BCY2011 ~ Interview With Minn Yoon Thit

ဒီနေ့ အတွက်ကတော့ ဗီဒီယို ၂ ခုတောင် ရှိလို့ ၂ ခုလုံးတင်ပါ့မယ်။ ပထမဆုံးက ဘလော့ဂ်ဂါကြီး မင်းယွန်းသစ် ဖြစ်ပါတယ်။ ဒါကတော့ မင်းယွန်းသစ်နဲ့ နေ့လည် ကန်တင်းမှာ တွေ့တုန်း ဗျူးထားခြင်းဖြစ်ပါတယ်။ ဒုတိယနေ့ရဲ့ Beer Camp အစီအစဉ်ကိုလဲ သူက မိတ်ဆက်ပေးသွားပါတယ်။ ဘီယာကမ့်ရဲ့ ပုံတွေကတော့ မီးမရှိတော့ ဗီဒီယိုတောင် သိပ်ရိုက်လို့ မကောင်းလို့ မတင်တော့ပါဘူး။ ထူးထူးခြားခြားကတော့ အဲဒီညက ကွျန်တော့် မရှိမဲ့ရှိမဲ့ မျက်မှန်ပျောက်သွားပါတယ်။ ပြောရင်း ငိုချင်လာပြီ… အိုကေ ဒါက ဘလော့ဂ်ဂါကြီး မင်းယွန်းသစ်ရဲ့ ကမယ့် အစီအစဉ်အကြောင်းပါ။ အရင်အတိုင်းပဲ မလဲ့လဲ့ဗျူးပြီး ထူးတေဇာ ရိုက်ထားပါတယ်။ ရှု့စားကြပါဦး။
မှတ်ချက် – ဒီ အင်တာဗျူးမှာ အမှား တစ်ချို့လုပ်မိတာကို edit လုပ်မှ ပြန်တွေ့ရတယ်။ တစ်ယောက်က နေပူထဲမှာ တစ်ယောက်က နေရိပ်ထဲမှာ ရောက်နေတော့ balance မညီတော့တာ ဖြစ်သွားတယ်။ နောက် က ဒုတိယ building မှာ over expose ဖြစ်ပြီး highlight ပျောက်သွားတယ်။ သင်ခန်းစာပဲ။
