
ဒီနေ့ 28 ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ကန်တဲ့ မြန်မာ နဲ့ အိုမန် အသင်းရဲ့ ဒုတိယအကျော့ ပွဲစဉ်ကို သွားပြီး သတင်းဓာတ်ပုံ ရိုက်ဖြစ်ပါတယ်။ ဒီပွဲဟာ 2014 FIFA World Cup Brazil Qualifier အတွက် ကန်တာဖြစ်ပါတယ်။ ပထမ အကျော့ အိုမန် နိုင်ငံမှာ ကန်တုန်းက မြန်မာက ၂ ဂိုး ၀ နဲ့ ရံှုးခဲ့ပြီးသားပါ။
ဒီနေ့မှာ ကိုရဲအောင်သူ နဲ့ ကွျန်တော့်အိမ်ကနေ ၂ နာရီကတည်းက ထွက်ခဲ့ပေမယ့် ကွင်းထဲမှာ မီဒီယာတွေ ပေးဝတ်တဲ့ အကျီ လက်ကျန်မရှိတာကြောင့် နာရီဝက်လောက် အောက်ဘက်မှာ တာဝန်ရှိသူတွေနဲ့ လည်နေခဲ့ပါတယ်။ ကွင်းထဲမှာကတော့ မီဒီယာသမား ၁၀ ယောက်လောက်ပဲ ရှိသေးတယ်။ ဒါပေမယ့် ထုံးစံအတိုင်း media အတွက် vest မကျန်တော့ဘူး။ နောက်တော့ ရသွားလို့ ကွင်းထဲဝင်ဖြစ်တယ်။
ကွင်းဟာ အထူးတန်းမှာ လူအပြည့်အကျပ်နဲ့ ဖြစ်နေပြီ အခမဲ့ ပေးဝင်ထားတဲ့ ရိုးရိုးတန်း မှာတော့ လူအပြည့်ဖြစ်နေပြီ။ အရင်တစ်ခေါက် မွန်ဂိုလီးယား နဲ့ပွဲတုန်းကလဲ ရိုးရိုးတန်း အခမဲ့ ပေးဝင်ပေမယ့် ဒီလောက်လူမများခဲ့ပါဘူး။ အခုတစ်ခေါက်ကတော့ လူပိုသိသွားလို့ ထင်တယ် အရမ်းများပါတယ်။ နောက်တော့ ၃ ခွဲမှာ စကန်ပါတယ်။ ပွဲစကတည်းက အိုမန် ဖိကစားနိုင်တယ် မြန်မာလဲ မဆိုးပါဘူး ပြန်ကန်နိုင်တယ်။ သိပ်မကြာခင်မှာတော့ အိုမန် အသင်းက ကစားသမား ခေါင်းတိုက်သွင်းသွားတာ ပထမဂိုးစရသွားပါတယ်။
နောက်တော့ ဆက်ကစားနေတုန်းမှာ ၃၇ မိနစ်လောက်မှာ မြန်မာအသင်းက အိုမန် ကိုလဲတယ်ဆိုပြီး ပင်နယ်တီ နောက်ထပ်ပေးပါတော့တယ်။ အဲဒီမှာ ပွဲစပါတယ် မြန်မာအသင်း ပရိတ်သတ်တွေ နဲနဲကြမ်းလာတယ်။ အထူးတန်းဘက်ကနေ ပေါက်လိုက်တဲ့ ရေထုပ်တွေက တစ်ဖက်အသင်း အိုမန် ရဲ့ နည်းပြတွေ ထိုင်တဲ့နေရာအထိ ရေစင်ပါတယ်။ အဲဒီမှာ နည်းပြတွေ ထပြီးစပြေးတယ် နောက်တော့ ပြန်ထိန်းလိုက်ပြီး ပွဲပြန်ကစားပါတယ်။
