
နောက်လ July ထဲဆိုရင် Mac OS အသစ် Lion ထွက်ပါတော့မယ်။ ဒီ lion ဟာ features အသစ် 250 ကျော်နဲ့ ထူးခြားချက်တွေရှိသလို အထူးခြားဆုံးကတော့ မြန်မာဖောင့် ကို မူလ OS ထဲမှာ သွင်းပေးထားတာပါပဲ။ Unicode font ဖြစ်ပါတယ်။ ကွျန်တော်ကော အခြား နည်းပညာ အကြောင်းရေးနေသူတွေကာ အားလုံး အရင်ကတည်းက လူမုန်းခံပြီး ပြောခဲ့ရတဲ့ အကြောင်းလေးပါ… PC OS Vendors တွေဟာ တစ်ချိန်ကြရင် Unicode based fonts ကို သာ support လုပ်မယ်ဆိုတာ အခုတော့ အိမ်မက်တွေ တကယ်ဖြစ်လာပါပြီ။
ဆိုတော့ နောင်အချိန် မိတ်ဆွေ စာဖတ်သူဟာ Apple ထုတ် Mac computers တွေ ဝယ်တာနဲ့ မြန်မာဖောင့်ဆိုတာ တကူးတက သွင်းစရာမလိုတော့ပါဘူး။ မြန်မာဆိုဒ်တွေ (Unicode အသုံးပြုထားတဲ့) blogs တွေကို ဘာမှ လုပ်စရာမလိုပဲ ဖတ်လို့ ရမှာပါ။ ရေးလို့ ရမှာပါ။ နောင်အချိန်ကြရင် Mac တင်မဟုတ်ပဲ အသစ်ထွက်မယ် Windows 8 မှာပါ ပါလာမယ်ဆိုရင်တော့ အတိုင်းအထက်အလွန်ပဲပေါ့ဗျာ။
အခုကတော့ အပေါ်မှာ Apple.com ရဲ့ Lion features ထဲက မြန်မာစာ ကို support လုပ်ပေးထားပါတယ်ဆိုတဲ့ စာကြောင်းလေး ကူးယူဖော်ပြလိုက်ပါတယ်။ ဘာကြောင့် Unicode font ပဲပါလာသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းတွေကိုလဲ သိထားသင့်ပါတယ်။ အရင်ကတည်းက ပြောခဲ့သလိုပါပဲ Unicode ဟာ Unicode.org ဆိုတဲ့ နိုင်ငံတကာ non-profit အဖွဲ့အစည်းဖြစ်ပြီး သူကနေ ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးတိုင်းရဲ့ ဘာသာစကားတိုင်းကို ကွန်ပျူတာပေါ်မှာ ရေးလို့ ရမယ်၊ ဖတ်လို့ရမယ်၊ တွက်ချက်လို့ ရမယ့် အခြေအနေရောက်အောင် စီစဉ်ဆောင်ရွက်ပေးနေတာပါ။ သူတို့ကနေ ချမှတ်ထားတဲ့ code point အရေအတွက် နေရာတွေ အလုပ်လုပ်ပုံတွေကို လိုက်နာထားတဲ့ ဖောင့်ကို Unicode based fonts လို့ခေါ်တာပါ။
Unicode fonts ဆိုတာ Myanmar 3 တစ်မျိုးထဲကို ခေါ်တာမဟုတ်ပါဘူး။ သူတို့ သတ်မှတ်ထားတဲ့ standards တွေကို အားလုံးလိုက်နာတဲ့ ဖောင့်တိုင်းကို Unicode based fonts တွေလို့ ခေါ်ပါတယ်။ စာလုံးပုံစံ တွေလဲ မျိုးစုံ ဒီဇိုင်းစုံရှိပါတယ်။ ဖောင့် အများစုဟာဆိုရင် အခမဲ့ Open Sources ပေးထားကြတာပါ။ အခမဲ့ open sources ဆိုတာကလဲ နိုင်ငံတကာက လက်ခံတဲ့ license တွေနဲ့ ပေးထားတာမို့ မည်သူမဆို စီးပွားရေးအတွက်တောင် အခမဲ့ သုံးနိုင်ပါတယ်။
