World No Tobacco Day 2011

Smoking HTZ by Mr.Ye Aung Thu

ဒီနေ့ မေလ နောက်ဆုံး ၃၁ ရက်နေ့ဟာ World No Tobacco Day 2011 နေ့ဖြစ်ပါတယ်။ ဒီနေ့ကို WHO က သတ်မှတ်ခဲ့တာဖြစ်ပြီး ဒီနှစ် အတွက် ဆောင်ပုဒ်က ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်ကင်းဝေးစေဖို့ ဥပဒေ စည်းကမ်း အလေးထားလို့ ဝိုင်းဝန်းလိုက်နာ ဆောင်ရွက်စို့ ဖြစ်ပါတယ်။ ဒီတော့ ဆေးလိပ်နဲ့ ဆေးရွက်ကြီး အန္တရာယ် ကို အားလုံးသတိပြု မိစေဖို့ အွန်လိုင်းကနေ ရနိုင်သလောက် data တွေ ရှာပြီး ဘာသာပြန်တင်လိုက်ပါတယ်။

ကမာ္ဘပေါ်မှာ လူပေါင်း 5 million လောက်ဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ကြောင့် နှစ် စဉ်သေဆုံးနေကြပြီး အဲဒီထဲက 1.5 million လောက်ဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

လူပေါင်း ၁ သောင်းလောက်ဟာ နေ့စဉ် ဆေးလိပ် နဲ့ ဆေးရွက်ကြီး ကြောင့်သေဆုံး နေရတာပါ။

ဒီနှုန်းအတိုင်းသာ ဆက်သွားမယ်ဆိုရင် သက္ကရာဇ် ၂၀၃၀ မှာ ၁ နှစ်ကို လူပေါင်း 8 million လောက်သေဆုံးတဲ့ အထိ ဆိုးရွားလာမှာဖြစ်ပါတယ်။ အဲဒီ 8 million မှာ 2.5 million ခန့်ဟာ အမျိုးသမီးတွေ ဖြစ်မှာပါ။

ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် သေဆုံးရတဲ့ အမျိုးသမီး တွေရဲ့ လေးပုံ သုံးပုံခန့်ဟာ ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ အလယ်အလတ်တန်းရှိတဲ့ နိုင်ငံတွေကဖြစ်ပါတယ်။ အမှန်ဆို အဲဒီ သေဆုံးနှုန်းကို ကာကွယ်လို့ ရနိုင်ပါတယ်။

ဆေးလိပ်သောက်သုံးသူ အမျိုးသမီး အများစုဟာ ဆေးလိပ်သောက်ခြင်းကို စိတ်ထွက်ပေါက် နဲ့ ခန္တာကိုယ် ပိန်စေနိုင်တယ်လို့ လွဲမှားစွာ ယူနေကြပါတယ်။

အမျိုးသမီးများ ဆေးလိပ်သောက်ခြင်းဖြင့် သနေ္တသား ပျက်ကျမှု့၊ နှောင့်နှေးမှု့ နဲ့ ကလေးအသေမွေးဖွားမှု့၊ နို့ရည် အထွက်နည်းမှု့ စတဲ့ ရောဂါများ ဖြစ်ပွားစေနိုင်ပါတယ်။

လေ့လာချက်များ အရ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် ဖြစ်တဲ့ အဆုတ်ကင်ဆာလို ရောဂါမျိုးတွေဟာ အမျိုသားများမှာ ထက် အမျိုးသမီးများမှာ ပိုအဖြစ်မြန်ပါတယ်။

Second-hand smokers လို့ခေါ်တဲ့ ဆေးလိပ်သောက်သုံးသူရဲ့ အ​ေငွ့တွေကို ရှုရိှုက်နေရတဲ့ အမျိုးသမီး နဲ့ ကလေးငယ်တွေ ဟာလဲ ကိုယ်တိုင်မသောက်ရပဲ ရောဂါတွေ ကူးစက်ခြင်းခံစားနေရပါတယ်။

နေ့စဉ်တိုင်းမှာ ကလေး ၆ ထောင်ကျော်ခန့်ဟာ ဆေးလိပ်ကို စတင်စမ်းသပ် သောက်သုံးကြည့်နေကြပြီး အဲဒီထဲက ၃၀၀၀ လောက်ဟာ ပုံမှန် ဆေးလိပ်သောက်သုံးသူတွေ ဖြစ်လာနေပါတယ်။

ဆေးလိပ်ထုတ်လုပ်ရောင်းချသူတွေဟာ 500 million ပမာဏ ရှိတဲ့ ဆေးလိပ်ဘူးတွေကို အသက်မပြည့်သေးတဲ့ ကလေးတွေကို နှစ်စဉ်ရောင်းချနေပါတယ်။

လူကြီး မိဘများရဲ့ မဆင်မခြင်သောက်သုံးမှု့ကြောင့် 15.5 million အရေအတွက်ရှိတဲ့ ကလေးတွေဟာ အိမ်မှာနေရင်း ဆေးလိပ်​ေငွ့တွေကို နေ့စဉ် ရှုရိှုက်နေကြရပါတယ်။

