BCY2011 ~ Interview With Ubuntu Addicted Ko Ko Ye

မနေ့က အိပ်ပျော်သွားလို့ တင်လက်စ BarCamp YGN 2011 video ရက်ပျက်သွားတယ်။ ဒီနေ့ကတော့ ကိုကိုရဲ နဲ့ အင်တာဗျူးပါ။ ကိုကိုရဲ ဆိုတာက ပြည်ပကလူတွေတော့ သိချင်မှ သိလိမ့်မယ် ဒီမှာတော့ Ubuntu နဲ့ ပက်သက်ပြီး လူသိများပါတယ်။ သူက ပြည်တွင်းမှာ linux အထူးသဖြင့် Ubuntu နဲ့ FOSS ဆော့ဝဲ တွေ လူသုံးများလာဖို့ တက်ကြွလှုပ်ရှားနေတဲ့ သူတစ်ယောက်ပါ။ အခုကတော့ သူနဲ့ အင်တာဗျူးပါ။
ကိုကိုရဲ ဟာ Ubuntu နဲ့ ပက်သက်ပြီး ဟောပြောပွဲတွေ လုပ်လေ့ရှိသလို နည်းပညာ အခက်အခဲတွေကိုလဲ ပြည်တွင်းမှာ အခမဲ့ ကူညီပေးနေသူပါ။ Ubuntu linux နဲ့ ပက်သက်တာတွေကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ် အိတ်စိုက်ပြီး အခမဲ့ ဟောပြောပွဲတွေ၊ သင်တန်းတွေလဲ မကြာခဏ လုပ်လေ့ရှိပါတယ်။ နောက် OS ခွေတွေလဲ ကိုယ်တိုင်ကူးပြီး အခမဲ့ ဖြန့်ပေးနေသူတစ်ယောက်ပါ။ နောက် တစ်ခုက U4MM ဆိုပြီးလဲ ဆိုဒ်ကို run နေသူပါ။ အခုကတော့ သူနဲ့ အင်တာဗျူးပါ။ အင်တာဗျူးကတော့ အပျော်ဗျူးထားတာမို့ ဘာအကြောင်းမှ မပါပါဘူး နောက်ရုံသက်သက်ဖြစ်ပါတယ်။