အဲဒီမှာပဲ နဂိုကမှ ထုချင်နေတဲ့ ပရိတ်သတ်များက ပိုပါတယ်ဆိုပြီး ဖိနပ်တွေနဲ့ ထုပါတယ်။ နောက်ခဲတွေကော စားနေတဲ့ သစ်သီးတွေကော အစုံပါလာတယ်ခင်ဗျ။ နောက်တော့ ကွင်းပတ်ပတ်လည်မှာလဲ ထုတာတွေ စပါတော့တယ်။ ကွျန်တော်တို့က အဲဒီအချိန်မှာ အိုမန် အသင်းဂိုးပေါက်နားမှာ ဓာတ်ပုံရိုက်နေကြတာပါ။ ခဲတွေက ကွင်းမှာ ပြေးလမ်းခြားသေးတာတောင် ရောက်ပါတယ်။ ဒီနေ့ပွဲက လူလဲ အရမ်းများပါတယ် အထူးတန်းမှာ လိုင်းကားတိုးသလို တိုးကြည့်နေကြရတာပါ။ ရိုးရိုးတန်းတွေလဲ ပြည့်နေတဲ့ အပြင် ကြားထဲက သံဇကာတွေ ဘက်တောင် လူတွေ မနည်းပါဘူး။ အဲဒီမှာ တော်တော်များများက ထုကြတော့တာပါပဲ။ အစက ကွျန်တော် ထိုင်ပြီး ဓာတ်ပုံရိုက်နေတာကနေ အခြေအနေ မဟန်လို့ ကွင်းစည်းနားတောင် တိုးပြီးရှောင်ရတယ်။
နောက်ပိုင်းတော့ ဘောလုံးကွင်းက အစီအစဉ်ကြေငြာသူလဲ မေတ္တာရပ်ခံပေမယ့် မရပါဘူး။ ပြန်ကစားဖို့ ကြိုးစားပေမယ့် မြန်မာအသင်း ထောင့်ကန်ဘော ကန်ရခါနီးမှာ အဲဒီနား ရိုးရိုးတန်းပွဲကြည့်စင်က ပရိတ်သက်တွေ ခဲတွေနဲ့ ပါထုကြတာမို့ ကွင်းထဲက ကစားသမားတွေလဲ နားကုန်ပါတယ်။ ကွျန်တော့်နောက်က ပစ်နေတဲ့ ခဲတွေက အိုမန် ဂိုးသမား (EPL ဝီဂန် အသင်း ဂိုးသမား) နားတွေပါ ကျတော့ ဂိုးသမားတောင် ဂိုးနားမကပ်ရဲတော့ဘူး။ နောက်တော့ ဦးဇော်ဇော် က သူထိန်းမယ်ဆိုပြီး ကွင်းထဲဆင်း ပွဲကြည့်စင်တွေနား လိုက်ကပ်ပြီး တောင်းပန်ရှာပါတယ်။ ဒါပေမယ့် မရပါဘူး သူလာမှ ပိုဆိုးသောင်းကျန်းကုန်ပြီး ထုတာတွေ ဖြစ်ပါတယ်။
ဦးဇော်ဇော် နဲ့ လိုက်တောင်းပန်တဲ့ အဖွဲ့တွေလဲ ကွမ်းတံတွေး အိပ်တွေနဲ့ ထုလို့ စင်ကုန်ပါတယ်။ နောက်မနိုင်တော့ ရဲတပ်သားတွေ အယောက် ၂၀ လောက်ကွင်းထဲမှာ လိုက်ပြီး ထိန်းပါတယ်။ နောက်တော့ ရှိတဲ့ ကွင်းလယ်ဒိုင်၊ စည်းကျပ်ဒိုင် ဂျပန်လူမျိုး ၃ ယောက်ကော၊ ကွင်းတာဝန်ခံ၊ FIFA agent, AFC agent တွေကော ဘောလုံးအဖွဲ့ချုပ်ကကော ကွင်းလယ်မှာတိုင်ပင်ကြရပါတယ်။
