Canon 5D Mark II Brochure features In Lay Lake

Canon ဆိုဒ်မှာ lens တွေ ကင်မရာတွေ အကြောင်းဝင် ဖတ်ရင်းတွေမိတာလေး တင်တာပါ။ Canon 5D Mark II full frame camera ရဲ့ brochure မှာ အင်းလေးမှာ ရိုက်ထားတဲ့ ပုံတွေ့မိလို့ပါ။ ဘာမှတော့ မထူးဆန်းပေမယ့် မြန်မာနိုင်ငံမှာ အင်းလေး၊ ပုဂံ နဲ့ မန္တလေး မြို့တွေဟာ နိုင်ငံတကာက ကင်မရာသမားတွေ ကြားမှာ နာမည်ကြီးတာ သတိထားမိပါတယ်။ အခြား မြန်မာနိုင်ငံမှာ ရိုက်စရာ သဘာဝ အလှတွေ အများကြီးရှိသေးပေမယ့် သွားရေးလာရေးခက်ခဲလို့ သိပ်မသိကြသေးတာများပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် မြိတ်ဘက်က ကွျန်းစုတွေ သွားရိုက်ချင်နေပါတယ်။ နောက် အရှေ့တောင် အာရှရဲ့ တစ်ခုတည်းသော ရေခဲတောင် ခါကာဘိုရာဇီ လဲ ရှိသေးတယ်။ အခုကတော့ အင်းလေးကပုံပါ.. မကြည့်ရသေးရင် ကွျန်တော်ရိုက်ထားတဲ့ အင်းလေး ဓာတ်ပုံတွေလဲ ကြည့်လို့ ရပါတယ်။

TZA said,
Wrote on May 4, 2011 @ 6:03 pm
တနေ့နေ့တော့ ပြန်သွားရိုက်မယ်ဗျာ၊ မြစ်ကြီးနား ပူတာအိုဖက်၊ မြိတ် ကော့သောင်းဖက်.. သွားကိုသွားရမယ်..
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on May 4, 2011 @ 9:21 pm
သွားမယ်ဆို ကြိုပြီး လက်တို့ ဦးဗျ ဒီကလူတွေနဲ့ တူတူသွားကြမယ်လေ..
Like or Dislike:
0
0