
ပြီးခဲ့တဲ့ ၇ ရက်နေ့က နေ့လည်ဘက်မှာ ကိုစိုးကြီး နဲ့ ကိုရဲအောင်သူတို့ နဲ့ အတူ မြို့ပြင်ဘက်ထွက်ပြီး ဓာတ်ပုံရိုက်ဖို့ သွားဖြစ်ပါတယ်။ ဟိုရောက်တော့ တာဝန်ရှိသူများက ဓာတ်ပုံပေးမရိုက်တာနဲ့ ပင်ပန်းတာ အဖက်တင်ပြီး ပြန်လာခဲ့ကြတယ်။ ဒါနဲ့ မထူးဘူးဆိုပြီး ရန်ကုန်မြစ်ထဲ သွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ရန်ကုန်မြစ်လည်ကို သမ္ဗာန်ငှားသွားခဲ့ပြီး မြစ်ရဲ့ တစ်နေရာမှာ ရေငုပ်သူတွေ တစ်ချို့ကို ဓာတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ သူတို့တွေဟာ ကျောက်မီးသွေးကို ရေငုပ်ရှာတဲ့သူတွေ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ကျောက်မီးသွေးမထွက်ပေမယ့် ပထမ ကမ္ဘာစစ်လောက်ကတည်းက ရန်ကုန်မြစ်အောက်ဘက်မှာ နှစ်မြုပ်သွားခဲ့တဲ့ ကျောက်မီးသွေးသုံး သဘေင်္ာတွေ ဆီကလက်ကျန်တွေကို ရေငုပ်ရှာဖွေကြတာ ဖြစ်ပါတယ်။ ရေငုပ်ရှာတဲ့ လှေ အစီး ၂၀ ဝန်းကျင်လောက်တွေ့ရသလို အနီးအနားမှာ ငါးဖမ်းကြတဲ့ လှေငယ်လေးတွေလဲ ရှိတာကြောင့် ရန်ကုန် နယ်နမိတ်လို့ သိပ်ထင်စရာတောင် မရှိပါဘူး။
ရေငုပ်ပြီး ရှာတဲ့နေရာမှာ လူတစ်ယောက်ချင်းစီငုပ်ကြတာဖြစ်ပြီး သူတို့မှာ မျက်နှာဖုံးကလွဲရင် ကျန်တဲ့ ရေငုပ်ဝတ်စုံ ခြေတပ်ရေယက်ပြားတွေ တစ်ခုမှမပါပဲ ငုပ်ကြတာ တွေ့ရပါတယ်။ အင်မတန် အသက် အန္တရာယ်များတဲ့ အလုပ်ဖြစ်ပါတယ်။ အပေါ်ကနေ ပိုက်တစ်ချောင်းနဲ့ အောက်ဆီဂျင်ပေးတာတွေ့ရတယ်။ နောက် ရေငုပ်သမားက ရေအောက်က ရှာတွေ့တဲ့ ကျောက်မီးသွေးကို ငါးဖမ်းပိုက်တစ်ခုထဲမှာ စုထည့်ပြီး ၁၀ မိနစ်လောက်နေရင် ပြန်တက်ပါတယ်။ တစ်ခုထူးဆန်းတာက ဟိုအရင်နှစ်ပေါင်းများစွာကတည်းက ငုပ်ပြီး ရှာလာကြတာ ဒီနေ့အချိန်ထိ ရှာလို့ ရတုန်းပဲလို့ ဆိုပါတယ်။
အဲဒီမှာ ရောက်တုန်းထူးခြားတာနဲ့ ဓာတ်ပုံကော ဗီဒီယိုပါ HD နဲ႔ ရိုက်ဖြစ်ခဲ့ပါတယ်။ ဗီဒီယိုရိုက်နေတုန်းမှာ ဓာတ်ပုံကလဲ တစ်ချက်ချက်ရိုက်ချင်တော့ ကလစ်နှိပ်ရာကနေ ဗီဒီယိုထဲမှာ shutter click သံလေးတွေပါသွားတာတော့ သည်းခံပါ။ တစ်ခါမှ ဗီဒီယိုရိုက်နေတုန်း ဓာတ်ပုံမရိုက်ခဲ့ဖူးလို့ပါ။ အမှန်တော့ ဗီဒီယို ရိုက်ဖို့ သွားတာမဟုတ်တော့ ပြင်ဆင်မထားခဲ့ရဘူး ဖြစ်သလို ရိုက်ခဲ့ရတယ်။ နောက်များမှ မိုက်နဲ့ အသေအချာ Discovery လိုလို National Geographic လိုလို documentary ဆန်ဆန်လုပ်ပါဦးမယ်။ အဲဒီအခါကျရင် narration ထည့်ရင်ရမလား ကြံလိုက်ဦးမယ်။ စပိကင်ကောင်းတဲ့ ဘော်ဒါအကူအညီယူပြီးတော့ပေါ့။ အခုတော့ ပုံများကို ရှုစားပြီး HD video လေးကြည့်သွားပါဦးခင်ဗျာ။










Even though Yangon (Rangoon) City does not have any coal mine. There are some people who searching coal for everyday life in Yangon River. They are just villagers around the Yangon City which the former capital city of Myanmar (Burma). They are actually not coal miners, just divers and searching coal which is sank in the deep side of Yangon River.
Those coals are just from the ships sank in World War I when there were so many ships that use coals as fuel. One of the diver from the a boat saying that “they are diving and searching coals since they were young. These days coals are getting hard to find now but we still got amount that we can survive for daily living”. He also said that current diving site is at lease 50 feets deep.
Actually diving for those coals is really dangerous work without any safety. They don’t have diving suit, no safety plans. They just only use a mask which is connected with a DIY oxygen compressor pipe and tie a rope around diver waist. Under the deep river, diver search the coals and put it into fishnet which is used as basket under water. Normally they search coals under the river around 10 minutes. After that another diver substitutes again.
Their daily life is also depend on weather. A diver said they even dive if weather is raining. Due to diving without proper suit and under water compression, some of divers are suffering deaf. They also know that it is really dangerous work, they will keep working on diving for surviving.
Video is recorded by me on 7 June 2011 at somewhere in the Yangon River.
အရမ်းကောင်းတယ်အကို………..
Like or Dislike:
1
0
အိုင်ဒီယာလေးကောင်းတယ်ဗျာ ဗီဒီယိုကင်မရာကောင်းကောင်းနဲ ့သေသေချာချာရိုက်ဖြစ်ရင် ဒီထက်တောင်ကောင်းဦးမှာ
ကင်မရာကလစ်သံကတော့ နည်းနည်းအောက်တယ်ဗျာ။ အသေးစိပ်လေးရိုက်ပြီး နောက်ခံစကားပြောနဲ ့ဆို documentary တောင်လုပ်လို ့ရပြီ
စကားမစပ် WWDC တို ့iOS တို ့မရေးတာကြာပြီနော်။
Like or Dislike:
0
0
very good.
Like or Dislike:
0
0