အထူးတန်းပွဲကြည့်စင်က ထုလိုက်တဲ့ အရာတစ်ခုက တစ်ဖက်အသင်းနည်းပြတွေထိုင်တဲ့ ခုံနောက်က ဖိုက်ဘာ မှန်အကြည်တောင်ပေါက်ပြီး ခေါင်းကိုသွားမှန်ပါတယ်။ သူတို့လဲ ကွင်းလယ်မှာ ဆေးကုပေးရပြီးတဲ့နောက် အဲထဲမှာပဲ မိနစ် ၂၀ လောက်ဆွေးနွေးကြပါတယ်။ နောက်တော့ ၂ ဖက် ကစားသမားတွေ ကွင်းထဲကနေထွက်ပါတယ် အဲဒီ အထွက်မှာလဲ ထုလိုက်ကြတာ မိုးရွာတဲ့ အတိုင်းပါပဲ။ ပါသမျှ ဖိနပ်၊ မီးခြစ်၊ ထီး အပြင် အကျီလိုမျိုးတောင် ခွျတ်ပြီး ထုကြပါတယ်။ ခိုးယူလာတဲ့ အရက်ပုလင်းပြားတွေ၊ ရေသန့်ဘူးခွံတွေလဲ ကွင်းထဲကို ကျပါတယ်။
နောက်ဆုံးတော့ ဘောလုံးပွဲဟာ ပထမပိုင်း မပြီးခင်မှာပဲ ဆက်ကစားဖို့ မဖြစ်နိုင်တော့လို့ ရပ်နားလိုက်ပါတော့တယ်။ ကွျန်တော်တို့ မီဒီယာသမားတွေကတော့ ကွင်းထဲမှာ ထွက်လို့ မရသေးပဲ နောက်ထပ် မိနစ် ၂၀ လောက်ထပ် အခြေအနေစောင့် ရပါသေးတယ်။ ရေလဲမသောက်ရ နေ့လည်စာလဲ မစားရမို့ အတော်ဆာနေတာပါ။ ရေကကံကောင်းချင်တော့ ကစားသမားတွေ ကျန်ခဲ့တဲ့ ဓာတ်ဆားရေ သောက်ပြီး အငတ်မပြေပေမယ့် အာသာဖြေယူရတယ်။ နောက်တော့ မီဒီယာသမားတွေ ထွက်ခွင့်ရပါတယ်။ အဲဒီမှာလဲ ထုကြပြန်ပါတယ်။
ကွျန်တော်တောင် ထွက်မလို့ အားလုံးက ဝရုန်းသုံးကား ပြေးနေကြတာမို့ မထွက်တော့ပဲ နောက်တော့မှ အေးဆေး ၁ ယောက်ချင်းထွက်တော့ အိုကေသွားပါတယ်။ နောက်တော့ မီဒီယာသမားတွေ အရင်အတိုင်း ပထမထပ်က press conference အတွက် စုပေးပါပြောလို့ အဲဒီမှာ နာရီဝက်လောက် သွားစောင့်ရပါသေးတယ်။ နောက်တော့ မီဒီယာ ရှင်းလင်းပွဲလဲ မလုပ်တော့ဘူး လာပြောပါတယ်။ အဲဒီအချိန်ထိ ပရိတ်သတ်တော်တော်များများက စောင့်နေတုန်းပါ ဘောလုံးပြန်ကန်ဦးမယ် ထင်နေကြပါတယ်။ နောက်တော့ စပီကာကနေ FIFA ဥပဒေ အရ ၂ နာရီထက်ပို ရပ်နားတဲ့ ပွဲဟာ ဆက်ကန်ခွင့်မရှိဘူး ကြေငြာလိုက်မှ တော်တော်များများ ပြန်ကုန်ကြပါတယ်။
ကွျန်တော်တို့လဲ ဒါနဲ့ ရှိတဲ့ ကင်မရာလေးတွေ ကျောပိုးအိပ်ထဲထည့်ဖွက်ပြီး ပရိတ်သတ်တွေနဲ့ ရောပြန်ရပါတယ်။ မဟုတ်ရင် ကင်မရာနဲ့ မီဒီယာ သမားမှန်းသိလို့ကတော့ ဘာမှမလုပ်တောင် ဒီနေ့ပွဲအကြောင်း ရစ်ခံရမှာ သေချာပါတယ်။
