Trip to Pyin Oo Lwin (July 2011)

Pyin Oo Lwin, May Myo Landscape

ပြီးခဲ့တဲ့ သောကြာနေ့ ညက မန်းလေးဘက်ကို သူငယ်ချင်းတွေနဲ့ အတူ ခရီးသွားဖြစ်ပါတယ်။ ခရီးက ကပ်မှ သိရတာကြောင့် အိမ်ကိုတော့ အဲဒီနေ့ မနက်ကမှ ပြောဖြစ်တယ်။ အမှန်တော့ အခြားကိစ္စမဟုတ်ပဲ ဘလော့ဂ်ဂါ သယ်ရင်း နန်းညီ အိမ်ပြန်တာကို အလည်လိုက်ကြတာပါ။ မန်းလေးကို စနေမနက် အစောမှာ ရောက်သွားပြီး အသိအကိုတစ်ယောက် အိမ်မှာတည်းကြပါတယ်။ ရောက်ရောက်ခြင်း မနက်မှာပဲ ခဏနားပြီး ကားငှားပြီးတော့ ပြင်ဦးလွင် တက်ဖြစ်ကြပါတယ်။

နေ့လည်မှ တက်ဖြစ်တာမို့ ရောက်ရောက်ခြင်း မြို့အပြင်က နှီးဘုရား ဖူးပြီးတာနဲ့ မြို့ထဲမှာ နေ့လည်စာစားကြပါတယ်။ ကားမောင်းသမားကို ပြောတယ် ရှမ်းဆိုင်ပို့ ပေးပါဆို ချစ်တီး ထမင်းဆိုင်ကို ပို့ဖြစ်အောင် ပို့သေးတယ်။ နောက်တော့ မိုးရွာလာတာနဲ့ အစက ကန်တော်ကြီးဝင်မယ့် အစီအစဉ်ကနေ ပိတ်ချင်းမြောင် ဘက်ကို သွားဖြစ်ပါတယ်။ ဟိုမှာ ရေကစားကြ အထဲဝင်ပြီး ဓာတ်ပုံရိုက်ဖြစ်ကြတယ်။

အထဲက စေတီလေးကို long exposure နဲ့ ရိုက်ဖြစ်ခဲ့သလို အထဲက ရေတံခွန်အသေးလေးမှာ လူနဲ့တွဲပြီး long exposure နဲ့ ရိုက်ဖြစ်သေးတယ်။ နောက်တော့ အထက်ဘက်က ၃ ထပ်ရေတံခွန်ဆိုတဲ့ ဘက်သွားဖြစ်သေးတယ်။ အသွားလမ်းက နဲနဲကြမ်းတယ် ခင်ဗျ။ လုံခြုံရေးတွေကလဲ မှာလိုက်သေးတယ် ရေထဲမဆင်းပါနဲ့တဲ့ ရေနှစ်ပြီး ခဏတိုင်းလူသေလို့ပါတဲ့။ ဟုတ်တယ် အဲဒီနားမှာ သေခဲ့သူတွေ စာရင်း warning signboard ထောင်ထားတယ်။

