V for 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

ဒီ​နေ့ ၁​၆ ရက်​နေ့ သ​ကြန် အတက်​နေ့​မှာ မနက်​ကတည်းက တစ်​နေ​ကုန် အပြင်​ထွက်​ဖြစ်​ပါ​တယ်။ ဒီ​နေ့​မှာ​တော့ ဟို​အရင်​ကတည်းက လုပ်​ချင်​နေ​တဲ့ personal project လေး​တစ်​ခု လုပ်​ဖြစ်​သွား​ပါ​တယ်။ project က V လို့ နာမည်​ပေး​ထား​တာ​ပါ။ ဒီ ပ​ရော​ဂျက်​မှာ လူ​ပေါင်း ၃​၀ လောက်​နီးပါး ပါဝင်​ကူညီ​ပေး​ထား​ကြ​ပါ​တယ်။

ဒီ ပ​ရော​ဂျက်​ဟာ နာ​မည်ကျော် Matt Harding ရဲ့ အိုင်​ဒီ​ယာ inspired ဖြစ်​ထား​ပါ​တယ်။ Matt Harding ဆို​တာ မ​ကြား​ဘူး​ရင်တောင် Visa card ရဲ့ GO ကြော်​ငြာ​ကြည့်​ဖူး​ရင် သိ​မှာ​ပါ။ နိုင်ငံ​တကာ​က landmark တွေ​ရှေ့​မှာ က​သွား​တဲ့ သူ​တစ်​ယောက်​လေ။ စင်​ကာ​ပူ​မှာ​တော့ အရင်​က ရုပ်​ရှင်​ရုံ​တွေ​မ​ပြ​ခင်​မှာ ကြော်ငြာ ခဏ​တိုင်း​လာ​တတ်​ပါ​တယ်။

သူ့​ရဲ့ အိုင်​ဒီ​ယာ ကို အခြေ​ခံထား​ပါ​တယ်။ ဒီ V project အတွက် ပုံ​တွေ​ကတော့ တော်တော်​ခက်​ခက်ခဲ​ခဲ ရိုက်​ယူ​လိုက်​ရ​ပါ​တယ်။ တချို့​ပုံ​တွေ​က နေ​အရမ်း​ပြင်း​လွန်း​တဲ့ အချိန်​မှာ ဖြစ်​နေ​တာ နောက် တစ်​ချို့ အချိန်​တွေ​က ကင်​မ​ရာ​ရေစို​ပြီး lens ရေ​ေ​ငွ့​ရိုက်​နေ​တဲ့ အချိန်​မျိုး​တွေ​မှာ ဖြစ်​သွား​တာ​တွေ​ရှိ​တော့ တစ်​ချို့ ပုံ​တွေ​မှာ highlight နဲ⁠နဲ​လေး​ပျောက်​သွား​တာ ဖြစ်​တယ်။ ဒါ​ပေ​မယ့် ကျေနပ်​ပါ​တယ်။ ကူညီ​ပေး​တဲ့ သူ​တွေ အားလုံး​ကို​လဲ ကျေးဇူးတင်​ပါ​တယ်။

ပုံ​အတွက် ကူညီ​ပေး​တဲ့ သူ​တွေ​မှာ အသက်အရွယ်​စုံ​က​နေ၊ ဘီ​ယာ​ဘူး​ခွံ​လိုက်​ကောက်​တဲ့ ကလေး​အထိ အစုံ​ပါ⁠ပါ​တယ်။ သူ​တို့​တွေ လိုက်​လုပ်​အောင် ကွ​ျန်တော်​က အရင်​လုပ်​ပြ​ပေး​ရ​တယ်။ တစ်​ချို့ မဏ္ဏပ်ပေါ်​ကလူ​တွေ ဆို ကွ​ျန်တော် အောက်​က​နေ န​မူ​နာ​လုပ်​ပြ​ပေး​မှ ရ​တယ်။ နေရာ​တွေ​ကတော့ ကန်တော်​ကြီး ကန်​ပတ်​လမ်း၊ လသာ၊ ပြည်​လမ်း အင်​လျား​ကန်​ဘောင်၊ အနော်​ရ​ထာ​လမ်း၊ ဗိုလ်​မြတ်​ထွန်း​လမ်း၊ မြို့တော်​ခန်းမ စ​တဲ့ နေရာ အစုံ​ပါ​ပဲ။ အားလုံး​ကို ကျေးဇူးတင်​ပါ​တယ်။

