30 Jul, 2011

မြန်မာ နဲ့ အိုမန် ပွဲမှာ ဖြစ်ခဲ့တဲ့အကြောင်းကို မနေ့က ကွျန်တော် တွေ့ကြုံခဲ့သမျှရေးခဲ့ပြီးသလို အောက်ဆုံးမှာ ကွျန်တော့် အမြင်လဲ ရေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ဒီအကြောင်းက social media တွေမှာကော အခြား နေရာတွေမှာပါ တဖြည်းဖြည်းချဲ့ကားလာနေတာမို့ ကွျန်တော် personal အမြင်ကို တွေ့ကြုံခဲ့ရတာနဲ့ ယှဉ်ပြီး နောက်ထပ် ထပ်ရေးဖြစ် ပါတယ်။
အခုတွေ့ နေရတာက facebook မှာဆိုလဲ တစ်ချို့ ရေးထားကြတာဖတ်ရပါတယ်။ ပြည်သူတွေက အစိုးရကို မကျေနပ်လို့ အဲဒီမှာပေါက်ကွဲကုန်တာတွေကော၊ လက်နက်ကိုင် လုံခြုံရေးတွေ ကြည့်မရလို့ ဆိုတာတွေရော၊ ဦးဇော်ဇော် က ပရိတ်သတ်တွေကို လက်ညိှုးထိုးပြီး အော်ဟစ် ခြိမ်းခြောက်တာတွေကော အစုံပဲ။ ခလုတ် တိုက်တာကနေ နောက်ဆုံး ဖားပြုတ် ရိုက်တယ် ဆိုတဲ့ အခြေအနေတောင် ဖြစ်နေပြန်တယ်။ ဒါနဲ့ ကွျန်တော် ကြုံခဲ့ရတာတွေ ဒီနေ့ အသေးစိတ်ပြန်ထပ် ရေးပါတယ်။
Read the rest of this entry »
29 Jul, 2011

ဒီနေ့ 28 ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကန်တဲ့ မြန်မာ နဲ့ အိုမန် အသင်းရဲ့ ဒုတိယအကျော့ ပွဲစဉ်ကို သွားပြီး သတင်းဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ ဒီပွဲဟာ 2014 FIFA World Cup Brazil Qualifier အတွက် ကန်တာဖြစ်ပါတယ်။ ပထမ အကျော့ အိုမန် နိုင်ငံမှာ ကန်တုန်းက မြန်မာက ၂ ဂိုး ၀ နဲ့ ရံှုးခဲ့ပြီးသားပါ။
Read the rest of this entry »
27 Jul, 2011

ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ကွျန်တော် နဲ့ ကိုရဲအောင်သူ ၂ ယောက် ရန်ကုန် အမျိုးသား ယဉ်ကျေးမှု့ နှင့် အနှပညာ တက္ကသိုလ် (National Arts And Culture University, Yangon) ကို အရောက်သွား ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ အစက ကိုရဲအောင်သူ ရဲ့ project documentary အတွက် ရိုက်ရင်းကနေ အဲဒီအတွက် မသုံးဖြစ်တော့ပဲ စိတ်ပြောင်းသွားကြတာပါ။ ကျောင်းထဲကိုတော့ နန်းညီ ကျေးဇူးနဲ့ ရောက်သွားကြတယ်။
Read the rest of this entry »
22 Jul, 2011

ဒီရက်ပိုင်းမှာ အွန်လိုင်းပေါ်မှာ နိုင်ငံခြားရောက် မြန်မာ တစ်ယောက်နဲ့ နိုင်ငံခြားသား ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဓာတ်ပုံ copyright ကိစ္စ ဖတ်မိပါတယ်။ အစက ဘာမှမပြောလိုပေမယ့် နိုင်ငံခြားရောက် မြန်မာဘလော့ဂ်ဂါရဲ့ ရေးသားပုံ အမြင် perspective ကို သဘောမကျတာကြောင့် အခုစာကို ရေးဖြစ်ပါတယ်။
ဖြစ်ပုံက အဲဒီ မြန်မာဘလော့ဂ်ဆိုဒ်မှာ photo manipulation ခေါ်တဲ့ ဓာတ်ပုံပြုပြင်ပြောင်းလဲ ပေါင်းစပ်တဲ့ နည်းနဲ့ ပုဂံဘုရားပုံနဲ့ စစ်ကျန် ဗိုက်ပူ ဘက်စ် ကားတစ်စီးတွဲထားတဲ့ ပုံမှာ စတာဖြစ်ပါတယ်။ တစ်ဖက်က နိုင်ငံခြားသားက စစ်ကျန် ဘက်စ် ကားပုံဟာ သူ့ပုံဖြစ်ပါတယ်ဆိုပြီး ပြောလာတာပါ။ သူပြတဲ့ သူ့ကိုယ်ပိုင်ရိုက်ပုံ အထောက်အထား စတာတွေ အရ bus ကားရဲ့ ထောင်မြင်ကွင်း ကားနံပါ စတာတွေဟာ အတော်လေးဆင်တူနေတာ တွေ့ရပါတယ်။ ကွျန်တော်အနေနဲ့ comment ပေးတာထက် စာဖတ်သူ ကိုယ်တိုင် ယှဉ်ကြည့်ပြီး judge လုပ်တာ ပိုကောင်းမယ်ထင်ပါတယ်။ ဒီ ကိစ္စအတွက်တော့ သိပ်ထွေထွေထူးထူး မပြောလိုပါဘူး အဲဒီ နိုင်ငံခြားသားက မူရင်း ဓာတ်ပုံဆရာ ဟုတ်မဟုတ်လဲ ကွျန်တော် စိတ်မဝင်စားဘူး။
Read the rest of this entry »
21 Jul, 2011

ပြီးခဲ့တဲ့ သောကြာနေ့ ညက မန်းလေးဘက်ကို သူငယ်ချင်းတွေနဲ့ အတူ ခရီးသွားဖြစ်ပါတယ်။ ခရီးက ကပ်မှ သိရတာကြောင့် အိမ်ကိုတော့ အဲဒီနေ့ မနက်ကမှ ပြောဖြစ်တယ်။ အမှန်တော့ အခြားကိစ္စမဟုတ်ပဲ ဘလော့ဂ်ဂါ သယ်ရင်း နန်းညီ အိမ်ပြန်တာကို အလည်လိုက်ကြတာပါ။ မန်းလေးကို စနေမနက် အစောမှာ ရောက်သွားပြီး အသိအကိုတစ်ယောက် အိမ်မှာတည်းကြပါတယ်။ ရောက်ရောက်ခြင်း မနက်မှာပဲ ခဏနားပြီး ကားငှားပြီးတော့ ပြင်ဦးလွင် တက်ဖြစ်ကြပါတယ်။
Read the rest of this entry »
19 Jul, 2011

ဂျူလိုင် ၁၉ ရက်နေ့ ယနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့မှာ မနက်စောစောပဲ အိမ်ကနေထွက်ပြီး ရွှေဂုံတုိင်ဘက်ကို သွားဖြစ်ပါတယ်။ ဒီနေ့ အတွက် ဓာတ်ပုံရိုက်ဖို့၊ အာဇာနည်ကုန်းသွားဖို့ အဲဒီမှာ ချိန်းထားလို့ပါ။ မနက်စာကို အဲဒီနားက ထမင်းကြော်ဆိုင်လေးမှာပဲ စားဖြစ်တယ်။ အနားတစ်ဝိုက်က ဆိုင်တွေ အားလုံးမှာ အဖြူဝတ် လူကြီး၊ လူငယ် တွေ အများကြီးနဲ့ တွေ့ရပါတယ်။
Read the rest of this entry »
19 Jul, 2011
How to create SuperMacro lens (Как сделать СуперМакро объектив) from lozzless on Vimeo.
18 ~ 55 kit lens ကနေ ပြောင်းပြန်တပ်ပြီး marcro လုပ်ရိုက်လို့ ရတာ အရင်ကတည်းက tutorial တွေဖတ်ဖူးပါတယ်။ ဒီလိုမျိုး အသေးစိတ်ပြန်ဆင်တာမျိုးတော့ အခုမှ ပထမဆုံး တွေ့ဖူးပါတယ်။ motor တွေက အစ အကုန် ပြန်ဆင်ထားတာတွေရတယ်။ Kit lens ဆိုပေမယ့် ကွျန်တော်တို့ အတွက်တော့ စမ်းမကြည့်ရဲပါဘူး။ တော်ကြာ အလုပ်မလုပ်တော့မှ မဝိုက်နိုင်တော့ပဲ ဖြစ်နေမယ်။ DIY video ပါ ကြည့်လို့ ကောင်းပေမယ့် result photo မပြတာတော့ ဟာတာတာကြီး နဲ့ ပြီးသွားတယ်။
15 Jul, 2011

ဒီလ အစောပိုင်းမှာ Vimeo.com မှာ Nokia ကလုပ်တဲ့ short movie ပြိုင်ပွဲ ဆုရသူတွေ ကြေငြာပါတယ်။ ပထမဆုရသွားတဲ့ ဗီဒီယိုကို ကြည့်ဖြစ်တယ်။ ပြိုင်ပဲွရှိတယ်စကြော်ငြာကတည်းက စိတ်ဝင်စားသွားခဲ့တာပါ သူက အသစ်ထွက်ထားတဲ့ Nokia N8 ဖုန်းနဲ့ ဗီဒီယို ရိုက်ရမှာ။ အခုရသွားတဲ့ဗီဒီယိုက တကယ်လဲ ထိုက်တန်ပါတယ်။ အဓိကကတော့ အရင်အတိုင်းပဲ creative idea က သာစားသွားပါတယ်။ technical အများကြီးသုံးပြိုင်တဲ့သူတွေ ရှိပေမယ့် ခက်ခက်ခဲခဲလုပ်တာတွေ လွယ်လွယ်လုပ်တာတွေ ထက် စိတ်ကူးက အဓိကဆိုတာ ပုံပေါ်ပါတယ်။
Read the rest of this entry »
13 Jul, 2011

Aung San Suu Kyi At Bagan Ancient Kingdom (Photo ~ Unknown/ Via Facebook)
အန်တီ ဒေါ်အောင်ဆန်းစုကြည် ပုဂံသွားတဲ့ ရက်တွေက သတင်းတွေ facebook မှာ ဖတ်ရတယ်။ တစ်ရက်က ဘုရားက အပြန် ပုဂံ သရပါတံခါး နားက သရပါ 3 ဆိုင်မှာ ထမင်းစား တယ်ဖတ်ရတယ်။ အဲဒီတုန်းက အမှတ်တစ်မှတ်ပဲ ပုဂံက ပြီးခဲ့တဲ့လကမှ သွားခဲ့တာဆိုတော့ စဉ်းစားနေတာ အဲဒီ အမည်နဲ့ ထမင်းဆိုင်မတွေ့မိပါဘူးလို့။ မနေ့ကမှ ကိုရဲအောင်သူ ပုဂံမှာ အန်တီစု ပုံရိုက်လာတာတွေ ပြတော့မှ အဲဒီဆိုင်က မကြည် ခေါ် အပျိုကြီးနဲ့ အမျိုးတွေရဲ့ ဆိုင်မှန်းသိတော့တယ်။
Read the rest of this entry »
7 Jul, 2011

ဒီနေ့တော့ မျက်စိနာနေလို့ စာများများ မရေးတော့ပါဘူး။ ဗီဒီယိုပဲ တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် CES နဲ့ ခပ်ဆင်ဆင် တောင်ကြီးမှာ လုပ်တဲ့ TEQ Technology Exhibition မှာ ပြခန်းတစ်ခုက ပြထားတဲ့ iPhone 5 (Giant iPhone) ကြီးမှာ Windows 7 run ပြထားတာကို ရိုက်ထားဖြင်းဖြစ်ပါတယ်။ ဒီဗီဒီယိုကို ဘော်ဒါကြီး ကိုကိုရဲ ကနေ လက်တွေ့စမ်းသပ်ပြထားတာဖြစ်ပါတယ်။
Read the rest of this entry »