Copyright or Copy is Right?


Yangon Bus By Otto de Voogd

ဒီရက်ပိုင်းမှာ အွန်လိုင်းပေါ်မှာ နိုင်ငံခြားရောက် မြန်မာ တစ်ယောက်နဲ့ နိုင်ငံခြားသား ဓာတ်ပုံဆရာတစ်ယောက်ရဲ့ ဓာတ်ပုံ copyright ကိစ္စ ဖတ်မိပါတယ်။ အစက ဘာမှမပြောလိုပေမယ့် နိုင်ငံခြားရောက် မြန်မာဘလော့ဂ်ဂါရဲ့ ရေးသားပုံ အမြင် perspective ကို သဘောမကျတာကြောင့် အခုစာကို ရေးဖြစ်ပါတယ်။

ဖြစ်ပုံက အဲဒီ မြန်မာဘလော့ဂ်ဆိုဒ်မှာ photo manipulation ခေါ်တဲ့ ဓာတ်ပုံပြုပြင်ပြောင်းလဲ ပေါင်းစပ်တဲ့ နည်းနဲ့ ပုဂံဘုရားပုံနဲ့ စစ်ကျန် ဗိုက်ပူ ဘက်စ် ကားတစ်စီးတွဲထားတဲ့ ပုံမှာ စတာဖြစ်ပါတယ်။ တစ်ဖက်က နိုင်ငံခြားသားက စစ်ကျန် ဘက်စ် ကားပုံဟာ သူ့ပုံဖြစ်ပါတယ်ဆိုပြီး ပြောလာတာပါ။ သူပြတဲ့ သူ့ကိုယ်ပိုင်ရိုက်ပုံ အထောက်အထား စတာတွေ အရ bus ကားရဲ့ ထောင်မြင်ကွင်း ကားနံပါ စတာတွေဟာ အတော်လေးဆင်တူနေတာ တွေ့ရပါတယ်။ ကွျန်တော်အနေနဲ့ comment ပေးတာထက် စာဖတ်သူ ကိုယ်တိုင် ယှဉ်ကြည့်ပြီး judge လုပ်တာ ပိုကောင်းမယ်ထင်ပါတယ်။ ဒီ ကိစ္စအတွက်တော့ သိပ်ထွေထွေထူးထူး မပြောလိုပါဘူး အဲဒီ နိုင်ငံခြားသားက မူရင်း ဓာတ်ပုံဆရာ ဟုတ်မဟုတ်လဲ ကွျန်တော် စိတ်မဝင်စားဘူး။

အဓိက ကျတာက အဲဒီ ကိစ္စ ကို အကြောင်းပြန်ထားတဲ့ မြန်မာဘလော့ဂ်က ပို့စ်ပါ။ အဲဒီမှာ photo manipulation copyright နဲ့ ပက်သက်တဲ့ စာသားတွေကို ကွျန်တော် သဘောမကျပါဘူး။ အမြင် မတူပါ။ နောက် ရေးထားတဲ့ ကွန်မန့်ပေးသူတွေကို စော်ကားထားတဲ့ ခွေးဟောင်တယ်ဆိုတဲ့ အသုံးအနှုံးကို စိတ်အပျက်ဆုံးပါပဲ။ အမြင်မတူဘူးလား ဆွေးနွေးအဖြေရှာပေါ့ အမြင်မတူတာနဲ့ ခွေးဟောင်တယ် စသဖြင့်သုံးနှုံးတာဟာ ကိုယ့်အဆင့်ကို ဖော်ပြတာနဲ့ တူပါတယ်။ အမှန်အတိုင်းပြောရရင် အဲဒီဘလော့ဂ်စခါစက ကွျန်တော် အမြဲဖတ်ပြီး ကြိုက်ခဲ့ပါတယ် နောက်ပိုင်းတော့ စာတွေမှာ ဆိုက်ကို နည်းနဲ့ စာဖတ်သူအမြင်ပြောင်းအောင် ရေးတာတွေများလာလို့ ဖတ်တောင် မဖတ်တော့ပါဘူး။