သ​ကြန်​နောက်ဆုံး​နေ့​ပုံ​တွေ ဗီ​ဒီ​ယို​တွေ​က ဒီ​နေ့ ည​သန်းခေါင်​လောက်​ဖြစ်​ဖြစ်၊ မနက်​ဖြန်​ဖြစ်​ဖြစ် ထပ်​တင်​ပါ​မယ်။ စကားမ​စပ် – ဟိုး​အောက်​ဆုံး​က ပုံ​က ကလေး​မ​လေး ၃ ယောက်​က သုံး​မွှာ​ပူး​ဖြစ်​ပါ​တယ်။ တော်တော် ချစ်စရာ​ကောင်း​တယ်။ အဲ​ဒီ​လို သမီး​လေး​တွေ​တောင် လိုချင်​လာ​တယ်။ =D If you like this post, Please click facebook Like =D

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day

V for Victory on 2011 Thin Gyan Last Day


Related Posts

21 Comments so far »

  1. Min Thu said,

    Wrote on April 16, 2011 @ 9:33 pm

    All great shots and the last one is the best. :)

    Well-loved. Like or Dislike: Thumb up 5 Thumb down 0

  2. Azure said,

    Wrote on April 16, 2011 @ 9:39 pm

    Nice fotos, Bro..!

    Like or Dislike: Thumb up 0 Thumb down 0

  3. Soe Mya Nandar Thet Lwin said,

    Wrote on April 16, 2011 @ 9:46 pm

    Matt Harding ရဲ့ အိုင်ဒီ​ယာလေး ယူထားပြီးလုပ်တဲ့ Project အရမ်းကောင်းတယ် ထူးတေဇာ။

    ဒီပိုစ့်မှမဟုတ်ပဲ ထူးတေဇာရဲ့ဓါတ်ပုံတွေအားလုံးဟာ အရောင်အသွေးတွေ စိုပြီး အရမ်းအနုပညာဆန်တယ်။ သဘာဝကျတယ်။

    ဒီပိုစ့်မှာ ဓါတ်ပုံရိုက်ထားတဲ့ သူတွေရဲ့ မျက်နှာတိုင်းမှာ လုပ်ယူထားတာမဟုတ်ပဲ သဘာဝအရ ပြုံးပျော်ကြည်နူးနေတာကို အထင်းသား မြင်တွေ့ ခံစားလိုက်ရတယ်။

    မြန်မာပြည်သူပြည်သားတွေ လူတန်းစားမရွေး ပျော်ရွှင်နေတာ တွေ့ရတာ သိပ်စိတ်ချမ်းသာတာပဲ။

    ထူးတေဇာရဲ့ ကြိုးပမ်းအားထုတ်မှု့ကို မချီးမွှမ်းပဲ မနေနိုင်အောင်ပါပဲ။ တကယ်လေးစားအားကျမိပါတယ်။

    ကျေးဇူးအများကြီးတင်ပါတယ်လို့ လှိုက်လှဲစွာ ဆိုပါရစေ။

    လေးစားစွာ
    နန္ဒာ

    Well-loved. Like or Dislike: Thumb up 5 Thumb down 0

  4. Thuzar said,

    Wrote on April 16, 2011 @ 10:34 pm

    သုံးမွှာပူးလိုချင်တယ်တဲ့လား။ ဟိဟိ.. တော်တော်လေး ပိုက်ဆံရှိမှာရမယ်နော်။ နို့ဗူးခနဲ့တင် မနည်းဘူး. :P .. joking brother.
    Thanks you for all you effort.
    Missing Thingyan from SG. :D

    Like or Dislike: Thumb up 1 Thumb down 0

  5. BarNyar said,

    Wrote on April 16, 2011 @ 11:32 pm

    Love it, Love it, Love it! Thanks for the effort bro.

    Like or Dislike: Thumb up 0 Thumb down 0

  6. Han said,

    Wrote on April 17, 2011 @ 12:07 am

    အရမ်းမိုက်တယ်ဗျာ….