ဒီနေ့ပွဲဟာ ကွျန်တော့် အမြင်ပြောရရင် အရင်ပွဲတွေထက် ပိုဆိုးရတဲ့ အကြောင်းဟာ ပွဲရက်မစခင်ကတည်းက လက်မှတ် အတုတွေ ထွက်နေခဲ့တာလဲပါမယ် ထင်ပါတယ်။ ဒါကြောင့် အထူးတန်း ပွဲကြည့်စဉ်က လိုတာထက်ပိုပြီး လူတွေ ကျပ်နေခဲ့ပါတယ်။ နောက်ဆိုးတာတစ်ခုက ရိုးရိုးတန်းကို အခမဲ့ လုပ်လိုက်ခြင်းလို့ ပြောရမယ်ထင်တယ်။ စေတနာနဲ့ အားပေးတဲ့ ပရိတ်သတ် များအောင် လုပ်လိုက်ရာမှာ အောက်တန်းစားတွေပါ အများကြီးရောဝင်လာတယ်လို့ ထင်ပါတယ်။ အောက်တန်းစားဆိုရာမှာ ကွျန်တော် ေငွကိုပြောချင်းမဟုတ်ပါ စိတ်ဓာတ် ကိုသာပြောလိုပါတယ်။ ေငွနဲ့ အဆင့်အတန်း မတိုင်းပါဘူး။
အဲဒီမှာ အဆိုးဆုံးက ရိုးရိုးတန်းကပါပဲ ပွဲမစခင်ကတည်းက အရှေ့ဘက်မှာ ရှိတဲ့ ကစားကွင်း မီးရှုးတိုင်ပေါ်မှာ တက်ထိုင်နေတဲ့သူတွေကလဲ တစ်ပြုံကြီးပါ။ နောက်တော့ ခဲတွေစထုတာကလဲ အဲဒီဘက်တွေကစပါတယ်။ နောက်တော့ အထူးတန်းကလဲ ထုလာပါတယ်။ အမှန်တော့ ဒီပွဲဟာ လုံခြုံရေးအားနည်းပါတယ် ပုံမှန်ဆို လက်မှတ်ဝင်တာနဲ့ အိပ်တွေ စစ်ပါတယ်။ နောက် ရေသန့်တွေ၊ ပုလင်းတွေအားလုံး သိမ်းပြီး ကွျတ်ကွျတ်အိပ်နဲ့ ထုပ်ပေးတာပါ။ ဒါပေမယ့် ဒီနေ့ အထူးတန်းဘက်မှာ ထုတာ အရက်ပုလင်းတွေကအစ ပါနေတာ တွေ့ရပါတယ်။
ရိုးရိုးတန်းဘက်ကမှာတော့ စင်ပေါ်က ခဲတွေကောက်ထုလို့ ရနေတာကြောင့် ထုကြပါတယ်။ နောက် စင်ပေါ်က ပုဂ္ဂိုလ်များက စင်အောက်ကို တွဲလောင်း ခုန်ဆင်းပြီး အောက်ကခဲတွေကို အပေါ်တင်ပေးပါတယ်။ အင်မတန်ကို ဆိုးရွားပါတယ်။ လူတွေကြည့်ရတာ တော်တော်လဲ စဉ်းစားဆင်ခြင်ဉာဏ် နိမ့်ပုံပေါ်ပါတယ်။ ဘောလုံးကွင်းကနေ မပြတ်တမ်းတောင်းပန်သလို ကစားပွဲ ရပ်နားသွားရနိုင်တဲ့ အကြောင်းပြောနေတာတောင် ရပ်မသွားပါဘူး။
ဒီနေ့ အရာဝတ္ထုတွေနဲ့ ထုတာမှာ တစ်ဖက်အသင်း ကစားသမားတွေထိသလို ပွဲကြည့်စင်စောင့်ပေးရတဲ့ ရဲ တွေလဲ ထုခံရပါတယ်။ သူတို့ခမျာ အတော်သနားဖို့ ကောင်းပါတယ် တာဝန်အရ နေရာရွေ့လို့ မရကြရှာပါဘူး။ တစ်ယောက်ဆို ခေါင်းပေါက်ပြီး ပတ်တီးစီးထားရပါတယ်။ နောက် မီဒီယာသမားတွေလဲ အထွက်မှာ ထုခံရပါတယ်။ တစ်ယောက်ဆို ခေါင်းမှာမှန်ပါတယ်။ လက်တွေလဲ မှန်တာတွေ ရှိပါတယ်။