Lion OS X မှာ Unicode font ပါလာတာ တော်ကြာ ပြည်တွင်းက Unicode အစွန်းရောက်တွေ စာပို့ပြီး တောင်းဆိုတယ်တွေ ဘာတွေကြောင့် ထင်နေဦးမယ်။ Unicode.org ရဲ့ အမြဲတမ်း member အချို့ကို wikipedia မှာ တွေ့သလောက်ပြောပြချင်တယ်… သေးသေးလေးတွေပါပဲ Adobe, Apple, Google, IBM, Microsoft, Oracle, Sun Microsystems, Yahoo စတာတွေ ပါပါတယ်။ ဆိုတော့ နောင် အချိန်မှာ အဲဒီ giant vendors ကြီးတွေ Myanmar Sar ကို support လုပ်ရတော့မယ်ဆိုရင် ဘယ်လို အမျိုးအစားဖောင့်ကို သုံးမလဲ ဆိုတာ စဉ်းစားကြည့်လို့ ရပါတယ်။

အခမဲ့ပေးတယ်ဆိုတာ ပြောရင်း အရင်က စင်ကာပူမှာ အသိအကိုကြီး တစ်ယောက်ပြောဖူးတာ သတိရပါတယ်။ သူက မြန်မာလူမျိုးတွေ အတွက် ရည်ရွယ်ထားတဲ့ အိပ်ဆောင် pocket pc, tablet ထုတ်ချင်တာပါ။ သူမှာ develop လုပ်ဖို့ အကုန်ရှိတယ် တစ်ခုပဲ မြန်မာစာအတွက် font ရွေးရာမှာ အခက်အခဲဖြစ်နေတယ်။ သူက စီးပွားဖြစ်လုပ်မှာဆိုတော့ အခမဲ့ license နဲ့ ကွျန်တော်၊ ကွျန်မတို့ က ဒီပစ္စည်းကို အခမဲ့ပေးသုံးပါတယ်ဆိုပြီး ပေးထားတဲ့ ဖောင့်က ယူနီကုတ် ဖောင့်ပဲရှိတာတွေ့ခဲ့တယ်။ သူက အခြားလူသုံးများတဲ့ ဖောင့်ကို သုံးချင်ပေမယ့် အဲဒါတွေက အများအတွက် အခမဲ့ပေးတယ်ဆိုပေမယ့် တရားဝင်လိုင်စင်နဲ့ အတိအလင်းပေးထားတာမဟုတ်တော့ တစ်ချိန်မှာ ပြသနာ တက်မှာ စိုးနေခဲ့တာတွေ့ရတယ်။ ကွျန်တော် ကျေးဇူးကန်းပြီး လျောက်ရေးတာမဟုတ်ပါဘူး business လောကမှာ ကိုယ်စီးတဲ့မြင်း အထီးလား၊ အမလားမသိပဲ နိုင်ငံတကာမှာ အလုပ်လုပ်လို့ မရပါဘူး ဆိုတာ နားလည်ခဲ့ရတာပါ။ Apple က Unicode သုံးသလိုပဲ အခြား pc, tablets company တစ်ခုခုက လဲ မြန်မာစာ support လုပ်မယ်ဆို ဒီအတိုင်းပဲ အခမဲ့ဆိုပြီး ကြေငြာထားသလို နိုင်ငံတကာက လက်ခံထားတဲ့ Unicode fonts တွေကိုပဲ သုံးမှာ အသေအချာပါပဲ။
Lion OS ကို နောက်လထဲမှာ ထုတ်မယ်ဆိုပေမယ့် လောလောဆယ် developer တွေအတွက် ထုတ်ပေးထားပါတယ်။ ကိုထူးမြင့်နောင်က အဲဒီက screenshots တွေတင်ပေးထားတော့ ကြည့်မိတယ်။ Lion OS ဟာ မြန်မာဖောင့် ၂ မျိုး ထည့်ပေးထားတာတွေ့ရပါတယ်။ Myanmar Sangam MN ဆိုတဲ့ unicode standards လိုက်နာထားတဲ့ ဖောင့်ပါ။ Unicode Standards ကို လိုက်နာထားတော့ အခြား ပုံစံတူ Myanmar3, Masterpiece Uni Sans, Padauk စတဲ့ ဖောင့်တွေနဲ့ အတူတူပဲ။