    Like or Dislike: Thumb up 1 Thumb down 0

  7. Htoo Tay Zar said,

    Wrote on April 17, 2011 @ 12:16 pm

    @ Bro Min Thu ~ Thanks a lot bro. Really I like that photo too. =D

    Like or Dislike: Thumb up 0 Thumb down 0

  8. Htoo Tay Zar said,

    Wrote on April 17, 2011 @ 12:16 pm

    @ Bro Azure ~ Thanks bro =D

    Like or Dislike: Thumb up 0 Thumb down 0

  9. Htoo Tay Zar said,

    Wrote on April 17, 2011 @ 12:17 pm

    @ Sister Soe Mya Nandar Thet Lwin ~ Thanks a lot for your support sister. I can’t do anything without readers who support me. Glad that everyone like this. I’m really happy =D

    Like or Dislike: Thumb up 1 Thumb down 0

  10. Htoo Tay Zar said,

    Wrote on April 17, 2011 @ 12:19 pm

    @ Sis Thuzar ~ ဟုတ်မယ်နော် ငယ်ငယ်တုန်းကဆို ကလေးအမေ အတော် ထိန်းရခက်မှာ ဒါပေမယ့် သူတို့လို လိမ္မာပြီး ချစ်စရာကောင်းတာလေးတွေဆို လိုချင်သား.. . =D

    Like or Dislike: Thumb up 0 Thumb down 0

  11. Htoo Tay Zar said,

    Wrote on April 17, 2011 @ 12:19 pm

    @ Sis BarNyar ~ Thanks a lot sister. =D

    Like or Dislike: Thumb up 0 Thumb down 0

  12. Htoo Tay Zar said,

    Wrote on April 17, 2011 @ 12:19 pm

    @ Bro Han ~ Thanks a lot bro =D

    Like or Dislike: Thumb up 0 Thumb down 0

  13. Erik said,

    Wrote on April 17, 2011 @ 12:51 pm

    You are awesome bro. Keep it up!

    Like or Dislike: Thumb up 0 Thumb down 0

  14. W said,

    Wrote on April 18, 2011 @ 6:41 pm

    Thanks for the photos.. Love it and appreciated your effort.. Missing Thingyan from Sg.. =)

    Like or Dislike: Thumb up 0 Thumb down 0

  15. တောင်ငူသား said,

    Wrote on April 18, 2011 @ 6:49 pm

    ပုံတွေ ကြည့်တာနဲ့တင် အပင်ပမ်းခံ ရိုက်ကူးထားမှန်း သိသာပါတယ် တေဇာ။
    လက်ကလေးနှစ်ချောင်း ပိုင်ရှင်တွေရဲ့ အဲဒီအချိန် ဖြစ်နေတဲ့ စိတ်ခံစားမှုပေါ် မူတည်ပြီး လက်နှစ်ချောင်း ထောင်ပြထားပုံလေးတွေမှာလဲ လိုက်ပြီး ပေါ်လွင်နေတယ်လို့ မြင်ရတယ် ညီ။ ဓါတ်ပုံဆရာရဲ့ အားထုတ်ချက်ကလဲ ကြီးမားသလို အမူအရာလိုက်လုပ်ပေးတဲ့ သူတွေကလည်း စေတနာပါလှပါတယ်။ ဘယ်လိုများ ဒီလောက်ပုံတွေ အများကြီးရအောင် စည်းရုံးရိုက်ကူးနိုင်ခဲ့သလဲ? စိတ်ဝင်စားတယ်။ ပြန်ကြည့်ရအောင် တစ်ပုံချင်းစီကို

    နံပါတ် (၁) ပုံမှာ ငါး လို့ ရေးထားတဲ့ အကျီဝတ်ထားတဲ့ အမလေးကတော့ သူရဲ့ လက်နှစ်ချောင်းက ပဲလေးနည်းနည်းပါနေတယ်

    နံပါတ် (၃) ပုံမှာ လက်နှစ်ချောင်းထောင်နေတဲ့ အမလေးကတော့ စုံတွေလေးနဲ့ အရိုက်ခံရတော့ ရှက်နေတဲ့ လက်နှစ်ချောင်းပုံ ပေါ်နေတယ်

    နံပါတ် (၅)ပုံမှာ သူ မကျွမ်းကျင်တဲ့ ကိစ္စတစ်ခုကို လုပ်လိုက်ရတဲ့ အန်တီရဲ့ လက်နှစ်ချောင်းထောင်ပုံကို မြင်ရမယ်

