Burmese Traditional Musical Instruments in Action

ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ကွျန်တော် နဲ့ ကိုရဲအောင်သူ ၂ ယောက် ရန်ကုန် အမျိုးသား ယဉ်ကျေးမှု့ နှင့် အနှပညာ တက္ကသိုလ် (National Arts And Culture University, Yangon) ကို အရောက်သွား ဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ အစက ကိုရဲအောင်သူ ရဲ့ project documentary အတွက် ရိုက်ရင်းကနေ အဲဒီအတွက် မသုံးဖြစ်တော့ပဲ စိတ်ပြောင်းသွားကြတာပါ။ ကျောင်းထဲကိုတော့ နန်းညီ ကျေးဇူးနဲ့ ရောက်သွားကြတယ်။
ကျောင်းဝင်းက အတော်ကျယ်ပြီး ကျောင်းသား ဦးရေက အခြား တက္ကသိုလ်တွေနဲ့ ယှဉ်ရင် ဦးရေနည်းတာတွေ့ရပါတယ်။ အထဲမှာ မေဂျာတွေခွဲထားတာတွေရှိတယ် ပြဇာတ်၊ ရုပ်သေး၊ ပန်းပု၊ ပန်းချီ၊ ဂီတ စသဖြင့်ရှိပါတယ်။ အဲဒီထဲက ကွျန်တော်တို့ ဂီတဌာန မှာ ရိုက်ဖြစ်ကြတယ်။ အထဲမှာတော့ မြန်မာ့ ဆုိင်းဝိုင်း နဲ့ ၇ ပွင့်ဆိုင် တီးကွက်ကို ကျင့်နေကြတာတွေ့ရပါတယ်။ ၇ ပွင့်ဆိုင် ဆိုတာက ဆိုင်း၊ နောက်တို့၊ နှဲ၊ စန္ဒယား၊ စောင်း၊ တယော တို့ဖြစ်တယ်လို့ ဆရာဦးစိန်ဝင်းကျော်က ရှင်းပြပါတယ်။
အရင်ရက်တွေက တစ်ယောက်ချင်းခဲွပြီး ကျင့်တာကနေ ကွျန်တော်တို့ လာတဲ့နေမှ တိုက်တိုက်ဆိုင်ဆိုင် သံစုံပြိုင်တူ စကျင့်တာဖြစ်တယ်လို့ သိရတယ်။ နေ့လည်ကနေ ရိုက်လိုက်တာ ဆရာပြောပြမှ ညနေ ၅ နာရီကစပြီး မိန်းကလေး သက်သက်တစ်ဖွဲ့ အချိန်ရှိကြောင်းသိရတာနဲ့ ညနေအထိနေမယ်ဆုံး ဖြတ်လိုက်ပြီး ကန်တင်း ခဏသွား ဆက်စောင့်ကြပါတယ်။
ညနေမှာတော့ မိန်းကလေးတစ်ဖွဲ့ ဆက်ကျင့်တာတွေ့ရပါတယ်။ ကျောင်းသားတွေအားလုံးဟာ အခုကျင့်နေတာ မကြာခင်လုပ်တော့မယ့် ကျောင်းဆင်းပွဲမှာ ဖျော်ဖြေဖို့ ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းက တူရိယာအစုံအလင် ထားပေးထားတဲ့အပြင် အခြား ပန်းပုဘက်တွေမှာလဲ အရုပ်အစုံနဲ့ အထောက်အကူပြုပစ္စည်းစုံ ထားပေးထားတဲ့ အပြင် ကျောင်းသားတွေကိုယ်တိုင် သုံးနိုင်တာကိုလဲ တွေ့ရပါတယ်။ ဂီတလေ့ကျင့်ခန်းဆို တစ်ခန်းလုံး အသံစုပ်တဲ့ နံရံ၊ မျက်နှာကျက်တွေနဲ့ စနစ်တကျရှိတာတွေ့ရပါတယ်။ တက္ကသိုလ်ထဲမှာ ဒီလို သင်ထောက်ကူ ပစ္စည်းစုံတာမျိုး၊ ပေးသုံးတာမျိုး ကွျန်တော့်အနေနဲ့ ဒီမှာ ပထမဆုံးတွေ့ဖူးပါတယ်။
ဆိုင်းသံကို ကြားဖူးနေကြပေမယ့် ခုတစ်ခေါက်တွေ့တာလောက် စိတ်ဝင်စားမှု့မရှိခဲ့ပါဘူး။ အခုတစ်ခေါက်ကတော့ တွေ့သမျှတူရိယာ အကုန်စိတ်ဝင်စားတော့တာပဲ။ စောင်း၊ တယော၊ ပတ်မကြီးကော မောင်းကော အကုန်ပဲ။ ကံကောင်းတာက မြန်မာအနေနဲ့ ကြံဖန် ဂုဏ်ယူရရင် စောင်း နဲ့ မြန်မာ့ဆိုင်းဝိုင်း ဂီတ တူရိယာတွေ ရှိနေတာက ဂုဏ်ယူစရာပါပဲ။
