Me & My First DSLR


Canon EOS 550D (Rebel T2i)

ဒီ​နေ့​ကတော့ ဓာတ်​ပုံတင်​စရာ​လဲ မ​ရှိ​တော့​တာ​မို့ ကွ​ျန်တော်​နဲ့ ကင်​မ​ရာ အကြောင်း​ပြော​ဖို့ အချိန်​ရောက်လာ​ပါ​တယ်။ အရင်​ကတည်းက အိမ်​မှာ ကင်​မ​ရာ​ဆို​လို့ ဖ​လင်​ကင်​မ​ရာ​ကော နောက် ဒီ​ဂျစ်​တယ်​ခေတ်​မှာ​ကော point and shoot camera မျိုး​တောင် မ​ဝယ်​ဖြစ်​ပါ​ဘူ။ တစ်​အိမ်​လုံး​လဲ ဓာတ်​ပုံ​ရိုက်​ရ​တာ​ရော ကြည့်​ရ​တာ​ရော ဝါသနာ မ​ပါ​ကြ​ပါ​ဘူး။ အမှန်​အတိုင်း​ပြော​တာ​ပါ အခု​ထိ​လဲ ကွ​ျန်တော် ဓာတ်​ပုံ​ဆို​တာ အတိတ်​ကို​ပြန်​လွမ်း​နေ​တဲ့ အရာ​ပဲ​လို့ တွေး​နေ​တုန်း​ပါ။ ဓာတ်​ပုံ​တွေ​လဲ ကြည့်​လေ့​မ​ရှိ​ပါ​ဘူး။

ကင်​မ​ရာ​ဆို​ရင် လွန်​ခဲ့​တဲ့ ၄ နှစ်​က ပထမ​ဆုံး ကိုင်​တဲ့ Sony Ericsson K800i က ကင်​မ​ရာ 3MP ပဲ​ကိုင်​ဖူး​ပါ​တယ်။ အဲ​ဒီ​တုန်း​က အဲ​ဒီ 3MP ဆို​နီ​ဖုန်း​က ဖုန်း​ကင်​မ​ရာ​ထဲ​မှာ အများ​ဆုံး​ပဲ အဲ​ဒါ​က​လဲ ဂျိန်း​စ​ဘွန်း ဇာတ်​ကား​ထဲ​မှာ ကိုင်​ထား​တာ​တွေ့​ပြီး ကြိုက်​သွား​တာ.. နောက်​ကြည့်​တော့ အွန်​လိုင်း​မှာ ဖုန်း​က​ပုံ​တွေ Blogger.com ကို တန်း​တင်​လို့​ရ​တယ်​ဆို​တာ​လဲ ပါ​တော့ အဲ​ဒီ​အချိန်​က ဘ​လော့ဂ်​ရေး​ခါ​စ Blogger.com မှာ​ဆို​တော့ အဟုတ်​မှတ်​ပြီး​ဝယ်​လိုက်​တာ​ပဲ။ နောက်​တော့​မှ အဲ​ဒါ​လို​တဲ့ 3G ဆို​တာ မြန်မာ​နိုင်ငံ​မှာ မ​ရှိ​မှန်း​သိ​သွား​တယ်။ ခု​ထိ​လဲ အဲ​ဒါ​ရှိ​မ​လာ​သေး​ပါ​ဘူး။

