
ဒီနေ့ မေလ နောက်ဆုံး ၃၁ ရက်နေ့ဟာ World No Tobacco Day 2011 နေ့ဖြစ်ပါတယ်။ ဒီနေ့ကို WHO က သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီနှစ် အတွက် ဆောင်ပုဒ်က ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်ကင်းဝေးစေဖို့ ဥပဒေ စည်းကမ်း အလေးထားလို့ ဝိုင်းဝန်းလိုက်နာ ဆောင်ရွက်စို့ ဖြစ်ပါတယ်။ ဒီတော့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး အန္တရာယ် ကို အားလုံးသတိပြု မိစေဖို့ အွန်လိုင်းကနေ ရနိုင်သလောက် data တွေ ရှာပြီး ဘာသာပြန်တင်လိုက်ပါတယ်။

တစ်ရက်က အိမ်မှာ Samsung တီဗီ ကြော်ငြာ ကြိုက်လို့ ပြန်ဖွင့်ကြည့်နေတုန်း ကိုရဲအောင်သူ ပြောလို့ Samsung နောက်ထပ် တီဗီ ကြော်တစ်ခု မိုက်တယ်ဆိုလို့ ရှာကြည့်ဖြစ်ပါတယ်။ Samsung ရဲ့ အရင် 3D LED TV Commercial အကြောင်းတော့ အရင်ကရေးဖူးပါတယ်။ ဒီတစ်ခါလဲ အိုင်ဒီယာတော်တော် ကောင်းပါတယ်။ သီချင်းလဲ ကောင်းပေမယ့် ကြော်ငြာနဲ့ မလိုက်သလိုဖြစ်နေတယ်။ အိုင်ဒီယာကောင်းပေမယ့် ကြော်ငြာကြည့်တဲ့သူ တစ်ယောက် နောက်ထပ် scenes တစ်ခုလာမလား ကြည့်နေတုန်းမှာ Smart တီဗီ ဆိုတာကြီး ပြလိုက်တော့ အရသာပျက်သွားသလိုတော့ ခံစားရတယ်။ အရင် ကြော်ငြာလောက်တော့ သိပ်မကြိုက်ပါဘူး။ ဒါပေမယ့် inspiration ယူလို့ ရပါတယ်။

ဒီနေ့ မနက် ၂ နာရီလောက်မှာ မြို့ထဲမှာ ကိုစိုးကြီး၊ ကိုမျက်လုံး၊ ကိုရဲအောင်သူ၊ exiter တို့နဲ့ အတူ ညဘက် ကြယ်မိုးရွာမှာကို ဓာတ်ပုံ ထွက်ရိုက်ဖြစ်ပါတယ်။ မြို့တော်ခန်းမ တစ်ဖက်က ရှေ့နေရုံး နဲ့ လွတ်လပ်ရေးကျောက်တိုင်နားမှာ စခန်းချပြီး စောင့်ကြပါတယ်။ အဓိကက ရှေ့နေရုံးက အဂလိပ်ခေတ် နာရီကြီး နဲ့ ရိုက်ဖို့ လုပ်ကြတာပါ။ ကံမကောင်းချင်တော့ ၄ နာရီအထိ အရိပ်လေးတောင် မတွေ့ရဘူး။ ဒါနဲ့ ပြည်သူ့ရင်ပြင်ဘက်ကို ချီတက်ပါတယ်။

Ikimono Gakari လို့ခေါ်တဲ့ ဂျပန် band အဖွဲ့ ရဲ့ သီချင်းတစ်ပုဒ် တင်လိုက်ပါတယ်။ Blue Bird လို့ခေါ်တဲ့ သီချင်းပါ။ ဂျပန်လိုဆိုထားပါတယ်။ သံစဉ်ကောင်းတဲ့ သီချင်းတစ်ပုဒ်ပါ သီချင်း အဓိပ္ပါယ်သိချင်ရင်တော့ YouTube မှာ ရှာကြည့်လို့ ရပါတယ်။ ဒီရက်ပိုင်းက တရားစခန်းက ပြန်လာပြီးကတည်းက အလုပ်တွေပုံနေလို့ သီချင်းပဲ တင်နိုင်ပါတယ်။ အောက်မှာ သီချင်းရဲ့ music video ကြည့်လို့ ရပါတယ်။

အခု မေလ မှာ ၂၀၀၈ တုန်းက တိုက်ခဲ့တဲ့ မုန်တိုင်း နာဂစ် ၃ နှစ်ပြည့်ဖြစ်ပါတယ်။ ဒီရက်ပိုင်း ဘင်လာဒင် သေတာ နဲ့ royal wedding က top trend ဖြစ်နေပေမယ့် ကွျန်တော်တို့ဆီတိုက်ခဲ့တဲ့ မုန်တိုင်း Nargis ဟာလဲ အမှန်တော့ တော့ဖြစ်သင့်ပါတယ်။ အဲဒီမုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ လူ ၁ သိန်း ၃ သောင်းလောက်သေခဲ့တာဟာ WTC September 11 လူ ၃၀၀၀ ကျော်သေတာထက် ပိုအထိနာပါတယ်။ အနာဂတ်မှာလဲ လူတွေဟာ စစ်ပွဲတွေ လူအချင်းချင်းသတ်လို့ သေရတာတွေထက် disaster တွေ သက်လို့ သေရတဲ့ ပမာဏက အများကြီးပိုနေဦးမှာပါပဲ။

Glennz ဆိုတာ illustration ပြိုင်ပွဲတစ်ခုပါ။ သူက t-shirt တွေမှာ သုံးဖို့ အတွက် ဒီဇိုင်းဆွဲရတာဖြစ်ပြီး vector based ဂရပ်ဖစ်နဲ့ ဟာသမြောက်တဲ့ ဒီဇိုင်းဖြစ်ရပါတယ်။ ဒီနှစ်အတွက် နှစ်ဝက် ပြိုင်ပဲွဝင် ဒီဇိုင်းတွေ Behance မှာတွေ့တာကြောင့် ပြန်ရှဲလိုက်ပါတယ်။ တကယ်ရီရတဲ့ ပုံတွေပါ။ ကွျန်တော့် ဝါသနာက အဲဒီလို ဟာသ tee shirt တွေ ဝတ်ရတာ သဘောကျပါတယ်။ ပျင်းနေတယ်ဆိုရင် အဲဒီမှာ သွားကြည့်ပြီး အားရပါးရရီနိုင်ပါတယ်။ သဘောကျတဲ့ ပုံအချို့ကို ဒီမှာ အမြည်းတင်ထားလိုက်ပါတယ်။