အချုပ်ပြောရရင် ဒီနေ့ပွဲဟာ မြန်မာလူမျိုးထဲက လူဆိုးအများစု စုစည်းမိသွားပြီး သောင်းကျန်းတဲ့ပွဲလို့ သတ်မှတ်လို့ ရပါတယ်။ တွေးခေါ်တတ်တဲ့ သူများ လုပ်ရပ်ကို ရှုံချကြပေမယ့်၊ ဖျက်လိုဖျက်စီး လုပ်လိုသူများအတွက်ကတော့ ကျေနပ်စရာဖြစ်ခဲ့မှာပါ။ ဒီနေ့ ကွင်းထဲက လူအများစုက မြန်မာတစ်နိုင်ငံလုံးရဲ့ အမူအကျင့်ကို ကိုယ်စားမပြုဘူးဆိုတာ မြန်မာလူမျိုးတွေ သိပေမယ့် ကမ္ဘာကတော့ သိမှာမဟုတ်တော့ဘူး။ ဒီလို အောက်တန်းကျခြင်း တွေးခေါ်နိုင်စွမ်း နိမ့်ခြင်းက ဆင်းရဲခြင်းတွေနဲ့ ဆက်စပ်နေမယ်လို့ တွေးမိပေမယ့် ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတဲ့ အဖြေတော့ မထွက်ခဲ့ပါဘူး။ လူတိုင်း ပညာရေးနဲ့ နီးစပ်ခဲ့ရင် အဆင်ပြေသွားမလား တစ်ယောက်ထဲ အဖြေရှာကြည့်ပေမယ့် အတန်းပညာမတတ်တောင် ကိုယ်ချင်းစာတတ်တဲ့ စိတ်ရှိရင်၊ နောင်ဖြစ်လာမယ့် အကျိုးဆက် နဲနဲလေးကိုပဲ ကြည့်တတ်ရင်ကိုလဲ မလုပ်သင့်တာမို့ ဒီနေ့ဖြစ်ခဲ့တာတွေ အတွက် အတော်စိတ််ပျက်မိပါတယ်။ မြန်မာ ဆိုတဲ့ နာမည်ကတော့ အားကစား နဲ့ ကမ္ဘာမလွှမ်းပေမယ့် နာမည်ဆိုး ထွက်တော့မှာ သေချာပါတယ်။
ဒီေန့ပွဲမှာ ဗီဒီယိုရိုက်လာဖြစ်ပါတယ် သွင်းသွားတဲ့ ၂ ဂိုးလုံးကော ပရိတ်သတ် ရုန်းရင်းဆန်ခက်ဖြစ်တာရောက အကုန် အမိအရ ဖြစ်စဉ်တစ်လျောက် အကုန် ရိုက်ထားပေမယ့်။ HD 720P နဲ့ (HD Video upload failed and now updated with SD video) (Now HD version is up) တင်လိုက် တင်လို့ မပြီးသေးတာကြောင့် နောက် ၄ နာရီလောက်နေမှ ဒီပို့စ်ကို တစ်ခေါက်ပြန်လာကြည့်ပေးပါခင်ဗျား။




















very Ugly & I think it occurred due to mislead of journalists and MFF, as they propagated Myanmar had hope for wining Omen and cruised.
It is impossible, all need to know reality(reality).
So sad for people.