Canon EF 50mm f1.8

ပထမ​ဆုံး ကင်​မ​ရာ​ကတော့ အခု​ကိုင်​ထား​တဲ့ Canon 550D ပါ​ပဲ။ အစ​က အဲ​ဒီ​ကင်​မ​ရာ မ​ဝယ်​ဖြစ်​ရင် Nikon D5000 ဝယ်​ဖြစ်​မှာ​ပါ။ အဲ​ဒီ​အချိန်​တုန်း​က အဲ​ဒီ entry level dslr ၂ ခု​က အပြိုင်​ပဲ။ ပထမ​ဆုံး Nikon ကြော်​ငြာ တီ​ဗီ​မှာ တွေ့​တယ် စက္ကူ​စွန်​တွေ​ကို tilt-able screen နဲ့ လိုက်​ရိုက်​နေ​တာ.. ဟား​မိုက်​တယ်​ပေါ့။ တကယ်​ပြော​တာ​ပါ ကွ​ျန်တော် video ရိုက်​တာ ဝါသနာ​ပါ⁠ပါ​တယ် ဒါ​နဲ့ အဲ​ဒါ​ဝယ်​မယ်​ဆို​ပြီး ဖူ​နန်း​မှာ ခဏ​တိုင်း စျေး​သွား⁠သွား​ကြည့်​တယ်။ ကြည့်​ရင်း​နဲ့ Canon 500D တွေ့​တယ် နောက် 550D လဲ​တွေ့​တာ​နဲ့ အွန်​လိုင်း​မှာ ရှာ​ကြည့်​တော့ Canon 550D က 1080P 30fps အထိ​တောင် ရ​တာ​တွေ့​တယ် Nikon D5000 က 1080i ပဲ​ရ​တယ် နောက် 20fps ပဲ​လား​မ​သိ​ဘူး​ရ​တယ်။ ဒါ​နဲ့ Canon ဖြစ်​သွား​တယ် review တွေ နေရာ​အနှံ့​မှာလိုက်​ဖတ်​တော့ rating က​လဲ အရမ်း​ကောင်း​တာ​တွေ့​တယ် အထူး​သ​ဖြင့် 550D liveview screen dots က အရမ်း​ကောင်း​နေ​တာ​တွေ​လဲ တွေ့​ရ​တော့ ဝယ်​ဖြစ်​သွား​ပါ​တယ်။

550D ကို EFS 18~55mm Lens နဲ့ ဝယ်​ဖြစ်​ပါ​တယ်။ အဲ​ဒီ​အထိ review ပဲ​ဖတ်​ဖူး​ပါ​တယ် dslr မ​ပြော​နဲ့ ကင်​မ​ရာ​အကြောင်း​တောင် န​ကန်း​တစ်​လုံး​မှ မ​သိ​ပါ​ဘူး။ နောက် ၁ ပတ်​လောက်​နေ​တော့ မြန်မာ​နိုင်ငံ ဓာတ်​ပုံ အသင်း​က​စျေး​ရောင်း​ပွဲ​မှာ ၃ ထောင်​တန် UV filter ပြေး​ဝယ်​လိုက်​တယ်။ ဘုရားစူး မြန်မာ​ေ​ငွ ၃ ထောင်​တန် တရုတ်​လုပ်​ပါ ဒေါ်လာ ၃ ထောင်​မဟုတ် :D နောက်​တော့ အဲ​ဒါ​လေး​နဲ့ ဘုန်းကြီး​ကျောင်း​မှာ ပညာ​ဒါန သင်ပေး​နေ​တဲ့ ဆရာ​အေး​မြင့်​ဦး တို့ ကို​မျိုး​မင်း​ထူး​တို့​နဲ့ ဓာတ်​ပုံ လိုက်​ရိုက်​ဖြစ်​ပါ​တယ်။ အဲ​ဒီ​အထိ​လဲ ISO ဆို​တာ တောင် ဘာ​မှန်း​မ​သိ​ပဲ ရိုက်​ပါ​တယ်။ နောက်​တော့ ကင်​မ​ရာ​ထဲ​ပါလာ​တဲ့ manual book ဖတ်​တော့​မှ အော်​ဒါ​တွေ​က ဒါ​တွေ​ပါ​လား​ဆို​ပြီး အရင်​က​ရိုက်​ထား​တဲ့ ပုံ​ထွက်​မ​ကောင်း​တာ​တွေ​လဲ လေ့​လာ​ရင်း​သိ​သွား​ပါ​တယ်။