အိုကေ ထားတော့ ကွျန်တော်ပြောချင်တာ copyright အကြောင်း။ အဲဒီ စာရေးသူဟာ ဒီဓာတ်ပုံကို သူကိုယ်တိုင်ရိုက်ထားတာ မဟုတ်တဲ့ အကြောင်းကို စာထဲမှာ ဖော်ပြထားပြီးသားပါ “To be honest with you, your photo is in better quality than I used to manipulated for my work though I’m not sure who own the original photo since I’ve received the same one in lower quality from the collection of my friend without any label of ownership or copyright.”

ဆိုတော့ ဒီ ဓာတ်ပုံဟာ သူ့သူငယ်ချင်း ဒါမှမဟုတ် အခြားတစ်ယောက်ပိုင်တဲ့ အခြေအနေဖြစ်နေပါပြီ။ သူကိုယ်တိုင်လဲ သူ့သူငယ်ချင်း ရိုက်ထားတာလာ အခြားက ယူထားတာလားဆိုတာ မကျိန်းသေတော့တဲ့ အခြေအနေပါ။ အိုကေ သူလဲ မသေချာတော့တဲ့ ကိစ္စမှာ copyright အကြောင်းဝင်ထောက်ပြတဲ့ စာဖတ်သူတွေကို ခွေးနဲ့ နိှုင်းတာ ဘာမှမပြောလိုတော့ပါဘူး။ စာဖတ်သူမိတ်ဆွေ ကိုယ်တိုင်လဲ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

နောက် ဓာတ်ပုံ photo manipulation မှာသူက Australia copyright ကို ကိုးကားပါတယ်။ Copyright ဥပဒေက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အနည်းငယ်ကွဲပြားပေမယ် အဓိကသဘောတရားက မူလ ဖန်တီးသူ၊ တီထွင်သူကို မနစ်နာအောင် ကာကွယ်ပေးထားတာတော့ နိုင်ငံတိုင်း အတူတူပါပဲ။

သူပြောပါတယ် “ကိုကာကိုလာ အမှတ်တံဆိပ် ကြော်ငြာပါတဲ့ အကျင်္ီကို ဝတ်ပြီး ဓာတ်ပုံ အရိုက်ခံမယ်၊ ပန်းချီ အဆွဲခံမယ် ဘယ်သူက မူပိုင်ရှင်လဲတဲ့” အဲဒါက ရှင်းရှင်းလေးပါ အဲဒီကိုကာကိုလာ လိုဂို အကျီက အဒီ အချိန်မှာ fair use အောက်မှာ အကျုံးဝင်နေပါတယ်။ တကယ်လို့များ အဲဒီ ကိုကာကိုလာ အကျီဝတ်ထားတဲ့သူကို ကွျန်တော်က အချိုရည် နောက်တစ်ခုထုတ်ပြီး သူ့ကို ပိတ်ကန်နေတဲ့ ပုံရိုက်ထားလိုက်ရင် ကိုကာကိုလာ company ဘာလုပ်မယ် ထင်ပါသလဲ။ မိတ်ဆွေ Apple.com က Macbook laptop ကြော်ငြာတွေမှာ Star Trek, Tangled ဇာတ်ကား တွေ ဖွင့်ထားတဲ့ ဓာတ်ပုံတွေ နမူနာပြထားတာတွေ့ဖူးမှာပါ။ ဒါဆိုရင် အဲဒီ web page အောက်ဆုံးဘက်မှာ သွားကြည့်ရင် ဇာတ်ကား မူရင်း company ကို credit ပေးထားတာ၊ laptop ထဲမှာ အဲဒီ ဇာတ်ကားတွေ ထည့်ပေးမထားကြောင်း ရေးထားတာ တွေ့ရမှာပါ။

