Candid Photography @ Shwe Da Gon Pagoda

ဒီနေ့ ရွှေတိဂုံဘုရား ကို ဖြိုးဟိန်းကျော်၊ ကုိရဲအောင်သူ၊ နန်းညီ တို့နဲ့ ရောက်ဖြစ်ပါတယ်။ ဘုရားက ခဏတိုင်းသွားဖြစ်ပေမယ့် timelapse ကြည့်ရိုက်နေတာ ကြာတော့ ရိုးလာတာနဲ့ ဘာရိုက်ရင် ကောင်းမလဲ စဉ်းစားရင်းနဲ့ candid photo ကို project တစ်ခု အနေနဲ့ ရိုက်မယ်လို့ တွေးထားမိတယ်။
ဒါနဲ့ ဘုရားပေါ်ရောက်တာနဲ့ ထုံးစံ အတိုင်း အောင်မြေဘက်သွား ကျောပိုးအိတ်ချပြီးတာနဲ့ candid ရိုက်ဖို့ 100mm နဲ့ ထွက်ခဲ့တော့တယ်။ Wide က ကိုရဲအောင်သူ 5D mark II မှာ တပ်မှာဆိုတော့ အစကတည်းက 100 နဲ့ပဲဆိုတော့ candid ရိုက်မယ်လို့ တွေးထားတာလဲပါတယ်။ ဘုရားကို ၂ ပတ်လောက် ဟိုနားရိုက် ဒီနားရိုက်နဲ့ ပတ်ရိုက်လိုက်ပါတယ်။
ဓာတ်ပုံရိုက်လာတာ အချိန်အတော်ရှိခဲ့ပြီဆိုတော့ တစ်ခုခုမြင်တာနဲ့ ဘယ်လိုရိုက်မယ် ဘယ်နေရာက ရိုက်မယ် ဘယ် setting ပြောင်းလိုက်မယ် ဆိုတာတွေ တွေးတတ်သွားတယ်။ တစ်ခုပဲ ဘုရားပေါ်မှာ အရောင်မျိုးစုံရှိနေတယ်။ များသောအားဖြင့်တော့ မီးလုံးတွေ ဆလိုက်တွေ နဲ့ ဘုရားက အရောင် ရွှေဝါရောင်က အများဆုံးပါပဲ။ ရိုက်ရခက်တာကတော့ မီးချောင်း အဖြူရောင်၊ အပြာရောင် အလင်းတွေ နဲ့တွေ့ရင် အရောင်ကွာသွားတယ်။ နောက် candid ဆိုတော့ flash မဖွင့်ပဲ ISO တင်ရိုက်ရတာရှိပါတယ်။
လူတွေ ကင်မရာနဲ့ အချိန်ခံလိုက်ရရင် ပုံစံပြောင်းသွားမှာလဲ ဆိုးရသေးတယ်။ ရိုက်တဲ့အခါ နဲနဲတော့ စားတယ် တစ်ချို့လူတွေကို ရိုက်ဖို့ သူတို့နားမှာ ပထမ စက္ကန့်ဝက်လောက် ရစ်သီရစ်သီလုပ်ပြီး ဘုရားရိုက်သလိုလို ဘာလုိလိုလုပ်ရသေးတယ်။ သူတို့ အသားကျသွားပြီဆိုမှာ လှည့်ပြီး ရိုက်လိုက်တယ်။ ပြီးတာနဲ့ လစ်ထွက်လာခဲ့လိုက်တယ်။
တစ်ချို့နေရာကြပြန်တော့ ရစ်သီရစ်သီလုပ်လို့ မရဘူး အဲဒီကျတော့ ဘယ်လိုလုပ်ရလဲဆိုတော့ ကင်မရာ အပေါက်ကို အစကတည်းက ရူးချင်ယောင်ဆောင်ပြီး ချောင်း ကပ်ထားလိုက်တယ် ပြီး ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ လုပ်ရင်း ကိုယ်ရိုက်ချင်တဲ့ subject ရင်ပြင်တော်ပေါ်မှာ လမ်းလျောက်ရင်း သင့်တော်တဲ့ အကွာအဝေးရောက်လာတာနဲ့ သူ့ဘက်လှည့်ပြီး တီးထည့်လိုက်တယ် ကင်မရာနဲ့ပြောပါတယ်။
ဒါက အတွေ့အကြုံပေါ့ အစပိုင်း ဘုရားပေါ်မှာ ၁၅ မိနစ်လောက်အထိ ကောင်းကောင်းရိုက်လို့ မရဘူး သူတို့ကို ချိန်တာတွေ့သွားလို့ mood ပျက်သွားတာနဲ့ စဉ်းစားရင်းနဲ့ အပေါ်က ရိုက်နည်းတွေ ရသွားတယ်။ အဓိကကတော့ အရူးကွက်နင်းဖို့ပဲ မရိုက်ခင်သွားပြီး ခွင့်တောင်းတာတို့ သိသွားအောင် ချိန်တာတို့ လုပ်မရပါဘူး။ မဟုတ်ရင် mood ပျက်သွားမှာပါ။ နောက် shutter speed မြန်မှ facial expression ရပါမယ် နောက် flash ဖွင့်လို့ မဖြစ်ပါဘူး။