နောက်​တော့ အိမ်​မှာ​နေ​ရင်း​လဲ အား​နေ​ရှိ​တဲ့ ပစ္စည်း​တွေ လက်​တည့်​စမ်း​ရိုက်​ပါ​တယ်​နောက် ကို​ဘို⁠ဘို​တို့​နဲ့ portrait လိုက်​ရိုက်​တယ်။ နောက်​တော့ ပိုက်ဆံ​လေး​နဲ⁠နဲ​ရ​လာ​တော့ ဝယ်​ဖို့ ရှိ​လာ​တယ်… Tameron 18~200mm lens ဖိုး​ရ​တာ​ပါ ၂ သိန်း​ခွဲ​ရှိ​တယ်။ ဆိုင်​ထဲ​မှာ ကိုင်​လိုက်​ချ​လိုက်​နဲ့ စဉ်းစား​ပါ​တယ်။ စမ်း​ရိုက်​ပြီး စဉ်းစား​တယ်။ ဝယ်​ရင်​ကောင်း​မ​ကောင်း​ပေါ့။ လက်တွေ့​ကိုင်​ကြည့်​တော့ အဲ​ဒီ တမလွန်​က focus ring ကတော်တော်​ကျပ်​နေ​တယ် လှည့်​ရင်​နဲ⁠နဲ​အား​ထည့်​ရ​တယ်။ စဉ်းစား​တာ​က video ရိုက်​ရင် ဒင်း​နဲ့ follow focus မျိုး​ရိုက်​ရင် ပျက်​မှာ​ပဲ​ဆို​ပြီး စိတ်​ထင့်​သွား​တယ် နောက် အဲ​ဒီ​လောက် ၁​၈ က​နေ ၂​၀​၀ လောက်​အထိ ရ​တဲ့ လန်း​မျိုး​က ပုံ​မှန် wide သီး​သန့် tele သီး​သန့်​လောက် ပုံ​ထွက်​မ​ကောင်း​နိုင်​ဘူး​ဆို​တာ စဉ်းစား​မိ​တာ​နဲ့ မ​ဝယ်​တော့​ပဲ။ Canon 50mm f1.8 lens ပဲ​ဝယ်​လာ​လိုက်​ပါ​တယ်။

နောက်​ပိုင်း​တော့ အဲ​ဒါ​လေး​နဲ့ သူငယ်ချင်း​ကို portrait ရိုက်​ရင်း အသိ​အကို​တစ်​ယောက်​က အပ်​တာ​နဲ့ ပထမ​ဆုံး ဓာတ်​ပုံ​ရိုက်​ဖို့ အလုပ်​အတွက် ပုဂံ​ကို တစ်​ယောက်​တည်း ခရီး​ထွက်​ဖြစ်​ပါ​တော့​တယ်။ အမှန်​တော့ ကင်​မ​ရာ​အကြောင်း​လဲ ဘာ​သင်​တန်း​မှ မ​တက်​ဖူး​ပါ​ဘူး။ ဘုန်းကြီး​ကျောင်း​က ဆရာ အေး​မြင့်​ဦး​နဲ့ ကို​မျိုး​မင်း​ထူး​တို့​ကို​ပဲ တွေ့​တဲ့ ပြသ​နာ​တွေ မေး​ပြီး လေ့​လာ​ပါ​တယ်။ နောက် iPad က​နေ Popular Photography issue လ​စဉ် ၃ ကျပ်​ပေး​ပြီး ဝယ်​ဖတ်​ပါ​တယ်။ ပြော​ဖို့​မေ့​သွား​ပါ​တယ် ပုဂံ​မ​သွား​ခင်​က ကွ​ျန်တော် EFS 55~250mm f4-5.6 Lens ဝယ်​လိုက်​ပါ​သေး​တယ်။ 300 ဝန်းကျင်​လောက်​ပေး​ရ​ပါ​တယ်။