Well-loved. Like or Dislike:
2
0
that suckz!!
Like or Dislike:
0
0
ဘာပဲ ဖြစ်ဖြစ် ပရိသတ် ကိုမစော် ကားသင် ့ပါဘူး။ ပရိသတ်မပါဘဲဘောလုံးကန်ကြမလား ဒီကိစ္စက ကစားသမားနဲ ့အဖွဲ ့ချုပ်ကလူတွေတာဝန်ရှိတယ်……..ပရိသတ်တွေ အားပေးလားတာနှစ်ပေါင်းများနေပြီ ..မြန်မာဘောလုံးလောကကြီး ဘာဖြစ်လာလိုလဲ အကြ ဘက်ပဲဦတည်နေတာဘဲ … စင်္ကပူလ် မလေး တိုဆီနေက ယူ-၁၉ ယူ-၂၀ တွေခေါ် ပြီ မြန်မာလက်ရွေးစင်းနဲ ့ကန်လို ့ကန် …..ဒါဘောလုံးတိုးတတ်ဖို ့လား……..နိုင်ငံပွဲ ကန်တော ့လဲ ဘင်္ကလာဒေး လာအို ဖိလစ်ပိုင် တို ့ကိုတောင် မနိုင် တော ့ဘူး…… ဒါတွေက ကစားသမားနဲ ့အဖွဲ ့ချုပ်ကလူတွေကြောင် ့လား မြန်မာပရိသတ်လောက်အားပေးတာ မြန်မာ ပရိသတ်ဘဲတယ်……ပရိသတ်တွေက အောင်မြင်မူကိုဆာလောင်းတောင်းသနေကြတာပါ.. ပရိသတ်တွေမဆိုးသွမ်းအောင် ကစားသမားနဲ ့အဖွဲ ့ချုပ်ကလူတွေမှာ တာဝန်ရှိပါတယ်……………………………..ဆင်သေကိုဆိတ်သရေ နဲ ့ဖုန်နေတာလား ဒီပို ့စ် ကိုတင်တဲ ့ မီဒီယာ သမားအနေ နဲ ့လဲ ပရိသတ်ကို တဖတ်စောင်းနင်းမပြောဆိုသင် ့ပါဘူး…………………….
Like or Dislike:
1
4
@ Lin Lin ~ ထင်မြင်ချက်ကို ရေးပေးတာ ကျေးဇူးတင်ပါတယ်… ကွျန်တော် ရှင်းပြပါရစေ။ ကွျန်တော် ပရိတ်သတ်အားလုံးကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ ကွျန်တော့် စာထဲမှာ လဲရေးထားသလို ဒီ ဖြစ်ပျက်သွားတာက တစ်နိုင်ငံလုံးက အားပေး၊ တီဗီက ကြည့်နေကြတဲ့ ပရိတ်သတ်ရဲ့ အပြုအမူမဟုတ်ဘူးဆိုတာလဲ ကွျန်ောတ်သိပါတယ်။ စာထဲမှာရေးထားသလိုပါပဲ ကွင်းထဲက လူနည်းစု လုပ်ရပ်ကြောင့် ဒီလို မျက်နှာ ပျက်စရာတွေ ဖြစ်ရတာပါ။ အားကစားဆိုတာ ကစားသမား၊ ပရိတ်သတ် အချိုးညီတဲ့ အခါ အောင်မြင်မှာ သဘာဝပါပဲ။ လောလောဆယ် မြန်မာဘောလုံး အသင်း ကစားပုံတွေ ဒီနှစ်ပိုင်းမှာ ဆိုးလာတာလဲ အမြင်ပါပဲ။ ပြီးခဲ့တဲ့ မွန်ဂိုပွဲမှာ အိမ်ကွင်းမှာ တော်တော်လေးကန်ယူပြီး ကံကောင်းလို့ နိုင်သွားတာပါ။ မိတ်ဆွေပြောတဲ့ ဘောလုံးအသင်းမှာ တာဝန်ရှိတယ်ဆိုတာ လဲ လက်ခံပါတယ်။