Candid, Street Photography အဓိက အရေးအကြီးဆုံးကတော့ လက်သံပြောင်ဖို့ အရူးကွက်နင်း ဖို့ ပါပဲ။ Street photography ဆရာကြီး Eric Kim စကားလုံး quote လုပ်ရရင် “Street Photography is 80% balls and 20% skills.” – Eric Kim ဆိုတော့ သရဲဘော၊ သတိ္တ ရှိဖို့ ကလဲ အရေးကြီးတယ်ပေါ့။ လောလောဆယ်တော့ သိပ်အနီးမကပ်ရဲသေးဘူး ခင်ဗျ သူက 50mm နဲ့ရိုက်တယ် ကွျန်တော်က 100 နဲ့ရိုက်ရဲသေးတယ်။
ဘာပဲပြောပြော ဒီနေ့ည ဘုရားမှာ ရိုက်ခဲ့တဲ့ပုံတွေကို သဘောကျပါတယ်။ ဘလော့ဂ်မှာ တင်မယ်ဆိုပြီး ရွေးလိုက်တာ ၃၆ ပုံတောင်ဖြစ်သွားပါတယ်။ ရူစားကြပါဦး။ နောက်များလဲ အားရင် ကိုယ့်ဖာသာ personal project ထပ်လုပ်ကြည့်ဦးမယ်။ ဒီတစ်ခုကတော့ သကြန်တုန်းက ရိုက်ခဲ့တဲ့ V Project လိုပဲ ပျော်စရာကောင်းပြီး အသစ်တွေ လေ့လာလို့ရလိုက်တယ် ပြောရမှာပါပဲ။





































MgThant said,
Wrote on August 28, 2011 @ 7:38 am
Great photos! Love All. Keep it up bro
Like or Dislike:
0
0
Di Par said,
Wrote on August 28, 2011 @ 2:42 pm
I like No. 4, 6, 11, 30 & 36.
Well-loved. Like or Dislike:
2
0
TTSweet said,
Wrote on August 28, 2011 @ 6:02 pm
ရွှေတိဂုံဘုရားပေါ်ရောက်သွားသလိုပါပဲ။ ပုံတွေ သိပ်ကြည်တာပဲနော်။ ကျေးဇူး။
Like or Dislike:
1
0
နန်းညီ said,
Wrote on August 28, 2011 @ 9:41 pm
ဒေါ့ကွန်းကွ.. ဟွန့်
Like or Dislike:
0
0
exiter said,
Wrote on August 28, 2011 @ 10:29 pm
ဒီပို့စ်ကိုအဲကြိုက်ဆုံးပဲ .. နာ့ပုံပါလို့ …
Like or Dislike:
1
0
Tom said,
Wrote on August 29, 2011 @ 9:34 am
Really excellent work! Can’t wait to see more of your photography in the future.
Like or Dislike:
1
0
Htoo Tay Zar said,
Wrote on September 5, 2011 @ 1:37 am
@ TTSweet ~ Thanks a lot for your comment =)
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on September 5, 2011 @ 1:38 am
@ Di Par ~ Thanks a lot, coincide is I like those photos too.
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on September 5, 2011 @ 1:39 am
@ MgThant ~ Thanks a lot Ko Mg Thant =)
Like or Dislike:
0
0
Htoo Tay Zar said,
Wrote on September 5, 2011 @ 1:52 am
@ Tom ~ Thanks a lot for supporting. Hope I’ll improve more =)
Like or Dislike:
0
0
zin zin said,
Wrote on September 26, 2011 @ 8:15 pm
All of photo are so clear and so nice .
Like or Dislike:
0
0