Canon EFS 55~250mm f4-5.6 IS Lens

နောက်​ပိုင်း​တော့ အဲ​ဒီ​လို​ပဲ အမှား​တွေ​လုပ်​ရင်း​နဲ့ နောက်​တစ်​ခါ ပြင်​ရင်း ပြင်​ရင်း​နဲ့ အခြေအနေ​ကောင်း​လာ​ပါ​တယ်။ တောင်​ကြီး နဲ့ ရခိုင် စစ်​တွေ၊ မြောက်​ဦး​ဘက်​တွေ သွား​ဖြစ်​တယ်။ နောက် special events တွေ​ဆို​သွား​ရိုက်​ဖြစ်​တယ် ဥပမာ ဒေါ်​အောင်​ဆန်း​စု​ကြည် ဒီဇင်ဘာ​မှာ​လွတ်​တော့​လဲ သွား​ရိုက်​ပါ​တယ်။ SB တွေ တစ်​ပြုံ​ကြီး အကြား​မှာ ဘ​လော့ဂ်​မှာ နေ့ချင်း​တင်​ပေး​မယ်​ဆို​ပြီး ရိုက်​ပါ​တယ်။ အဲ​ဒီ ရွှေ​ဂုံ​တိုင်​က​အပြန်​ပဲ လမ်းလျှောက်​ပြီး မြေနီ​ကုန်း​က အင်​တာ​နက် က​ဖေး​မှာ ဝင်​တင်​ပါ​တယ်။ ကွ​ျန်တော်​့ ဝါသနာ​ကို တ​ဖြည်း​ဖြည်း သတိထား​မိ​လာ​ပါ​တယ်။ ကွ​ျန်တော်​လုပ်​ချင်​တာ photojournalist ဖြစ်​ချင်​လာ​တာ​ပါ။ နောက် နှစ် ၁​၀​၀ လောက်​ကြာ​ရင် လူ​ပုံ​တွေ​ထက် သ​တင်း​ဓာတ်​ပုံ​တွေ​က သမိုင်း​ကို​ပို ပြော​ပြ​နိုင်​မယ်​လို့ ယုံကြည်​တယ်။ နောက် အဲ​ဒီ​လို ဓာတ်​ပုံ​တွေ​က​နေ နောက်​လူ​တွေ​ကို အရင်​လူ​တွေ​လုပ်​ခဲ့​တဲ့ အမှား​တွေ ဥပမာ​ပေး​နိုင်​မယ် တားဆီး​နိုင်​မယ်​လို့ ယုံ​တယ်။ ဥပမာ – စစ်​ပွဲ​တစ်​ခု​ရဲ့ သေ​ကျေ​ပျက်စီး​မှု့​တွေ​လို​မျိုး​ပေါ့။

လောလောဆယ်​တော့ အဲ​ဒီ​အလုပ် ရ​ဖို့ ကြိုးစား​နေ​တယ်.. ကိုယ့်​ပိုက်ဆံ​နဲ့ ကိုယ်​သွား​ပြီး ဂျီးတော်​နွား အငှား​ကျောင်း​ပြီး ဘ​လော့ဂ်​မှာ ပုံ​တွေ​တင်​ပါ​တယ်။ ပြည်​တွင်း​မှာ​ပဲ နိုင်ငံ​ခြား သ​တင်း​ဌာန​တစ်​ခု⁠ခု​ရဲ့ regional photographer အဖြစ် အလုပ်​ရ​ရင်​ကောင်း​မယ်​လို့​တွေး​မိ​တယ်။ ပြည်​တွင်း​မှာ​က နိုင်ငံ​ခြား​လို မဟုတ်​ဘူး​ခင်​ဗျ ကင်​မ​ရာ​ကိုင်​ပြီး သွား​နေ​တာ​တွေ့​ရင်​ကို အမေး​အမြန်း​ခံ​ရ​ဖို့​ရှိ​တယ်။ အစ​က ရ​ထားပေါ်​မှာ စျေး​ရောင်း​တဲ့ ကလေး​တွေ​တောင် documentary video လေး​ရိုက်​ဖို့ အကြံ​ရှိ​သေး​တယ် reuters သ​တင်း​ဌာန​က ကို​စိုး​ကြီး ပြော​ပြ​တော့ မ​လုပ်​နဲ့​တဲ့ သူ​တို့​တောင် ရ​ထားပေါ်​မှာ ဓာတ်​ပုံ​ရိုက်​လို့ ရဲ​စခန်း​မှာ အတော်​ရှင်း​ယူ​ရ​တယ်​ပြော​တယ်။ ကွ​ျန်တော်​လို သ​တင်း​ထောက်မ​ဟုတ်​တဲ့​ကောင်​ဆို ဘယ်​ရောက်​သွား​မယ်​တောင် သိ​မှာ မဟုတ်​ဘူး။

