Archive for June, 2011

Google+ And Swiffy

Google+ Social Network

ဒီနေ့ Google ကနေ Google+ (Google plus) ဆိုတာ စပြီး တရားဝင်ဆိုဒ် လုပ်ထားတာတွေ့ရပါတယ်။ ကြည့်လိုက်တော့ Social Networking ပုံစံမျိုးပါပဲ FaceBook ကို ယှဉ်တော့မယ်လို့ ထင်တယ်။ အရင်က လဲ ပြောရရင် Google Wave, Buzz တွေ လုပ်ခဲ့သေးတာပဲ ထင်သလောက် မအောင်မြင်သွားဘူး။ အခုတစ်ခေါက်လဲ နောက်ထပ် ကြိုးစားကြည့်တာ ဖြစ်ပုံရပါတယ်။

Read the rest of this entry »

Stuxnet ~ An Open Source Weapon

Stuxnet Virus Anatomy

Open source တွေ အကြောင်းတော့ တော်တော်လေး ကြားဖူး သုံးဖူးနေတာ ကြာပါပြီ။ Open Source လုပ်ထားတဲ့ open hardware tractor တွေ အကြောင်းတွေလဲ ဖတ်ဖူးတယ်။ အခုကတော့ open source weapon ဆိုတဲ့ infographic video တစ်ခုအကြောင်းပါ။ Stuxnet လို့ ခေါ်ပါတယ်။

Read the rest of this entry »

When You Believe

Prince Of Egypt

ဒီနေ့ မနက် အစောကြီးနိုးနေတာနဲ့ သီချင်းနားထောင်ဖြစ်ပါတယ်။ ငယ်ငယ်က ကြည့်ခဲ့တဲ့ ကာတွန်းကားထဲက သီချင်းပါ။ ဒါနဲ့ အဲဒီသီချင်းအကြောင်းပဲ ပို့စ်လုပ်တင်လိုက်ပါတယ်။ ကာတွန်းကား Prince Of Egypt ထဲက ဇာတ်ဝင်သီချင်းပါ။ When You Believe လို့ခေါ်ပါတယ်။ ဆိုတာကတော့ Whitney Houston နဲ့ Mariah Carey ပါ။ ဒါေပမယ့် ကာတွန်းကားထဲက ဆိုထားတာကတော့ သူတို့ အသံမဟုတ်ဘူးလို့ ထင်ပါတယ်။

Read the rest of this entry »

Lion ~ First Well Known OS Comes with Myanmar Unicode

Lion OS

နောက်လ July ထဲဆိုရင် Mac OS အသစ် Lion ထွက်ပါတော့မယ်။ ဒီ lion ဟာ features အသစ် 250 ကျော်နဲ့ ထူးခြားချက်တွေရှိသလို အထူးခြားဆုံးကတော့ မြန်မာဖောင့် ကို မူလ OS ထဲမှာ သွင်းပေးထားတာပါပဲ။ Unicode font ဖြစ်ပါတယ်။ ကွျန်တော်ကော အခြား နည်းပညာ အကြောင်းရေးနေသူတွေကာ အားလုံး အရင်ကတည်းက လူမုန်းခံပြီး ပြောခဲ့ရတဲ့ အကြောင်းလေးပါ… PC OS Vendors တွေဟာ တစ်ချိန်ကြရင် Unicode based fonts ကို သာ support လုပ်မယ်ဆိုတာ အခုတော့ အိမ်မက်တွေ တကယ်ဖြစ်လာပါပြီ။

Read the rest of this entry »

Daily Life Of A Coal Diver

Coal Divers in Yangon River

ပြီးခဲ့တဲ့ ၇ ရက်နေ့က နေ့လည်ဘက်မှာ ကိုစိုးကြီး နဲ့ ကိုရဲအောင်သူတို့ နဲ့ အတူ မြို့ပြင်ဘက်ထွက်ပြီး ဓာတ်ပုံရိုက်ဖို့ သွားဖြစ်ပါတယ်။ ဟိုရောက်တော့ တာဝန်ရှိသူများက ဓာတ်ပုံပေးမရိုက်တာနဲ့ ပင်ပန်းတာ အဖက်တင်ပြီး ပြန်လာခဲ့ကြတယ်။ ဒါနဲ့ မထူးဘူးဆိုပြီး ရန်ကုန်မြစ်ထဲ သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