Photo manipulation နဲ့ ပက်သက်လို့ကတော့ ကွျန်တော် ဥပဒေ အကြောင်းတွေ မပြောခင် ရှင်းရှင်းလေး လူပိန်းတွေးနဲ့ ကွျန်တော်တွေးပြောပါ့မယ်။ မိတ်ဆွေ ရိုက်ထားတဲ့ ဓာတ်ပုံကို ကွျန်တော် manipulate လုပ်လိုက်ပြီးသွားတဲ့ အခါ ဓာတ်ပုံ မူပိုင်ခွင့်ဟာ ကွျန်တော့်မှာရှိတယ်လို့ ပြောရင် မိတ်ဆွေ လက်ခံမှာလား။ လက်ခံမယ်ဆိုရင်တော့ အခု အွန်လိုင်းမှာ ဒီဇိုင်နာတွေ billboard တွေနဲ့ စတာတွေမှာ သုံးဖို့ လိုအပ်တဲ့ Stock Photos ရောင်းတဲ့ဆိုဒ်တွေ ပေါ်လာမှာတောင် မဟုတ်ပါဘူး။ အားလုံး Google search ကနေ ရှာ ပြီးသုံးကုန်ကြတော့မှာပေါ့။

အဲဒီ အဆိုပါ မိတ်ဆွေကြီး ရေးထားတာ ပြန်သုံးရရင် “Little knowledge is dangerous” ပါပဲ။ သူက photo manipulation လုပ်လိုက်တာနဲ့ မူရင်းပုံ ပိုင်ရှင်ဟာ နောက်ပုံနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး ထင်နေတဲ့ အတွက်။ ကမ္ဘာ့အကြီးဆုံး photo manipulation ဆိုဒ်ဖြစ်တဲ့ deviantArt က စာတစ်ချို့ကို ကိုးကားဖို့ ဖော်ပြပေးလိုက်ပါတယ်။ အောက်က link တွေမှာ photo manipulation အဓိပ္ပါယ် နဲ့ copyright အကြောင်း နောက် တရားစွဲခဲ့တဲ့ အဖြစ်အပျက်တွေကို တွေ့ရမှာပါ။ အချို့ဆို မူရင်းပုံမှန်း မသိသာတော့အောင် ပြင်ထားပေမယ့် တရားစွဲလို့ ရနေတာတွေ့ရပါလိမ့်မယ်။

A Beginners’ Guide to Photo Manipulation

How to act when your work is stolen

Image theft: Helpful info & interview with Bruno.

တကယ်လို့များ ဓာတ်ပုံကို manipulate လုပ်လိုက်လို့ မူလ stock photo ပိုင်ရှင်ဟာ သူနဲ့ ဘာမှမဆိုင်တော့ဘူးဆိုရင် တရားမျှတပါ့မလား။ မူလဖန်တီးသူရဲ့ creativity ကို ချိုးဖောက်ရမရောက်ဖူးလား။ နောက်ထပ် အခြားသူတွေရော အဲဒီလို ဖန်တီးချင်စိတ် ရှိပါတော့မလားဆိုတာတွေက ethic နဲ့ လဲဆိုင်လာပါတယ်။ အဆိုပါ စာရေးသူ ဟာ ဒီကိစ္စကို ဥပဒေ အရမစဉ်းစားပဲ ကိုယ်ချင်းစာစိတ်နဲ့ စဉ်းစားရင်တောင် အဖြေက ရှင်းနေပြီးသားကိစ္စကို ထောက်ပြတဲ့သူတွေလဲ စော်ကား၊ မူလပိုင်ရှင်ပါလို့ claim လုပ်တဲ့ သူကိုလဲ တရားစွဲလို့ ရတယ်မျိုးတွေပြောနေတော့ gentleman စတိုင်နဲ့ စာရေးလေ့ရှိတဲ့ အဆိုပါ စာရေးသူရဲ့ ကိုယ်ကျင့်တရားက မပြေးသော်လဲ ကန်ရာရှိနေတဲ့ အတိုင်းဖြစ်နေတာ တွေ့လာရပါတယ်။