    နံပါတ် (၁၀)ပုံမှာ လူအုပ်ကြားထဲက အမြန်လုပ်လို်က်ရတဲ့ လျှပ်တပြက်လက်နှစ်ချောင်း ဖြစ်နေတယ်

    နံပါတ် (၁၁)က ညီလေးမှာတော့ ခပ်ငေးငေး လက်နှစ်ချောင်းလေး

    နံပါတ် (၁၃)ရဲ့ လက်နှစ်ချောင်းပိုင်ရှင်ကတော့ ပို်င်ပိုင်နိုင်နိုင်

    နံပါတ် (၁၄)မှာတော့ အားငယ်နေတဲ့ လက်လေးနှစ်ချောင်းရယ်ပေါ့

    နံပါတ် (၁၆) နောက်ဆုံး လက်နှစ်ချောင်းလေးတွေကတော့ ဒီ V project ရဲ့ ဆွဲဆောင်မုှအရှိဆုုံး အလှဆုံး ချစ်စဖွယ်အကောင်းဆုံး လက်နှစ်ချောင်းထောင်လေးတွေ ဖြစ်လို့နေတယ်။

    Well-loved. Like or Dislike: Thumb up 2 Thumb down 0

  16. Htoo Tay Zar said,

    Wrote on April 20, 2011 @ 11:25 pm

    @ Erik ~ Thanks Bro…

    Like or Dislike: Thumb up 0 Thumb down 0

  17. Htoo Tay Zar said,

    Wrote on April 20, 2011 @ 11:30 pm

    @ W ~ Thanks for your comment… Wishing Happy New Year for you..

    Like or Dislike: Thumb up 0 Thumb down 0

  18. Htoo Tay Zar said,

    Wrote on April 20, 2011 @ 11:48 pm

    @ Bro တောင်ငူ​သား ~ ဟုတ်​ဗျ အမှန် ပဲ အားလုံး​မှာ လက် ၂ ချောင်း​ထောင်ထား​ကြ​တယ်​ဆို​ပေ​မယ့် အသက်အရွယ်၊ အခြေအနေ​လိုက်​ပြီး ကွဲပြား​နေ​တာ​တော့​ရှိ​တယ်… အောက်​ဆုံး​က ၃ မွှာ​ပူး ​ေ​လေး​မ​လေး​တွေ​ကတော့ ကွ​ျန်တော်​လဲ အကြိုက်​ဆုံး​ပဲ.. သူ​တို့ ရိုက်​တဲ့ အချိန်​က နေမပြင်းတော့တဲ့ ညနေစောင်း​သွား​ပြီး အလင်း​ရောင် အကောင်း​ဆုံး အချိန်​ဖြစ်​သွား​တာ​ရယ်.. subject က စိတ်ဝင်စား​စရာ​ကောင်း​ပြီး.. ပြုံး​နေ​တာ​လေး​တွေ က အရမ်း​သ​ဘာ​ဝ​ကျနေ​တာ​လဲ ပါ​မယ်​ထင်​တယ်…

    Like or Dislike: Thumb up 1 Thumb down 0

  19. thanyawzinmin said,

    Wrote on April 27, 2011 @ 11:05 am

    Here I am brother.
    U have strong spirit in ur work like photographic.
    I admire you.
    I want to learn so much from you.
    P>S I downloaded all the photo.

    (why I am here with english ? Coz I am not familiar with Unicode )

    :) Urs Lovely
    Thanyawzinmin

    Like or Dislike: Thumb up 0 Thumb down 0

  20. Htoo Tay Zar said,

    Wrote on May 3, 2011 @ 4:00 am

    Thanks a lot for comment bro… it’s ok bro you can write with Zawgyi or Unicode it’ll convert to Unicode automatically. Thanks

    Like or Dislike: Thumb up 0 Thumb down 0

  21. Candid Photography @ Shwe Da Gon Pagoda « My Burmese Blog said,

    Wrote on August 28, 2011 @ 2:42 am

    [...] သကြန်တုန်းက ရိုက်ခဲ့တဲ့ V Project လိုပဲ ပျော်စရာကောင်းပြီး အသစ်တွေ [...]

    Like or Dislike: Thumb up 0 Thumb down 0

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment:

*
= 4 + 5