အခြေအနေ​တော့ မ​ဆိုး​လှ​ပါ​ဘူး လောလောဆယ်​တော့ CNN နဲ့ အခြား နာမည်ကြီး International media တချို့​မှာ ပုံ​တွေ ပါ​ဖူး​သွား​ပြီ။ လောလောဆယ်​တော့ printed media မှာ ပါ​နိုင်​အောင် ကြိုးစား​နေ​တုန်း​ပဲ။ ဓာတ်​ပုံ​ရိုက်​ရင် အဲ​ဒီ​လို လျှပ်​တစ်​ပြတ် အဖြစ်အပျက်​တွေ ရိုက်​ရ​တာ သဘောကျ​ပါ​တယ်။ နောက် ဓာတ်​ပုံ​တွေ ရိုက်​တိုင်း များ​သော​အား​ဖြင့် ဘာ​မှ ပြင်​လေ့​မ​ရှိ​ပါ​ဘူး။ အဓိက​ကတော့ photoshop နဲ့ အလုပ်​လုပ်​လာ​တဲ့ web designer တစ်​ယောက်​အတွက် megapixel အရမ်း​ကောင်း​တဲ့ ပုံ​ထွက်​ကို ကြိုက်​သ​လို​ကို လုပ်​လို့​ရ​ပါ​တယ်။ ဒါ​ပေ​မယ့် ဖီ​လင်​မ​လာ​ပါ.. အဲ​ဒီ​လို​ပြင်​ချင်​မှ​တော့ ကွ​ျန်တော် ဓာတ်​ပုံ​မ​ရိုက်​တော့​ဘူး stockphoto တွေ​ပဲ ယူ​ပြီး ပြင်​တော့​မ​ပေါ။ သ​ဘာ​ဝ​မဟုတ်​တဲ့ အရောင်​တွေ​ပြင်​ထား​တာ​ကို​လဲ ခံစား​မ​ရ​ပါ​ဘူး။ ဒါ​ကြောင့် ပြင်​ရင်​တော့ ပုံ​မှန် ဓာတ်​ပုံ​ဖွင့်​တဲ့ preview ထဲ​မှာ​ပဲ contrast, saturation လောက်​ပဲ​နဲ⁠နဲ​ပြင်​ပါ​တယ် ဒါ​တောင် လို​မှ​ပါ။ တကယ်​ပြော​တာ​ပါ အဲ​ဒီ​လို အရမ်း​ကြီး​လျောက်​ပြင်​ပြီး​မှ လှ​လာ​တဲ့​ပုံ​တွေ ကြည့်​ရ​တာ မိန်းမ အစစ်​မဟုတ်​တဲ့ အခြောက်​မ​ကြီး ကို ထိုင်​ကြည့်​ရသ​လို​ပဲ စိတ်​ကို​မ​ဝင်စား​ပါ​ဘူး။

ဟိုး​အရင် ကင်​မ​ရာ​ဝယ်​ပြီး ၁ လ ၂​လ​လောက်​ကြာ​တော့ kit lens ဆို​တာ​ကြီး​ကို အတော်​စိတ်ပျက်​သွား​ဖူး​ပါ​တယ်။ နောက်​ပိုင်း​တော့ kit lens ဟာ ဘာ​ကြောင့် ကင်​မ​ရာ​စ​ကိုင်​သူ​တွေ​အတွက် အသုံး​အတည့်​ဆုံး​လန်း​ဖြစ်​တယ်​ဆို​တာ ရိုက်​ရင်း​ပြန်​သိ​လာ​ပါ​တယ်။ လက်​ရှိ​အချိန်​ထိ ကွ​ျန်တော့်​မှာ အဝိုက်​ဆုံး​ဆို​လို့ အဲ​ဒီ 18 အထိ​ပဲ​ရှိ​ပါ​တယ်။ ကို​စိုး​ကြီး ကင်​မ​ရာ​က wide က 16 ရှိ​တယ်​ဆို​တော့ ကွ​ျန်တော် ကင်​မ​ရာ​ဝယ်​ပြီး ၃ လ​လောက်​ကြာ​တော့ ကို​စိုး​ကြီး ပုံ​တွေ ဝိုက်​ပြီး​ကွ​ျန်တော်​့ 18 က 2 စိတ်​ပဲ​ကွာ​တာ​ဘာ​လို့ သိပ်​မ​ဝိုက်​တာ​လဲ​တွေး​စရာ​ရ​ပြီး​လေ့​လာ​တော့ ကွ​ျန်တော်​တို့ ကင်​မ​ရာ​တွေ APSC တွေ​က 35mm sensor ဆိုဒ်​က အပြည့်​မ​ရှိ​ပဲ crop factor 1.6 နဲ့ မြောက်​ပေး​ရ​တာ သိ​လာ​တယ်။ အဲ​တော့ ဘာ​ဖြစ်​လဲဆို​တော့ full frame ထဲ​မှာ စျေး​အပေါ​ဆုံး​ဆို​တဲ့ 5D Mark II ကို လိုချင်​လာ​တာ​ပေါ့။

