Shwe Da Gon Pagoda in Mist

ဒီနေ့ မနက် ၂ နာရီလောက်မှာ မြို့ထဲမှာ ကိုစိုးကြီး၊ ကိုမျက်လုံး၊ ကိုရဲအောင်သူ၊ exiter တို့နဲ့ အတူ ညဘက် ကြယ်မိုးရွာမှာကို ဓာတ်ပုံ ထွက်ရိုက်ဖြစ်ပါတယ်။ မြို့တော်ခန်းမ တစ်ဖက်က ရှေ့နေရုံး နဲ့ လွတ်လပ်ရေးကျောက်တိုင်နားမှာ စခန်းချပြီး စောင့်ကြပါတယ်။ အဓိကက ရှေ့နေရုံးက အဂလိပ်ခေတ် နာရီကြီး နဲ့ ရိုက်ဖို့ လုပ်ကြတာပါ။ ကံမကောင်းချင်တော့ ၄ နာရီအထိ အရိပ်လေးတောင် မတွေ့ရဘူး။ ဒါနဲ့ ပြည်သူ့ရင်ပြင်ဘက်ကို ချီတက်ပါတယ်။
ပြည်သူ့ရင်ပြင်ဘက်မှာ ဝယ်ထားတဲ့ light panel နဲ့ portrait ရိုက်တယ် နောက် စောင့်ရင်းနဲ့ ရွှေတိဂုံဘုရားမှာ တိမ်တွေ နိမ့်နိမ့်လေး ကပ်ပြီး ဖြတ်သွားနေတာနဲ့ ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ ဒီလိုမျိုးမြင်ကွင်းက ထူးခြားပါတယ်။ တိမ်တွေက ဘုရား အလယ်ပစ္စယံလောက်ကနေ ကပ်ဖြတ်ပြီး အပေါ်ဘက်မှာက ကြည်လင်နေတဲ့ ကောင်းကင် ဖြစ်နေတာပါ။ ဒါနဲ့ စောင့်ရိုက်တယ် ခဏနေတော့ ပြည်သူရင်ပြင် တံခါးဖွင့်တာနဲ့ အထဲကနေ ဆင်ရုပ်တွေနားအထိ တိုးရိုက်ဖြစ်တယ်။ အမှန်က တစ်ဖက်နေရာလေးပဲ လေ့ကျင်ခန်းလုပ်ဖို့ ခွင့်ပေးထားတာ။ နောက်တော့ ဒီပုံရလာပါတယ်။ ဒါနဲ့ သဘောကျလို့ ဘလော့ဂ်မှာ ပြန်တင်လုိက်ပါတယ်။ ညမအိပ်လိုက်ရပေမယ့် သွားရကျိုးနပ်ပါတယ်။
စကားမစပ် ဒီနေ့ ညနေမှာ ကွျန်တော် ပုဂံမှာလုပ်မယ့် Ubuntu Linux ပွဲကို လိုက်သွားဖို့ ခရီးသွားပါပြီ နောက်ရက်တွေမှာ ဘလော့ဂ်တင်ချင်မှ တင်နိုင်ပါမယ်။ မအားလို့ ကြိုတင်လဲ ဘာမှ မရေးထားလိုက်နိုင်ပါဘူး။ ပုဂံ၊ ကျောက်ဆည်၊ အင်းဝ၊ ဦးပိန်၊ မန္တလေး ကို အစီအစဉ်ဆွဲထားတယ်။ ဓာတ်ပုံရိုက်ဖို့ ကိုရဲအောင်သူနဲ့ ၂ ယောက်ထဲ လစ်ပါမယ်။ ပိုက်ဆံလောက်သေးရင် ပြင်ဦးလွင်ကို တက်ဖုိ့စဉ်းစားထားပါတယ်။ ပုံများ မကြာမှီလာမည် မျှော်…..

Tun Tun said,
Wrote on May 6, 2011 @ 10:23 pm
အရမ်း မိုက်တယ်။ ဘာ မှန်ပြောင်း နဲ. ဆက်တင် တွေလဲ ပြောပြပေးပါဦး။း)
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on May 16, 2011 @ 1:55 pm
ကွျန်တော် ရိုက်တုန်းက tripod နဲ့ ရိုက်ဖြစ်တာဗျ lens က EFS 55~250mm မှာ f9 ISO 100 Exposure time 3.2 နဲ့ ရိုက်ဖြစ်လိုက်တာပါ… အဓိကက ရာသီဥတု နဲ့ တိမ်တွေက တော်တော်လှ သွားတာ ပါမယ် ထင်တယ် ခင်ဗျ. ကျေးဇူး bro
Like or Dislike:
0
0
Peaceful said,
Wrote on May 27, 2011 @ 8:49 pm
ပုံတော်ကိုကူးယူပူဇော်ခွင်.ပြုပေးပါ.
Thanks
Like or Dislike:
0
0