Gameloft ဆိုုတာ Asphalt Racing, N.O.V.A, Hero Of Sparta လိုဂိမ်းတွေနဲ့ iPhone, iPad မှာ နာမည်ကြီးတဲ့ ဂိမ်း publisher ပါ။ Gameloft ကနေပြီးတော့ လက်ရှိ သိပ္ပံ ပညာရှင်တွေနဲ့ ပေါင်းပြီး လေ့လာထားစမ်းသပ်ထားတဲ့ video တစ်ခုကို youtube မှာ ကြည့်ရပါတယ်။ Pet Pal လို့ခေါ်တဲ့ iPhone app ဖြစ်ပြီး အဲဒီ app နဲ့ မိမိ အိမ်မှာမွေးထားတဲ့ တိရိစာ္ဆန်တွေကို ခိုင်းစေလို့ရနိင်အောင် လုပ်ထားပေးတာ ဖြစ်ပါတယ်။
ဖုန်းကနေ ထုတ်မယ့် frequency မြင့်တဲ့ အသံလိှုင်းတွေ အသုံးပြုပြီး တိရိစ္ဆာန်တွေရဲ့ ဦးနှောက်ကို ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ ခွေးတွေ ကြောင်တွေ အတွက် အဓိကလုပ်ထားတယ်လို့ ပြောပါတယ်။ နောက် accessory အနေနဲ့ လည်ပတ် ကင်မရာလဲ ထုတ်ထားပေးပြီး မြင်ကွင်းတွေကို ကြိုးမဲ့နည်းပညာနဲ့ ဖုန်းပေါ်မှာ ပြပေးမှာပါ။ လက်ရှိတော့ အဲဒီ app က ထွက်မလာသေးပါဘူး။ ကွျန်တော်တော့ သဘောကျလို့ ထွက်ရင် Tom Tom ထက်စျေးကြီးရင်ကြီးပါစေ စျေးဘယ်လောက်ဖြစ်ဖြစ် ဝယ်ဖြစ်အောင် ဝယ်လိုက်ပါဦးမယ်။