BCY2011 ~ Interview With Designer Nang Nyi

မနေ့ညက အိမ်ရှင်းရင်း Snow Leopard OS ခွေပြန်တွေ့တာကြောင့် အထဲက optional install ထဲမှာပါတဲ့ QuickTime 7 Pro ကို စက်ထဲသွင်းရင်း video edit ပြန်လုပ်ဖြစ်ပါတယ်။ ဗီဒီယိုက BarCamp Yangon 2011 တုန်းက အပျော်ရိုက်ထားတဲ့ အင်တာဗျူး ဗီဒီယိုပါ။ အခြား Video အတွက် ငှားထားတဲ့ အဖွဲ့လဲရှိပေမယ့် ကွျန်တော်တို့က သက်သက် အပျော် ဟာသ အင်တာဗျူးတွေကို organizer team နဲ့ ပွဲအတွင်းမှာ ရိုက်ထားကြတာပါ။ အခုကတော့ ပွဲအတွက် ဒီဇိုင်းတွေကို လုပ်ပေးတဲ့ နန်းညီ ရဲ့ အင်တာဗျူးပါ။
အင်တာဗျူးလိုက်မေးပေးသူကတော့ ကွျန်တော်တို့ Organizer team က finance မလဲ့လဲ့ နဲ့ ကွျန်တော် ပွဲနေ့ တစ်လျောက်လိုက်ရိုက်ထားတာပါ။ ကွျန်တော့် Canon 550D နဲ့ 720P HD 60fps နဲ့ ရိုက်ထားပါတယ်။ နောက် wireless မိုက်သုံးထားပါတယ်။ မိုက်က ကွာလတီသိပ်မကောင်းတော့ လေသံမလုံပဲ အသံနဲနဲပါနေတာတွေ့ရတယ်။ ဒါတောင် အင်တာဗျူးရင် လေလာရာဘက်ကို ကျောပေးပြီး မိုက်ကို လေကွယ်ခိုင်းထားရတာပါ။ နန်းညီ နဲ့ တွေ့တဲ့ နေရာက Info Tech ကော်ရစ်တာမှာ ဖြစ်နေတော့ နောက်ကတိုင်တွေက လှတာနဲ့ တိုင်တွေသိပ်မကွာပဲ တစ်ခုနဲ့ တစ်ခုကပ်သွားအောင် tele lens သုံးပြီး ရိုက်ထားပါတယ်။ အသံနဲ့ video editing ကိုတော့ QuickTime Pro, iMovie သုံးပြီး လုပ်ထားပါတယ်။ ဟာသပေါက်ကရ အင်တာဗျူးကို ရှု့စားကြပါဦး။ နောက်ထပ်လဲ အများကြီး တင်ဖို့ ကျန်ပါသေးတယ်။