ကင်​မ​ရာ​ဆို​တာ တစ်​ခု​စ​ပြီး​ရင် အဆုံး​မ​သက်​တဲ့ အရာ​ပါ​လား​ဆို​တာ သိ​လာ​တယ်။ ရှိ​သ​မျှ​လေး​တွေ​စု​ပြီး ဝယ်​တယ် တစ်​ခု​ပြီး​တစ်​ခု မ​ကုန်​နိုင်​ဘူး။ သ​ကြန် အကြိုနေ့​မ​တိုင်​ခင်​ရက်​က​လည်း ရှိ​တဲ့ ပိုက်ဆံ​လေး​နဲ့ LED Lightpanel လေး ဝယ်​ဖြစ်​လိုက်​တယ်။ ရှိ​တဲ့ ပိုက်ဆံ ၆ သောင်း​ခွဲ​ကုန်​သွား​တယ်။ မ​ဆိုး​ပါ​ဘူး နောက်​နေ့ ညနေ​ဘက်​မှာ ရခိုင်​ရိုးရာ​ပွဲ​မှာ ဗီ​ဒီ​ယို ရိုက်​ရ​တာ အဆင်​ပြေ​သွား​တယ်။ သ​ကြန်​တွင်း​မှာ​တော့ ဒင်း​က ရေစို​ပြီး​ပျက်​သွား​တယ်။ ကံကောင်း​ချင်​တော့ ဒီ​နေ့​မနက်​ပဲ ရေ​ခြောက်​လို့ ပြန်​ကောင်း​သွား​တယ်​ဗျာ။ ကံကောင်း​လို့ ကင်​မ​ရာ​ဝယ်​ပြီး​ကတည်းက ဖြစ်​သွား​တာ​က အရင်​ဆို​အပြင်​သွား​တိုင်း laptop ယူ​တယ်​နောက်​ပိုင်း လေး​လို့ မ​ယူ​တော့​ပဲ ကင်​မ​ရာ​ပဲ​ယူ​တော့​တယ်။

လောလောဆယ်​တော့ ကင်​မ​ရာ​ကော လန်း​ကော​ဝယ်​နိုင်​ဖို့ ဝေး​လို့ ကိုယ့်​ဖာ​သာ ဟို​သွား​ဒီ​သွား​ဖိုး​တောင် မတတ်​နိုင်​တော့​ဘူး။ ပတ်​စ​ပို့ သက်​တမ်း မ​ကုန်​ခင်​နိုင်ငံ​ခြား ပြန်သွား​ပြီး အလုပ်​လုပ်​မှ ဖြစ်​တော့​မယ်​လို့ စဉ်းစား​မိ​တယ်။ ဟိုမှာ​က ပိုက်ဆံ​တော့​ပေါ​တယ် ပစ္စည်း​ရှိ​တယ် ရိုက်​စရာ​မ​ရှိ​ဘူး လုပ်​စရာ​မ​ရှိ​ဘူး၊ စားစရာ​လဲ မ​ရှိ​ဘူး။ ဒီ​နေ့​အဖို့​တော့ ကင်​မ​ရာ​အကြောင်း​ပြော​ချင်း ဒီ​မှာ​ပဲ ရပ်​ပါ​တော့​မယ်။

