
Open source တွေ အကြောင်းတော့ တော်တော်လေး ကြားဖူး သုံးဖူးနေတာ ကြာပါပြီ။ Open Source လုပ်ထားတဲ့ open hardware tractor တွေ အကြောင်းတွေလဲ ဖတ်ဖူးတယ်။ အခုကတော့ open source weapon ဆိုတဲ့ infographic video တစ်ခုအကြောင်းပါ။ Stuxnet လို့ ခေါ်ပါတယ်။
သူက အမှန်တော့ တကယ့် လက်နက်မဟုတ်ပဲ အားလုံးကို computer code တွေနဲ့ပဲ ရေးထားတဲ့ virus လို့ သိရတယ်။ စစ်ဖက်ဆိုင်ရာတွေမှာ ဗျူဟာကျကျ တိုက်ခိုက်ဖို့ အသုံးပြုတယ်လို့ သိရတယ်။ နာမည်က Hebrew bible ထဲမှာ ပါတာကြောင့် နောက်ကွယ်မှာ အစ္စရေး ဒါမှမဟုတ် အမေရိကန် တို့ လက်ချက်ဖြစ်မယ်လို့ ခန့်မှန်းပေမယ့် အဆိုးဆုံးက ဒီ ဗိုင်းရပ်စ်ကို ထွင်တဲ့သူမဟုတ်တော့ပဲ modify/redesign လုပ်မယ့်သူတွေ ဖြစ်မယ်လို့ ပြောသွားပါတယ်။ ဘာလို့လဲဆိိုတော့ ဒီ virus code က open source ဖြစ်နေလို့ ပါတဲ့။
ဒီ infographic က စိတ်ဝင်စားဖို့ ကောင်းသလို animation အရမ်းကောင်းလွန်းလှပါတယ်။ နောက် narration အသံ sound effect ကလဲ အတော်ကောင်းတယ်။ 3D တွေလဲ ထည့်ထားတာမို့ အချိန်တော်တော်ကြာကြာ လုပ်ယူမှ ရမယ့် video မျိုးဆိုတာ သေချာပါတယ်။ Virus အကြောင်း စိတ်မဝင်စားတောင် motion graphic စိတ်ဝင်စားရင် ကြိုက်မှာ သေချာပါတယ်။
Luv the animation.
Also aware of the danger at the same time.
Thanks!!!
Like or Dislike:
0
0