ကွျန်တော့် အနေနဲ့ နိုင်ငံခြားမှာလဲ ဒီဇိုင်နာ အနေနဲ့ လုပ်ဖူးပါတယ်။ outsource တွေလဲ လုပ်ခဲ့ဖူးတဲ့ အခြေအနေအရ stock image, photo manipulation ကိုလဲ အခြေခံလောက်ကို သိထားနားလည်ထားပါတယ်။ ဒီအခြေအနေမှာ ဓာတ်ပုံ ကို ပြင်လိုက်လို့ မူလပိုင်ရှင်ဟာ မူပိုင်ခွင့် မရှိတော့ဘူးဆိုရင် ဘယ်သူမှ အသစ်အဆန်းလုပ်တော့မယ် မထင်ပါဘူး။ ဥပမာ အနေနဲ့ နာမည်ကျော် အဝတ်အထည် ထုတ်တဲ့ company GAP ကနေ အခြားသူရဲ့ ဓာတ်ပုံကို အသိမပေး၊ အခကြေး​ေငွ မပေးပဲ ဓာတ်ပုံကို illustration graphic ပုံစံမျိုး အဖြစ်ပြောင်းယူသွားခဲ့တဲ့ ပြသနာကို အောက်မှာ ကြည့်လုိ့ ရပါတယ်။

flickr & gap

Gap Uses Flickr Photo for Clothing Graphic without Permission

နောက် တစ်ခုအနေနဲ့ Paul Smith company နေ ထုတ်တဲ့ အကျီမှာ အခြားသူတစ်ယောက်ရဲ့ ဒီဇိုင်း ခိုးယူ manipulate လုပ်ထားတဲ့ ပြသနာကိုလဲ ဒီမှာ ကြည့်လုိ့ ရပါတယ်။

Paul Smith T-Shirt Design Stolen from Image on Flickr

Paul Smith T-Shirt Design Stolen from Image on Flickr

နောက်ဆုံးအနေနဲ့ နာမည်ကျော် Scream ဆိုတဲ့ ဓာတ်ပုံနဲ့ သူ့ရဲ့ အခိုးခံရတဲ့ အကြောင်းကို documentary လုပ် ရိုက်ထားတဲ့ Stolen Scream ဆိုတာလေးတွေ ကြည့်ပြီးရင်တော့ photo manipulation နဲ့ copyright အကြောင်းကို ဥပဒေ အကြောင်းအရ နားမလည်တောင် ကိုယ်ချင်းစာစိတ် ethic အရ မလုပ်သင့်ဘူးဆိုတာကို စာဖတ်သူလဲ သဘောပေါက်မိမှာပါ။

ပြောရရင်တော့ အဲဒီ စာရေးသူ စကားပြန်သုံးရရင် မြန်မာလူမျိုးတွေရဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေ အကြောင်း ကို ကွျန်တော့် အနေနဲ့ နောက်ထပ် တစ်ခု ထပ်သိနားလည်လိုက် ရတယ်လို့ ပဲ ပြောရမှာပေါ့ဗျာ။ ပြောချင်တာက copyright ပါ copy is right မဟုတ်ပါဘူး တရားပြန်စွဲ လို့ ရတယ် ဘာညာတွေ့ရတော့ ကွျန်တော့် အနေနဲ့ ဘာမှတောင် မပြောလိုတော့ပါဘူး။