သ​ကြန်​ဓာတ်​ပုံ​တွေ ရိုက်​ထား​တဲ့ lens အကြောင်း မေး​ကြ​တဲ့ မိတ်ဆွေ​များ​လဲ ကျေနပ်​မယ်​လို့ ထင်​ပါ​တယ်။ ကွ​ျန်တော်​သုံး​ထား​တာ ဒေါ်လာ 300 အောက် lens ၃ လုံး​ပါ​ပဲ။ အဓိက​ကတော့ အလင်း​ရောင်၊ composition တွေ​က အရေးကြီး​ပါ​တယ်။ လန်း​နဲ့ ကင်​မ​ရာ​ဆို​တာ tools တစ်​ခု​အနေ​နဲ့ အရေး​ပါ​တာ​မို့ ရာ​ခိုင်​နှုန်း​အရ​နည်း​ပါ​တယ်။ ဥပမာ​ဆို​ရင် L lens အကောင်း​စား​တပ်​ထား​လဲ အလင်း​ရောင်​လုံး​ဝ​မ​ရှိ​တဲ့ dark room ထဲ​မှာ​ရိုက်​ရင် ပုံ​မ​ထွက်​နိုင်​တာ​မို့ အလင်း​ရောင် အရေးကြီး​ပါ​တယ်။ aperture, exposure time, white balance နဲ့ creative ဖြစ်​တဲ့ စိတ်ကူး​ရှိ​ရင် အလုပ်​ဖြစ်​တာ​တွေ့​ရ​ပါ​တယ်။ နောက် သူ​များ​ဓာတ်​ပုံ​တွေ​လှ​တာ​တွေ့​ရင် အဲ​ဒီ​ပုံ​မှာ လှ​စေ​တဲ့ factor တွေ​ကို တွေ့​အောင်​ရှာ​ပြီး​မှတ်ထား​ပါ ပြန်​အသုံး​ချ​ပါ။ နောက် အရင်​လုပ်​ခဲ့​တဲ့ အမှား​တွေ​ကို နောက်​တစ်​ခါ​ရှောင်​နိုင်​ရင် တော်တော်​အလုပ်​ဖြစ်​တာ​ကို ကွ​ျန်တော်​လက်​ရှိ ဓာတ်​ပုံ​ရိုက်​ထား​တဲ့ ၆ လ​လောက် အတွင်း​မှာ လေ့​လာ​မိ​ခဲ့​ပါ​တယ်​ဆို​တာ ပြန်​ရှဲ​ပါ​တယ်။ ကျေးဇူး​ပါ။

P.S ~ ကွ​ျန်တော်​ရိုက်​ထား​တဲ့ သ​ကြန်​ပုံ​တွေ​ကို lens အမျိုး​အစား setting တွေ​ကြည့်​ချင်​ရင် ကွ​ျန်တော့် Flickr မှာ Exif data အပြည့်​အစုံ​နဲ့ ကြည့်​လို့​ရ​ပါ​တယ်။ အဲ​ဒီ​မှာ ပုံ ၂​၀​၀ ပဲ​ပေး​တင်​လို့ နောက်​ပိုင်း​ပုံ​တွေ​တော့ ကျန်​ခဲ့​ပါ​တယ်။ နောက် ကွ​ျန်တော်​့ blog က Photography ဆိုတဲ့ tag မှာ လဲ အရင်​ပုံ​တွေ ကြည့်​လို့ ရ​ပါ​တယ်။



Related Posts

13 Comments so far »

  1. exiter said,

    Wrote on April 20, 2011 @ 7:47 am

    ကင်မရာပိုးက ၀င်ချင်ချင်ဖြစ်နေတာ .. ပိုဆိုးအောင်လုပ်တယ် .. :D

    Like or Dislike: Thumb up 1 Thumb down 0

  2. Wunna said,

    Wrote on April 20, 2011 @ 7:49 am

    Fps is frame per second. Fps for canon 550d is 3.7 and fpr nikon d5000 is 4fps.

    Like or Dislike: Thumb up 0 Thumb down 0

  3. Htoo Tay Zar said,

    Wrote on April 20, 2011 @ 8:00 am

    @ Exiter ~ ဝယ်​ပြီး​ရင်​တော့ ရူး​ပြီ​သာ မှတ်​ပေ​တော့ ပိုက်ဆံ​မ​ကုန်​မ​ချင်း မ​ရပ်​တော့​ဘူး… :D

    Like or Dislike: Thumb up 0 Thumb down 0

  4. Htoo Tay Zar said,

    Wrote on April 20, 2011 @ 8:01 am

    @Wunna ~ Thanks a lot bro.. fps I used in this post are for Video shooting mode bro.. forgot to add it clearly. Thanks