Read the rest of this entry »

World IPv6 Test Flight Day

World IPv6 Day

ဒီနေ့ Jun 8 ရက်နေ့ဟာ World IPv6 Day ဖြစ်ပါတယ်။ တိတိကျကျပြောရရင်တော့ ကွျန်တော်တို့ လက်ရှိ ကမ္ဘာမှာ သုံးနေတဲ့ IPv4 ဆိုတဲ့ အင်တာနက်အတွင်းက ကွန်ပျူတာတွေရဲ့ IP address အရေအတွက်ဟာ လက်ရှိမှာ မလုံလောက်တော့တဲံ အတွက် အရေအတွက်ပိုများတဲ့ IPv6 ကို စပြီး စမ်းသပ်မယ့် နေဖြစ်ပါတယ်။

Read the rest of this entry »

Beautiful Timelapse Video Of Shwe Da Gon Pagoda

Shwe Da Gon Pagoda at Sunset

ဒီနေ့ အင်း ည ၁ နာရီခွဲဆိုတော့ မနေ့ကပေါ့ ၆ ရက်နေ့ မှာ ကိုရဲအောင်သူ နဲ့ ရွှေတိဂုံဘုရားကို ညနေဘက်သွားဖြစ်ပါတယ်။ ဓာတ်ပုံလဲ ရိုက်ရင်း timelapse ပါ ရှိတဲ့ iPhone 3G လေးအောက်ဘက်မှာ ထောင်ထားပြီး ရိုက်ဖြစ်ပါတယ်။ ညနေ ၆ နာရီလောက်က ရိုက်လိုက်တာ ည ၈ နာရီကျော်မှ ပြီးပါတယ်။ နောက်တော့ compile render လုပ်လိုက်တော့ အခုတင်ထားတဲ့ ဗီဒီယို စက္ကန့် ၃၀ စာလောက်လေး ထွက်ပါတယ်။

Read the rest of this entry »

Android VS iPhone

Android Robot Toy

၄ ရက်နေ့ စနေနေ့က ကိုကိုရဲ စီစဉ်တဲ့ Ubuntu, Android & PIC ပွဲမှာ မအဲမွန် က Android စက်ရုပ်လေး ယူလာတာနဲ့ ပေါက်ကရ လုပ်ဖြစ်ပါတယ်။ ဒါနဲ့ ကွျန်တော့် ကျောပိုးအိပ်မှာ အမြဲချည်ထားတဲ့ bandanna လက်ကိုင်ပုဝါ စည်းပေးလိုက်ပြီး ရှိတဲ့ 550D နဲ့ အပျော် video ရိုက်ထားလိုက်တယ်။

Read the rest of this entry »

Myanmar Board of Examinations Officially Announce Matriculation Exam Results

Myanmar Matriculation Exam Results

ဒီနေ့ မနက်မှာ ဆယ်တန်း စာမေးပွဲ အောင်စာရင်းထွက်ပါတယ်။ ထုံးစံအတိုင်း ညဘက် ၂ နာရီလောက်မှ စကပ်ပါတယ်။ ဒါနဲ့ ညက သူငယ်ချင်းတွေ ဆီသွားအိပ်ပြီး မနက်စောစော စမ်းချောင်း အ.ထ.က ၂ မှာ ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ ဒီနှစ် ဆယ်တန်းက အဲဒီမှာ ကြည့်ခဲ့သလောက် ဂုဏ်ထူးနဲ့ အောင်တဲ့ သူတွေ တော်တော်များတာပဲ။ ည မနက် ၁ နာရီလောက်မှာ အင်းစိန် ဘက်ကကျောင်းတွေမှာ အောင်စာရင်းကို ၂၀၀၀ ပေးပြီး ကြိုကြည့်လို့ ရတယ်လို့တော့ သတင်းသဲ့သဲ့ ကြားမိသေးတယ်။ ဟုတ်မဟုတ်တော့မသိပါဘူး။ ဝမ်းကွဲ အမွှာ ၂ ကောင်တော့ ဂုဏ်ထူး ၁ ခုစီနဲ့ အောင်တယ်လို့ အဒေါ်ပြောတယ်။ တော်တော်များများလဲ အောင်ကြမယ်ထင်ပါတယ်။

Read the rest of this entry »