စာရေးကောင်းတာနဲ့ စာဖတ်သူကို ကိုယ်လိုရာဆွဲခေါ်ပြီး ပြောချင်ရာပြောလို့ စာဖတ်သူတွေ အနေနဲ့ အားလုံးကို အမှန်လို့ ယုံမယ် မထင်ပါနဲ့။ လူဆိုတာက စကားထဲက ဇာတိပြပါတယ် အဲဒီ စာဖတ်နေရင်းနဲ့ပဲ အရှေ့အနောက် မညီတဲ့ မလုံမလဲ ဖြစ်နေတဲ့ အကြောင်းကိုလဲ စာဖတ်သူတွေ အနေနဲ့ နားလည်ပါတယ်။ မြန်မာတွေကို ငတုံးတွေ ငအ အကျင့်မကောင်းဘူး စတာတွေ ရေးပြီး ခပ်ပေါ့ပေါ့ တွေးနေရင်တော့ မိတ်ဆွေ မှားနေပြီလို့ ပဲ ပြောချင်ပါတယ်။ ဒီလို case မှာ သိပ်ထွေထွေ ထူးထူးရှင်းပြဖို့ မလိုပါဘူး ကွျန်တော်ကိုယ်တိုင်လဲ ဘာမှားပြီး ဘာမှန်တယ် မပြောပါဘူး။ စာဖတ်သူတွေသာလျှင် judge ဖြစ်ပါတယ်။

ဒီ case နဲ့ ပက်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ ဆွေးနွေးချက်တွေကို အောက် ပါ လင့်ခ်တွေမှာ ဖတ်လို့ ရပါတယ်။

C-O-P-Y ကိုယ်ပိုင်

Discussion on Google+ by a person who claimed as original photographer

Honesty




Related Posts

4 Comments so far »

  1. TZA said,

    Wrote on July 22, 2011 @ 9:12 pm

    ဒီဆိုက်ကို ကျနော်လည်း အရင်ကဖတ်ဖူးတယ်၊ ကော်မန့်ရေးဖူးတယ်၊ ဒါပေမဲ့ နောက်ပိုင်းထပ်မရောက်ဖြစ်တာ ဒီနေ့အထိပဲဆိုပါတော့။ :p

    Well-loved. Like or Dislike: Thumb up 6 Thumb down 0

  2. တောင်ပေါ်သား said,

    Wrote on July 23, 2011 @ 8:40 am

    ကာယကံရှင်တွေရဲ့ နံမယ်တွေတပ်ပီးရေးရင် ပိုကောင်းမယ်ဗျာ .. အခုဟာက ဇဝေဇဝါနဲ့ …ဘယ်သူမှန်း မသိဘူး ဖြစ်နေတယ် ..သူတောင် ပေါ်တင်ကြီး သူများဟာယူသေးတာပဲ ..နံမယ်လဲ ပေါ်တင်ရေးပေါ့ဗျာ.. ဘာဖြစ်လဲ ..
    ( တနင်္ဂနွေနံနဲ့စပီး နံမယ် ၃ လုံးရှိတဲ့ ဘယ်သူဘာညာလို့တော့မလုပ်နဲ့နော် )

    Well-loved. Like or Dislike: Thumb up 4 Thumb down 1

  3. Ye Yint said,

    Wrote on July 23, 2011 @ 2:42 pm

    ပို့စ်ရဲ့အောက်ဆုံးက ဆက်စပ်အကြောင်းအရာတွေကို ဖတ်ကြည့်ပါဗျာ။ ဒဲ့ပါပဲ။ လုံးဝမစောင်းပါဘူး။

    Well-loved. Like or Dislike: Thumb up 5 Thumb down 0

  4. Boyz said,

    Wrote on July 25, 2011 @ 12:50 am

    စဖြစ်နေကတည်းက စောင့်ုကည့်နေတာ။ ပိုင်ရှင်ကတော့ ရက်ချိန်းပေးထားတာ စေ့သွားပြီ။ အက်ရှင်ယူမယ်သာ ပြောနေတာ။ ဘာမှ လုပ်တာ မတွေ ့သေးဘူး။

    နေဦး။ မ.ထ.သ ကရော သူ ့ ကားပုံ လာရိုက်လို ့ မူပိုင်ခွင့် တောင်းလို ့ မရဘူးလား။အေးရော။

    Like or Dislike: Thumb up 1 Thumb down 1

Comment RSS · TrackBack URI

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: