆိုပြီး ယူလာပါတယ်။ ကွျတ်ကွျတ်အိတ်နဲ့ ထုပ်ပြီး ကျောပိုးအိတ်ထဲ ထည့်ယူလာခဲ့ပါတယ်။
Read the rest of this entry »