    Like or Dislike: Thumb up 0 Thumb down 0

  5. Myo Kyaw Htun said,

    Wrote on April 20, 2011 @ 8:25 am

    ဆက်ရိုက်ပါ ညီရေ။ အားပေးနေပါတယ်။

    Well-loved. Like or Dislike: Thumb up 3 Thumb down 0

  6. Tun Tun said,

    Wrote on April 20, 2011 @ 7:10 pm

    အစ်ကိုရေ။

    ကျွန်တော့် 550D အတွက် external flash ၀ယ်ချင်တာ အစ်ကို ဘာအမျိုးအစားသုံးသလဲ ညွန်းပေးပါဦး။

    ထွန်းထွန်း

    Like or Dislike: Thumb up 0 Thumb down 0

  7. TZA said,

    Wrote on April 20, 2011 @ 7:35 pm

    ပစ္စည်း​ရှိ​တယ် ရိုက်​စရာ​မ​ရှိ​ဘူး လုပ်​စရာ​မ​ရှိ​ဘူး၊ စားစရာ​လဲ မ​ရှိ​ဘူး။

    damn true :)

    Like or Dislike: Thumb up 1 Thumb down 0

  8. Htoo Tay Zar said,

    Wrote on April 20, 2011 @ 11:34 pm

    @ Ko Myo Kyaw Htun ~ Thanks a lot bro.. :D

    Like or Dislike: Thumb up 0 Thumb down 0

  9. Htoo Tay Zar said,

    Wrote on April 20, 2011 @ 11:40 pm

    @ Bro Tun Tun ~ ကွ​ျန်တော်​ဝယ်​ထား​တဲ့ flash က Nissin ဆို​တာ ဝယ်​ထား​တာ​ခင်​ဗျ စျေး​လဲ ပေါ​တယ်…. digit display တော့​မ​ပါ​ဘူး နောက်​က မီး​လေး​တေါ​ပဲ ကြည့်​ချိန်​ရ​တယ်​ဗျ.. ဝယ်​ထား​တာ ၁ သိန်း​ခွဲ​လောက်​ပဲ ပေး​ရ​တယ် ခေါင်း​တွေ အပေါ်​အောက် ဘေး​ဘက် လှည့်​လို့ ရ​တာ​တော့ ကောင်း​တယ်။ ပိုက်ဆံ​တတ်နိုင်​ရင်​တော့ Canon Speedlite 320EX လေး စျေး​လဲ မ​ဆိုး​ဘူး​ထင်​တယ်​ဗျ ဗီ​ဒီ​ယို​အတွက်​လဲ သုံး​လို့​ရ​တယ်.. http://www.canon.com.sg/personal/products/dslrs/eos-accessories

    Like or Dislike: Thumb up 0 Thumb down 0

  10. Htoo Tay Zar said,

    Wrote on April 20, 2011 @ 11:41 pm

    @ Bro TZA ~ ဟု​တယ်​ဗျ စင်​ကာ​ပူ​မှာ ရိုက်​စရာ ပွဲတော်​နဲ့ နေရာ​ရှား​သလား​လို့ :D

    Like or Dislike: Thumb up 0 Thumb down 0

  11. Tun Tun said,

    Wrote on April 21, 2011 @ 7:46 am

    Hi bro,

    I am also thinking of buying nissin 622 markII. which model u using? The damn canon flash is expensive for me.

    Thank for reply.

    Tun Tun

    Like or Dislike: Thumb up 0 Thumb down 0

  12. Htoo Tay Zar said,

    Wrote on April 21, 2011 @ 9:26 pm

    @ Bro Tun Tun ~ I’m using Nissin Di662 (24~105mm) bro but I don’t have mark ii. It’s nice flash with cheap price bro.. especially head is turn-able in various way. I bought it with around 1.5 lakh last year bro.

    Like or Dislike: Thumb up 0 Thumb down 0

  13. kyawzayya said,

    Wrote on July 5, 2011 @ 7:29 am

    ဆက်ရိုက် ဆက်ရိုက် ဆက်သာရိုက် ရိုက်နိုင်တုန်း ရိုက်ရတာ မရိုက်နိုင်တော့တဲ့ အချိန်ကျရင် ဘယ်လောက်ပဲ လက်ကြီးယားနေပလေ့စေ လုံးဝရိုက်လို့ မရတော့တာ ဟတ် ဟတ်

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: