Beautiful Timelapse Video Of Shwe Da Gon Pagoda

ဒီနေ့ အင်း ည ၁ နာရီခွဲဆိုတော့ မနေ့ကပေါ့ ၆ ရက်နေ့ မှာ ကိုရဲအောင်သူ နဲ့ ရွှေတိဂုံဘုရားကို ညနေဘက်သွားဖြစ်ပါတယ်။ ဓာတ်ပုံလဲ ရိုက်ရင်း timelapse ပါ ရှိတဲ့ iPhone 3G လေးအောက်ဘက်မှာ ထောင်ထားပြီး ရိုက်ဖြစ်ပါတယ်။ ညနေ ၆ နာရီလောက်က ရိုက်လိုက်တာ ည ၈ နာရီကျော်မှ ပြီးပါတယ်။ နောက်တော့ compile render လုပ်လိုက်တော့ အခုတင်ထားတဲ့ ဗီဒီယို စက္ကန့် ၃၀ စာလောက်လေး ထွက်ပါတယ်။
အမှန်တော့ 550D နဲ့ လဲ timelapse ရိုက်ထားတာပေမယ့် မှားသွားတာက portrait mode နဲ့ သွားရိုက်မိတာ နောက် setting သေချာ မပြင်ထားမိတာကြောင့် ဓာတ်ပုံတွေ ညဘက်ရောက်တော့ မှောင်သွားတာက မသိလိုက်တော့ ပုံ ၁၀၀၀ ကျော်လောက်က မည်းပြီး ပျက်သွားပါတယ်။ ဒါနဲ့ မရလိုက်ဘူး။ အိုင်ဖုန်းမှာတော့ ရလိုက်တာနဲ့ Vimeo မှာ တင်ထားလိုက်ပါတယ်။ ကံကောင်းချင်တော့ ညနေက တိမ်တွေ ဘုရားနားကနေ ကပ်ပြီးသွားနေတာဆိုတော့ ဗီဒီယိုက အရမ်းလှသွားတယ်။ တစ်ခုပဲ iPhone 3G က manuel မရပဲ ပါတဲ့ အတိုင်းရိုက်တာဆိုတော့ ညနေဘက်ရိုက်တာလဲ ဖြစ်တော့ ပုံတစ်ချို့က white balance ပုံစံတွေ ကွဲသွားတာလေးတော့ သည်းခံပေးပါ။ ကျန်တာတော့ တော်တော်သဘောကျပါတယ်။ တိမ်တွေ အနိမ့်ပျံသွားတာလေး ရလိုက်တဲ့ အတွက် ကျေနပ်တယ်။ ဒီဗီဒီယိုကို CNN Channel ကနေလဲ လွှင့်ပါလိမ့်မယ်။ ပျော်စရာကြီး။ နောက်ဆိုရင်တော့ HD ရအောင် ရိုက်ပါ့မယ် DSLR အတွက် Wide lens လေးသာ ဝယ်ပေးကြပါ။

Pascal said,
Wrote on June 16, 2011 @ 8:47 am
like bright light changing back to front
Like or Dislike:
0
0