လမ်းက ရေတံခွန်နဲ့ ကို ၃၀၀ အကွာမှာ ကျောက်ဆောင်တွေနေရာမှာ ဆုံးပါတယ်။ ရေတံခွန်နဲ့က တော်တော်ဝေးသေးတာနဲ့ ကွျန်တော်နဲ့ သူငယ်ချင်းတွေ ရေထဲကနေ ခက်ခက်ခဲခဲ ဖြတ်ကူးပြီးသွားလိုက်ကြတယ်။ ရင်ခုန်ဖို့တော့ အတော်ကောင်းတယ် အားလုံးက ကင်မရာတွေနဲ့ ကြည့်ပဲ ကျရင် ရှုးပြီ။ ကွျန်တော့်မှာလဲ ကင်မရာနဲ့ လန်းထည့်ထားတဲ့ ကျောပိုးအိပ်နဲ့ တော်တော်လေးခက်ခက်ခဲခဲ သွားလိုက်ရတယ်။ ဗီဒီယိုတောင် ရိုက်လာသေးတယ် မတင်ရသေးလို့ နောက်မှပြပါတော့မယ်။ ဟိုရောက်တော့ ထုံးစံအတိုင်း ဓာတ်ပုံရိုက်တယ်။ long နဲ့ လူပုံရိုက်တယ် ညနေမှောင်လာတော့ ပြန်လာခဲ့ကြပါတယ်။ ရှု့ခင်းကတော့ အတော်လှပါတယ် မြင်မြင်သမျှက အစိမ်းနဲ့ အနီကြည့်ချည်းပဲ ရေတံခွန် အဖြူကြီးကလဲ လှတယ်။

နောက်တော့ အပြန်မှာ ဒီဇင်ဘာ စတော်ဘယ်ရီခြံ ရောက်တယ်လေ။ အဲဒီမှာ ဒိန်ချဉ်သောက်တယ်။ စတော်ဘယ်ရီကတော့ အချိန်မဟုတ်တော့ မရှိတော့ပါဘူး။ နောက် အဲဒီထဲက ပန်းခြံမှာပဲ fashion ပုံလေးတွေ ရိုက်တယ်။ နောက်တော့ ပြည်ချစ်ဘုရားခေါ် မဟာ အံ့ထူးကံသာ ဝင်ဖူးကြတယ်။ နောက်တော့ ညမှောင်ပြီမို့ ပြန်ခဲ့ကြပါတယ်။ ခရီးက နေ့တစ်ဝက်ပဲ သွားခဲ့ရတာမို့ အစုံ မရောက်လိုက်ပါဘူး။ ဒါပေမယ့် ပျော်စရာဖြစ်ခဲ့ပါတယ်။ နောက်ရက် sunday မှာတော့ မန်းလေးတစ်ဝိုက် လည်ပတ်ခဲ့တာပေါ့။ အဲဒီအကြောင်းကတော့ မနက်ဖြန်မှ ဆက်ပါမယ်။ အခုတော့ ပုံတွေ ရှုစားကြပါဦး။

Pyin Oo Lwin, May Myo Landscape

Pyin Oo Lwin, May Myo Landscape

Pyin Oo Lwin, May Myo Landscape

Pyin Oo Lwin, May Myo Landscape

Pyin Oo Lwin, May Myo Landscape

Pyin Oo Lwin, May Myo Landscape

Pyin Oo Lwin, May Myo Landscape

Pyin Oo Lwin, May Myo Landscape

Pyin Oo Lwin, May Myo Landscape

4 Comments

  1. mydaydream July 21, 2011

    Nothing related to post topic but when we wanna say “only”, the correct spelling is “ချည်း​ပဲ” which is similar to “သာ​လျှင်”, not “ကြည့်​ပဲ” like in “မြင်⁠မြင်​သ​မျှ​က အစိမ်း​နဲ့ အနီ​ကြည့်​ပဲ”. Hope you don’t mind. ^_^

    Like or Dislike: Thumb up 0 Thumb down 0

  2. Htoo Tay Zar July 22, 2011

    Thanks a lot for the correction. I do care Burmese spelling much too, I love to know when I’m wrong too. Please correct me whenever, I do appreciate. :D

    Well-loved. Like or Dislike: Thumb up 3 Thumb down 0

  3. HAN July 22, 2011

    မြန်မာစာ ဆရာမလုပ်စားလို့ရပြီ.. နောက်တာနော်… ဟီဟီ

    Like or Dislike: Thumb up 1 Thumb down 0

  4. သဥ္ဇာ July 22, 2011

    second last ပုံလေးကို အရမ်းသဘောကျတယ်။ :)

    Like or Dislike: Thumb up 1 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 3 + 4