အခုပွဲ အဖြစ်အပျက် ကတော့ တကယ့် ပရိတ်သတွေထက် ေသောင်းကျန်းချင် သူတွေကြောင့်လို့ မြင်ပါတယ်။ တကယ့် ပရိတ်သတ်ဟာ အားကစားစိတ်ဓာတ်နဲ့ ရံှုးသည့်တိုင်အောင် အားပေးမှပါပဲ။ ဒီပွဲမှြ အဲဒီလို ထုနေလို့ ကစားသမားတွေ ကော အဖွဲ့ချုပ်ကော အသိတရားရပြုပြင်လာမယ်ဆို ကွျန်ောတ် အရင်ဆုံး ကွင်းဘေးကနေ ထုမှာပါ။ ခုတော့ ဘောလုံးပွဲ ရံှုးရုံတင်မဟုတ်ဘူး စိတ်ဓာတ်ကော သိက္ခာကော ပါ ရံှုးခဲ့ရပါပြီ။ ပရိတ်သတ်ဆာလောင် မူ့ တောင့်တတာ သဘာဝကျပါတယ်။ ဒါပေမယ့် တိုးတက်လာအောင် ဘာလုပ်သင့်သလဲတော့ သိသင့်တယ် ထင်ပါတယ်။ အခုတော့ ပြည်တွင်းမှာ နိုင်ငံတကာပွဲ လက်ခံခွင့်တွေ ဆုံး ရံှုးတာ… အရှက် ရစရာတွေပဲ အဖတ်တင်တယ်လို့ မြင်ပါတယ်။ ကျေးဇူးပါ ခင်ဗျာ…
Well-loved. Like or Dislike:
5
0
Hidden due to low comment rating. Click here to see.
Poorly-rated. Like or Dislike:
0
4
သိပ်ရှက်စရာကောင်းပါတယ်။ အနိုင၊် အရှူံးထက် အားကစားစိတ်ဓာတ်က ပိုအရေးကြီးပါတယ်။ နိုင်ငံတကာအလယ်မှာ ပြောစရာဖြစ်သွားပြီပေါ့
Like or Dislike:
0
0
သူများတွေပြောသွားတာဟုတ်တာပဲဟ။တို့နိုင်ငံမှာဘောလုံးကအားကစားကတော်2လေးဆိုးနေတာဟ။ဟိုအရင်ကထိပ်ပုတ်ခေါင်းပုတ်ကန်ရတဲ့အသင်းတွေတောင်ခုဆိုအရမ်းကောင်းနေပြီ။ဘယ်အသင်းတွေလဲမေးရင်အရှေ့တောင်အာရှအသင်းအကုန်ပဲ မြန်မာအသင်းနဲ့အဲအချိန်မှာယုဉ်ကန်တာဆိုလို့ထိုင်းတသင်းပဲရှိတယ်လေ။ခုများတော့ မြန်မာအသင်းလွဲရင်တခြားအသင်းတွေအကုန်ကောင်းတယ် မြန်မာအသင်းသာစုပ်ပြတ်နေတာ။ဘယ်အချိန်ဘဲကြည့်2ဒီကစားကွက်မျိုးပဲ တိုးကိုမတက်တော့ဘူး။ပရိတ်သတ်ကအောင်မြင်မူကိုစာလောင်နေတာ အသင်းသာကောင်းစမ်းပါ ထမင်းမစားရရင်နေတို့မြန်မာတွေအားပေးကြမှာကွ။တချိန်ကမြန်မာဘောလုံးအသင်းကအရှေ့တောင်အာဆိုတာမပြောနဲ့အာရှတိုက်မှာတောင်ထိပ်တန်းစာရင်းဝင်တဲ့အသင်းကြီး ခုကြတော့နောက်ပိုင်းရောက်လေ မကောင်းလေဖြစ်နေတာလေ။ပရိတ်သတ်အဖြစ်မဟုတ်ပါဘူးလို့မြင်တယ်။
Like or Dislike:
0
0