ောက်တစ်ခုထူးခြားတာက ဖောင့်ထည့်ပေးရုံတင် မဟုတ်ပဲ အခြား လုပ်ဆောင်ချက် တွေပါထည့် ပေးထားပါတယ်။ iCal ဆိုတဲ့ calendar မှာ အကုန် မြန်မာလို ပြပေးတယ် icon မှာကအစ မြန်မာလိုပါ။ နောက် နာရီကိုလဲ မြန်မာလို ပြတယ်။ သူက နေ့လည်နဲ့ ညနေဆိုပြီး AM, PM ကိုတောင် ပြပေးသေးတယ်။ ရက်စွဲတွေလဲ ဗုဒ္ဓဟူး စသဖြင့်ပြတယ် လတွေရောပဲ။ တော်တော်လေးကို ပျော်ဖို့ ကောင်းပါတယ်။ သေချာတာကတော့ Lion OS က သက်သေပြပေးတာပါပဲ Unicode fonts တွေဟာ ကွန်ပျူတာပေါ်မှာ စာလုံးပေါ်ပြီး လူက မျက်စိနဲ့ ဖတ်ရုံသက်သက် မဟုတ်ပဲ compute လုပ်လို့ ရတယ်ဆိုတာ ပြပေးတာပါ။
မြန်မာလူမျိုးဟာ အစွဲအလန်းကြီးပါတယ် တော်ရုံတန်ရုံဆို ဘယ်သူမှ အသစ်ကို မစမ်းချင်ကြပါဘူး။ ဒါပေမယ့် သေချာတာကတော့ Web ပေါ်မှာ မြန်မာဖောင့်အတွက် version 1.0 ဟာ ဇော်ဂျီဖောင့် ဖြစ်ပြီး version 2.0 ဟာ ယူနီကုတ် ဖြစ်လာမှာ မလွဲပါဘူး။ နောင်ကျရင် မိတ်ဆွေ နိုင်ငံခြားမှာ ကျောင်းတက်လို့ library ထဲက ကျောင်းပိုင် computer ပဲဖြစ်ဖြစ် လေဆိပ်ထဲက အခမဲ့ ကွန်ပျူတာပဲဖြစ်ဖြစ် Mac OS Lion တင်ထားတာဖြစ်နေရင် မိတ်ဆွေဘာမှလုပ်ဖို့ မလိုပါဘူး စာကြည့်တိုက်ထဲ၊ လေဆိပ်ထဲတင် မြန်မာ Wikipedia တွေ ယူနီကုတ်နဲ့ ရေးထားတဲ့ မြန်မာဆိုဒ်တွေ၊ ဘလောခ်တွေ အပျင်းပြေဖတ်နေလို့ ရတယ်။ အင်မတန်ပျော်ဖို့ ကောင်းသဗျာ… အိမ်က ကွျန်တော့် MacBook Pro screen ကွဲသွားတာနဲ့ အသစ်ဝယ်ရတော့မှာ Lion ပါတာ တစ်ခု နောက် ၄ လလောက်နေရင် ဝယ်လိုက်မယ် စိတ်ကူးတယ်။
နောက်လ ထွက်ရင်တော့ အခုလက်ရှိစက်မှာ US$30 ပေးပြီး Mac App Store ကနေ တင်လိုက်မယ် စိတ်ကူးထားတယ်။ Lion ဟာထွက်ခဲ့သမျှ Mac OS ထဲမှာ ပျော်ဖို့ အကောင်းဆုံး OS ပါ။ နောက်လထွက်မှ screen shots တွေ တစ်ပုံကြီး ထပ်တင်ပါဦးမယ်။ လောလောဆယ်တော့ ကိုစေတန် blog မှာ တင်ထားတဲ့ ပုံတွေကြည့်ပြီး မျက်ရည်ဝဲလို့ ရပါတယ်။ မြန်မာစာကို ဒီလုိ ကမ္ဘာကျော် company တွေက support လုပ်တာ ပထမဆုံးအကြိမ်နဲ့ အံဩဖို့ အကောင်းဆုံးပါ။ အကျိုးအမြတ်ထူးထူးခြားခြား ရှိလာမှာ မဟုတ်ပေမယ့် မြန်မာစာကို support လုပ်ပေးတဲ့ Apple နဲ့ CEO Steve Jobs နောက် Apple teams ကို အရမ်းကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။
ကျွန်တော်လည်း ဒီအတွက် အရမ်းကို ဂုဏ်ယူနေတာပါ..ပျော်လည်းပျော်တယ်.. အခုဆို ကျွန်တော်က Mac User တစ်ယောက်လုံးလုံးဖြစ်နေပြီ.. ဒါကြောင့် Lion ကိုအရမ်းရင်ခုံပြီးစောင့်နေတာ..
ကျေးဇူးတင်ပါတယ်.. အားလုံးကိုပေါ့..
