
မနေ့က Canon DSLR Camera Lens တွေထုတ်တဲ့ အကြောင်းရိုက်ထားတဲ့ ဗီဒီယို ယူကျူ့မှာ ကြည့်ဖြစ်ပါတယ်။ အခုကတော့ ဘလော့ဂ်မှာ ပြန်တင်ပြီး စုထားလိုက်တာပါ။ မှန်လုပ်သွားတာအရင်က မမြင်ဖူးတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အပူပေးပြီး ပုံသွင်းသွင်းသွားတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ထင်မထားဘူး ကင်မရာမှန်ဘီလူးကို စက်နဲ့လုပ်တယ်ထင်နေတာ လူနဲ့ ဆင်သွားတာတွေ့ရတယ်။
ဗီဒီယိုထဲမှာ 500 mm Lens ဆင်ပြသွားပါတယ် နောက် lens correction လုပ်တာတွေ တွေ့ပါတယ်။ Canon ဟာ ကင်မရာ ဘော်ဒီတွေကို ဂျပန်မှာ လုပ်တာများပါတယ်။ lens ကတော့ L lens လောက်သာ အဲဒီမှာ လုပ်ပါတယ်။ Fukushima မှာ စက်ရုံရှိထားပြီး ဆူနာမီနဲ့ တော်တော်ပျက်စီးသွားတယ်လို့ သတင်းထဲ တွေ့မိတယ်။ ပုံမှန် lens တွေကိုတော့ ထိုင်ဝမ် နဲ့ မလေးရှားမှာ ထုတ်လေ့ရှိပါတယ်။

မသိသေးသူများ အတွက် ပြောပြချင်တာကတော့ ပုံမှန် lens series တစ်ချို့နဲ့ point and shoot compact camera တစ်ချို့ အတွက် lens မှန်သတ်သတ်ကြီးပဲကို မြန်မာ နိုင်ငံမှာ ထုတ်တယ်ဆိုတာပါပဲ။ အစိုးရပိုင် စက်မှု့ ၁ ပုသိမ်မှန်စက်ရုံကထုတ်တာတော့ မဟုတ်ပါဘူး။ Asia Optical ဆိုတဲ့ taiwan based company ရဲ့ မြန်မာနိုင်ငံက စက်ရုံမှာ ထုတ်တာဖြစ်ပါတယ်။ ဒီစက်ရုံကနေ Canon, Nikon, Sony နဲ့ အခြား မှန်နဲ့ ပက်သတ်တဲ့ နာမည်ကျော် ကုမဏ္ဏီတွေ အတွက် ထုတ်ပေးနေတာ ဖြစ်ပါတယ်။ ဒီစက်ရုံဟာ အနောက်နိုင်ငံတွေရဲ့ sanction ကိုကျော်ပြီး မြန်မာနိုင်ငံမှာ စက်ရုံလာဆောက်တဲ့ အတွက် black list ထိထားတယ်လို့ သိရတယ်။
Nikon ကင်မရာတွေအတွက်လဲ အဲဒီစက်ရုံက မှန်တွေထုတ်ပေးနေတာဖြစ်ပါတယ်။ Nikon အများစုကတော့ ဘော်ဒီကို ထိုင်းမှာ ထုတ်ပါတယ်။ Nikon, Nikkor ရဲ့ Nano coating နည်းပညာကလဲ နာမည်ကြီးပါတယ်။ အခုကတော့ Canon lens တပ်ဆင်တဲ့ အကြောင်းပါ။ စိတ်ထဲရှိတာပြောရရင် ဗီဒီယို အပိုင်း ၃ မှာ လူနဲ့ တပ်တာမြင်ရတော့ နဲနဲ စိတ်ဓာတ်ကျသွားတယ်.. human error က auto-machine error ထက်ပိုများမယ်လို့ စိတ်ထင်စွဲနေလို့ ဖြစ်မယ်ထင်တယ်။ နောက်တော့ သူတို့ lens တွေ သေချာ test လုပ်တာတွေ့ရတော့မှ စိတ်သက်သာရရသွားတယ်။ အမှန်တော့ ကြောင်တာပါ မဝယ်နိုင်မယ့် lens ကိုသွား စိတ်ပူနေတာ… အိုကေ lens ထုတ်ပုံ အဆင့်ဆင့့်ကို ဗီဒီယိုမှာ ရှု့စားကြပါဦး…
စကားမစပ် – နောက် ၁၀ ရက်လောက် အထိ ကွျန်တော် တရားစခန်းမှာ ရှိနေမှာဖြစ်ပါတယ်။ ကြိုရေးထားခဲ့လို့ ပို့စ်တွေကတော့ အလိုလျောက် အသစ်တွေတက်နေပါလိမ့်မယ်။
သာဓု သာဓု … တရားစခန်းအတွက်ကြိုခေါ်ပေးထားတာ …
Like or Dislike:
0
0
တရားစခန်းမှာ ဓါတ်ပုံတွေ ရိုက်မနေနဲ့ဦးနော်။
Well-loved. Like or Dislike:
2
0
မရိုက်ဖြစ်ပါဘူး ကိုDBA ကြီး ဟီး ဟီး တရားစခန်းလာဝင်တဲ့ ယောဂီက ကင်မရာကြီး တစ်ကားကားနဲ့ ဆို ဘုန်းကြီး ပြောခံထိမှာ သေချာတယ်… ဒါကြောင့် အိမ်မှာ ထားခဲ့လိုက်တယ်
Like or Dislike:
0
0