မြန်မာနိုင်ငံမှာလဲ ဆေးလိပ် နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို မေလ ၄ ရက်နေ့ ၂၀၀၆ ခုနှစ်က ပြဌာန်းခဲ့ပါတယ်။ ဥပဒေ ရဲ့ ရည်ရွယ်ချက်ကတော့ ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု့ကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ကြောင်း အများပြည်သူတို့ နားလည်သဘောပေါက်ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးခြင်းမှ ရှောင်ကြဉ်စေရန် နှင့် ဆေးလိပ်​ေငွ့ကင်းစင်သည့် ပတ်ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် အများြပည်သူတို့၏ ကျန်းမာရေးကို ထိခိုက်စေသည့် အန္တရာယ်မှ ကာကွယ်ရန်တို့ ဖြစ်ပါတယ်။

အများပြည်သူဆိုင်ရာ အဆောက်အဦး၊ သယ်ယူပို့ဆောင်ရေးဌာန နှင့် ဆေးရုံ၊ စာသင်ကျောင်း၊ စာကြည့်တိုက်၊ ဓာတ်လှေကား စတဲ့နေရာတွေမှာ ဆေးလိပ်၊ ဆေးရွက်ကြီးများ သောက်သုံးခြင်း ရောင်းချခြင်းများ ပြုလုပ်ပါက ပထမအကြိမ် ဒဏ်​ေငွ ၂ သောင်းကနေ ၅ သောင်း နှင့် ဒုတိယအကြိမ်မှာ ဒဏ်​ေငွ ၅ သောင်းကနေ ၂ သိန်း အထိ​ေငွဒဏ်သာ မက ထောင်ဒက် ၂ နှစ်အထိချခွင့် ဥပဒေတွေလဲ ပြဌာန်းထားပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထွက်ကုန်များကို တီဗီ၊ ရေဒီယို၊ ရုပ်ရှင်၊ သတင်းစာ၊ ဂျာနယ်တွေမှာလဲ ကြော်ငြာခွင့် ပိတ်ပင်ထားပါတယ်။

အဲဒီ ဥပဒေတွေ စထွက်တုန်းက မှတ်မှတ်ရရ ဆေးလိပ်ကို ဘူးလိုက်သာရောင်းချခွင့်ပြုမှာ ဖြစ်ပြီး အလိပ်ချင်းရောင်းချခွင့်ကို တားမြစ်ထားတာလဲ ပါဝင်တာကြောင့် ဥပဒေ အသက်ဝင်မယ် ၂၀၀၉ ခုနှစ်မှာ စပြီး လက်ဖက်ရည်ဆိုင်တွေ၊ ကွမ်းယာဆိုင်တွေ ရောင်းရ အခက်တွေ့မယ်လို့ ထင်ထားပေမယ့်။ ယနေ့အချိန်ထိ ဘာမှ ပြောင်းလဲ မသွားတာကိုလဲ တွေ့ရပါတယ်။ အခြား တရားဝင်ကြော်ငြာခွင့်တွေ အားလုံးကို ပိတ်ပင်ထားတာကတော့ ယနေ့ အထိ လက်တွေ့အလုပ်လုပ်တာကို တွေ့ရပါတယ်။ အရင်ကဆို 555 ကြော်ငြာတို့၊ David Copperfield တို့ နောက် Lucky Strike ရဲ့ ရဲကား နဲ့ လိုက်ဖမ်းတာတို့ မမြင်ရတာတော့ လွမ်းမိသား။ ဆေးလိပ်ဆိုတာကလဲ စွဲမိရင် ဖြတ်ရခက်လေတော့ ဖြတ်ဖို့ မကြိုးစားနိုင်ရင်တောင် ကလေးတွေနဲ့ အခြားသူတွေ အနှောက် အယှက်မဖြစ်အောင် သောက်ကြပါလို့ တိုက်တွန်းရင်း ဒီပို့စ်ကို အဆုံးသတ်လိုက်ပါတယ်။

အစက ဓာတ်ပုံအတွက် ပုဂံမှာ ရိုက်လာတဲ့ ဆေးလိပ်ပြာခွက်ပုံ တင်မလို့ ကို ရှာမတွေ့တာနဲ့ ကိုယ့်ပုံကို တင်လိုက်ပါတယ်။ ဓာတ်ပုံရိုက်ဖို့ ဟန်ပြသောက်တာဖြစ်ပြီး ဓာတ်ပုံကို ကို Ye Aung Thu ရိုက်ပေးထားတာပါ။ 3 lighting set up ကို မေမြို့မှာ စမ်းကြည့်တုန်းက ဖြစ်ပါတယ်။

One Comment

  1. Black Dream June 9, 2011

    တစ်ကယ်ကြီး ဖြတ်ရတော့မှာလား :D

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 4 + 3