ဒီလ အစောပိုင်းမှာ Vimeo.com မှာ Nokia ကလုပ်တဲ့ short movie ပြိုင်ပွဲ ဆုရသူတွေ ကြေငြာပါတယ်။ ပထမဆုရသွားတဲ့ ဗီဒီယိုကို ကြည့်ဖြစ်တယ်။ ပြိုင်ပဲွရှိတယ်စကြော်ငြာကတည်းက စိတ်ဝင်စားသွားခဲ့တာပါ သူက အသစ်ထွက်ထားတဲ့ Nokia N8 ဖုန်းနဲ့ ဗီဒီယို ရိုက်ရမှာ။ အခုရသွားတဲ့ဗီဒီယိုက တကယ်လဲ ထိုက်တန်ပါတယ်။ အဓိကကတော့ အရင်အတိုင်းပဲ creative idea က သာစားသွားပါတယ်။ technical အများကြီးသုံးပြိုင်တဲ့သူတွေ ရှိပေမယ့် ခက်ခက်ခဲခဲလုပ်တာတွေ လွယ်လွယ်လုပ်တာတွေ ထက် စိတ်ကူးက အဓိကဆိုတာ ပုံပေါ်ပါတယ်။
Splitscreen : A Love Story ဆိုပြီး နာမည်ပေးထားပါတယ်။ မကြည့်ရသေးရင် ကြည့်ကြည့်လို့ ရပါတယ်။ ရိုက်ထားပုံက Daniel Powter ရဲ့ Bad Day ရိုက်ထားတဲ့ ပုံနဲ့ ဆင်သလိုလိုတော့ ရှိတယ်။ ဒါပေမယ့် ကောင်းပါတယ်။ နောက် Vimeo မှာ Canon DSLR short movie နဲ့ အခြား ပြိုင်ပွဲတွေရှိတတ်ပါတယ်။ ဝင်ပြိုင်ဖို့ မလွယ်ပေမယ့် ပြိုင်ပွဲဝင် ဗီဒီယိုတွေကနေ ပညာယူလို့တော့ အတော်ကောင်းပါတယ်။