
ဒီနေ့တော့ မျက်စိနာနေလို့ စာများများ မရေးတော့ပါဘူး။ ဗီဒီယိုပဲ တင်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် CES နဲ့ ခပ်ဆင်ဆင် တောင်ကြီးမှာ လုပ်တဲ့ TEQ Technology Exhibition မှာ ပြခန်းတစ်ခုက ပြထားတဲ့ iPhone 5 (Giant iPhone) ကြီးမှာ Windows 7 run ပြထားတာကို ရိုက်ထားဖြင်းဖြစ်ပါတယ်။ ဒီဗီဒီယိုကို ဘော်ဒါကြီး ကိုကိုရဲ ကနေ လက်တွေ့စမ်းသပ်ပြထားတာဖြစ်ပါတယ်။
iPhone အတိုင်းလုပ်ထားတာတော့ အမှန်ပဲခင်ဗျ။ ဆိုဒ်ကြီးက အကြီးကြီး ဖုန်းတော့ ပြောလို့မရဘူး။ touch ကလဲ မဆိုးပါဘူး ဆန်းဆန်းတင့် ဖြစ်ပါတယ်။ Brand ကတော့ တရုတ် brand ပါ။ သေချာတောင် မေးမထားမိလိုက်ဘူး။ ပွဲနေ့တွေက အားယားနေတာနဲ့ နေ့တိုင်း အဲဒီဆိုင်တွေမှာ ပတ်ပြီး MSI မှာ သွားပြီး 3D game ဆော့လိုက် အခြားဆိုင်တွေမှာ ဝင်စပ်စုလိုက်နဲ့ ဟုတ်နေကြတာ။ နောက်ရက်မှ MSI + Nvidia 3D game ဗီဒီယိုလဲ တင်ပါဦးမယ်။ လောလောဆယ်တော့ Apple က မထုတ်တဲ့ iPhone 5 ကြီးကို ရှုစားကြပါဦး။
ဘယ်နေရာမှာ ရေးရမှန်းမသိလို့..။ သတိရလို့ တစ်ခုပြောဦးမယ်..။ မြန်မာပြည်မှာ လုပ်မယ့် Sea Game အတွက် Logo ပြိုင်ပွဲလုပ်တော့မယ်..။ ဖောင်ဝယ်ပြီး ပြိုင်လို့ရတယ်..။ ရမယ့် ပိုက်ဆံက မက်လောက်စရာ မဟုတ်ပေမယ့်..။ နိုင်ရင်တော့ တော်တော်ဂုဏ်ယူရမှာ ၀င်ပြိုင်ပါလား ညီလေး..။
Like or Dislike:
0
0