အစောပိုင်းက မသိခဲ့လို့ သိရင် ၁၀ တန်းပြီးကတည်းက အဲဒီမှာ ကျောင်းလျောက်ပါတယ်။ ဝါသနာလဲ ပါတယ်။ အိုကေ ခုစာရေးနေရင်းပဲ ဗီဒီယိုပါ edit လုပ်တင်လိုက်ပါတယ်။ အစက ဗီဒီယို မတင်တော့ဘူးလို့ပဲ ဒါပေမယ့် တူရိယာ အသံတွေပါ ကြားစေချင်တာနဲ့ ရိုက်လာတဲ့ထဲက တစ်ခုကိုပဲတင်လိုက်တယ်။ တကယ်တော့ ရိုးရာတူရိယာတွေကလဲ တီးတတ်ဖို့ မလွယ်ပါဘူး။ အခုက ပတ်မကြီး တီးတာတင်ထားတာပါ မိန်းကလေးတီးပြီးတော့ အဲဒီလို ဗုံတွေ အကြီးအသေးနဲ့ အစုံအလင်မှာ သီချင်းကို tempo အမြင့်လိုက်တီးရတာ မလွယ်လောက်ဖူးဆိုတာ မတီးတတ်ပေမယ့် ဂီတာ တီးဖူးတာမို့ ခန့်မှန်းမိပါတယ်။
ရိုက်တုန်းက တော်တော်ခက်ခက်ခဲခဲ ရိုက်လိုက်ရပါတယ်။ မိုးမအုံ့ပေမယ့် ကျောင်းခန်းဘေးက သစ်ပင်တွေကြောင့် အထဲမှာ အလင်းရောင် သိပ်မရှိဘူး။ လူမျက်စိနဲ့ ကောင်းကောင်းမြင်လို့ ရတဲ့အခြေအနေပေမယ့် ကင်မရာမှာ ISO တင်မှရိုက်လို့ ရပါတယ်။ flash ပါတော့ ပြသနာ သိပ်မရှိပေမယ့် ဗီဒီယိုရိုက်တော့ ရှိတဲ့ LED panel နဲ့ မီးပေးတာတောင် ISO 800 လောက်အနဲဆုံး တင်ယူလိုက်ရတယ်။ အခုကတော့ အဲဒီနေ့က ရိုက်လာတဲ့ အထဲကပုံတစ်ချို့ တင်လုိက်တာပါ။ မနက်ဖြန်တော့ ပုံတွေ ဓာတ်ပုံထုတ်ပြီး ကျောင်းမှာ လက်ဆောင်ပြန်သွားပေးလိုက် ပါဦးမယ်။





















နန်းညီ said,
Wrote on August 1, 2011 @ 9:43 am
နာ.. ဘလော့စပေါ့ ပြောင်းတွားပြီဟ.. ဟီး..
အော် ပီးတော့.. အဓိက ဘာသာရပ်ကြီးက ၅ ခုပါ..
ပန်းချီ.. ပန်းပု.. ဂီတ.. သဘင် နဲ့ ရုပ်ရှင်
သဘင်မှာမှ ရုပ်သေး နဲ့ ဇာတ်ကြီး .. စပယ်ရှယ်လိုက်ဇ် ဘာသာရပ်ထပ်ခွဲတာဟ.. ရိုက်မယ့်ရိုက်တော့ မေဂျာ ၅ ခုလုံး စုံအောင်ရိုက်ပါလား.. ဒါဆို ရေလည်မိုက်သွားပြီ.. =D
Like or Dislike:
0
0
Soe Wai said,
Wrote on August 1, 2011 @ 6:54 pm
ကိုထူးတေဇာ၊ အဲဒီမှာ နုတ်စာရွက်တွေ ကြည့်တီးနေကြတာတွေ့တယ်ဗျ၊ သူတို့ ဘာနုတ်သင်္ကေတ အမျိုးအစားသုံးပြီး တီးနေကြတာလဲဗျ။
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on August 8, 2011 @ 1:05 am
@ Ko Soe Wai ~ နုတ် က အစုံပဲဗျ အနော်တိုင် းလဲပါတယ်.. တီးနေတုန်းကတော့ ဒိုရေမီဖာ နုတ်နဲ့ ဆိုပြီး တိုက်နေတာ တွေ့တယ်….
Like or Dislike:
0
0
National University of Arts and Culture Yangon ‘s Students | Ye Aung Thu said,
Wrote on August 30, 2011 @ 3:05 pm
[...] မလို့ ထင်တယ် ။ အဲ့တုန်းက ထူးတေဇ သူ့ဘလော့မှာ ဖော်ပြဖူးတယ် [...]
Like or Dislike:
0
0
Graduation Ceremony Of National University of Arts and Culture Yangon « My Burmese Blog said,
Wrote on August 31, 2011 @ 3:06 am
[...] အနုပညာကျောင်းကို ကွျန်တော်တို့ သွားရိုက်တုန်းကတည်းက တိုက်နေကြတာမို့ [...]
Like or Dislike:
0
0