
ဂျပန်နိုင်ငံက DJ Ozma ရဲ့ Drinking’s Boys သီချင်းကို ဘလော့ဂ်မှာ ပြန်တင်လိုက်ပါတယ်။ ဒီသီချင်းက ကိုထူးမြင့်နောင် အီးမေးလ်ပို့တဲ့ ထဲမှာ တွေ့လို့ ကြည့်မိရင်း ကြိုက်သွားတာပါ။ ကြိုက်ဆို ကြည့်နေရင်း အူနှိပ်နေအောင် ရီရပါတယ်။ တကယ်ပြောတာပါ မရီရရင် ကြိုက်သလိုပြော။ တော်တော်လဲပြောင်နိုင်တဲ့ ကောင်တွေပါပဲ။ ငယ်ငယ်တုန်းက ၇တန်းကျောင်းသားဘဝက ဝမ်းကွဲအကို နိုင်ငံခြားက ယူလာတဲ့ Blink 182 ရဲ့ What’s My Age Again အတိုင်းပဲ အူနှိပ်နေအောင် ရီရတယ်။ တစ်ခုတော့ ရှိတယ် ကလေးတွေ ရှိရင်မကြည့်ပါနဲ့ 18+ ပါ။
သီချင်းကလဲ နားထောင်ကောင်းပါတယ်။ ဘာတွေဆိုမှန်းတော့ မသိဘူး.. DJ Ozma ဆိုတာက သတ်သတ်ပါ အဲဒီသီချင်း တစ်ပုဒ်ထဲ အဲဒီ ငပြောင်အဖွဲ့က ဆိုပြီး သရုပ်ဆောင်ကြတာ။ Music video အပြင် live show ပါတွေ့လို့ တင်ထားပါတယ်။ ငပြောင် အဖွဲ့ရဲ့ သီချင်းပါ။