Well-loved. Like or Dislike:
3
0
Windows အတွက် ယူနီကုဒ်နှင့်ကိုက်ညီတဲ့ မည်သည့်ဖောင့်တွေ ရှိပါလဲ။ ကီးဘုတ်စနစ်ကလဲ မည်သည့်ဟာကို အသုံးပြုရပါမလဲ။ ယူနီကုဒ်ဖောင့်တိုင်း ကီးဘုတ်စနစ် အတူတူပါပဲလားဆို ပြောပြပေးပါဦးဗျာ။ အဆက်ပြတ်နေလို့ ဘာမှကိုမသိတော့ဘူး
Like or Dislike:
0
0
မြန်မာ၃+keyman keyboard နဲ့ ကြိုးစားပြီး ရိုက်လိုက်ပါတယ်။ ဇော်ဂျီနဲ့အရမ်းကို အသားကျနေတော့ အတော် ခက်ခက်ခဲခဲ ရိုက်လိုက်ရတယ်။ ယူနီကုဒ်သတ်မှတ်ချက်နဲ့ညီတဲ့ စတန်းဒက်ဖောင့်တွေ ရှိ- ဖြစ် လာပေမယ့် စာရိုက်မယ့် ကီးဘုဒ်ပုံစံ တွေ အားလုံး မတူသေးဘူးလို့ထင်ပါတယ်။ ဘယ်ကီးဘုတ်ပုံစံက သုံးလို့အဆင်ပြေတယ် သုံးသင့်တယ်ဆိုတာ အကြံပေးပါဦးဗျာ။
Like or Dislike:
0
0
ဒီကီးဘုတ်က အတော်လေးလဲ အဆင်ပြေပါတယ်။
စမ်းသုံးကြည့်ပေါဗျာ။http://code.google.com/p/keymagic/
Like or Dislike:
0
0
[...] Suggested Link2: http://www.htootayzar.com/myblog/2011/06/lion-first-well-known-os-comes-with-myanmar-unicode/#more-4… [...]
Like or Dislike:
0
0
You can always install zawgyi even if the OS natively don’t support it. We are doing it now right..
Like or Dislike:
0
1
@ Bro Kingofstar ~ Yes bro, that’s really great to see Apple starts supporting our language. =D Cool
Like or Dislike:
0
0
@ Bro mtj ~ These following fonts are Unicode based fonts bro. Myanmar3, Padauk, Parabaik, WinUniInnwa, Masterpiece Uni Sans, MyMyanmar, Xenotype, Yunghkio, …. bro. ကီးဘုတ်က ယူနီကုတ်ကီးဘုတ်မရလဲ ဖြစ်တယ်အကို ကွျန်တော်လဲ ဇော်ဂျီလက်ကွက်အတိုင်းရိုက်ရတဲ့ KeyMagic keyboard သုံးပြီး ရေးတာပါ။ ကီးဘုတ်တွေ အများကြီးဖြစ်နေတာက ယူနီကုတ်က စာရိုက်တဲ့သူ အားလုံး အသုံးြု့လို့ ရအောင် သူ့မူရင်း လက်ကွက် အပြင် ဇော်ဂျီ လိုမျိုး အခြား ဟာတွေအတွက်ပါ အဆင်ပြေအောင် မျိုးစုံထုတ်ထားပေးလို့ပါ။ သူ့ကိုယ်ပိုင် Standard keyboard ရှိပေမယ့် ယူဇာအားလုံး အဆင်ပြေအောင်လုပ်ပေးထားလို့ များနေတာပါ။ အပေါ်က ကိုရဲရင့် ပြောတဲ့ http://code.google.com/p/keymagic/ မှာ စမ်းလို့ ရပါတယ်။ နောက် http://www.myanmarlanguage.org မှာ လဲ အစုံရှိပါတယ်။
Like or Dislike:
0
0
@ Bro Yae Yin ~ Thanks a lot for the link bro.
Like or Dislike:
0
0
@ Bro Black Knight ~ Yes bro, everyone who own computer can install their favorite fonts into the OS. but for Unicode user, they don’t need to install font on Lion OS. and they can use Myanmar unicode fonts in iCloud, iCal, Finder, iWork easily and natively. It’s not just Myanmar font that can only read on screen and understand by human being only, but also it is possible to calculate numbers and sort it in iWork.
Huge benefit is let say you’re on a public pc (Mac Lion) at School library, Airport and public transportation station where you can only get guest user account can now read and write Myanmar Unicode natively. That’s huge for me bro.
Well-loved. Like or Dislike:
2
0
great job nyi!
Like or Dislike:
1
0
Let me share this post to http://forum.mmitd.com/
Thanks!!
Like or Dislike:
0
0
@kts ~ Hello, yes you can share this as long as giving credit link. Thanks a lot
Like or Dislike:
0
0
Thanks bro.
Yes, I gave credit.
Please see the link below.
http://forum.mmitd.com/forum/topics/os-x-lion-with-myanmar-unicode
Well-loved. Like or Dislike:
2
0
[...] မူရင်းလင့်ခ် – click here [...]
Like or Dislike:
0
0
you have a gift, great posts and great blog.
you will have another regular visitor on your blog.
thanks for the articles.
Like or Dislike:
0
0
[...] Lion ~ First Well Known OS Comes with Myanmar Unicode [...]
Like or Dislike:
0
0