Happy Birthday to 5 Years Old CNN iReport


Shwe Da Gon Pagoda

ဒီနေ့ ညနေဘက်မှာ မုန်တိုင်းရှိလို့ မိုးတွေ အုံ့နေပေမယ့် ရွှေတိဂုံဘုရား ပေါ် ကိုရဲအောင်သူ နဲ့ ရောက်ဖြစ်ပြန်ပါတယ်။ ထူးထူးခြားခြားမရှိပေမယ့် ထုံးစံအတိုင်း timelapse ထပ်ရိုက်ဖြစ်ပြန်ပါတယ်။ ဟိုအရင် ရိုက်ခဲ့တဲ့ နေရာကနေပဲ ထပ်ရိုက်ဖြစ်ပါတယ် အနောက်မြောက်ဘက် အောင်မြေကနေ ရိုက်ပါတယ်။

ရိုက်တာ တိမ်မလှတာကလွဲရင် အားလုံး အဆင်ပြေနေပေမယ့် နာရီဝက်လောက်နေတော့ မိုးစရွာတယ် ထီးကလဲမေ့လာ နာရီဝက်လောက်လဲ ရိုက်ထားပြီးဆိုတော့ မိုးများခဏနဲ့ တိတ်သွားမလားဆိုပြီး ကိုရဲအောင်သူ အနွေးထည်လေး ကင်မရာပေါ်အုပ်ပြီး ဆက်ရိုက်လိုက် စက္ကန့်ပိုင်းလောက်ရပ်ပြီး ရေစက်သုတ်လိုက်၊ မှန်ပေါ်မှာ တင်သွားတဲ့ ရေသုတ်လိုက်နဲ့ ၃ နာရီလောက် ရိုက်လိုက်ရပါတယ်။ အမှားတစ်ချို့ ထပ်တွေ့ရတယ် အဆိုးဆုံးကတော့ ထီးမေ့ကျန်ခဲ့တဲ့ ကိစ္စပါပဲ တစ်ကိုယ်လုံး ရေရွဲပြီး ၃ နာရီလောက် training ဆင်းလိုက်ရတယ်။

ရုပ်ထွက်ကို သဘောကျတယ်။ ခု render ပြန်လုပ်တော့မှ အမှားစတွေ့ရတယ် ရိုက်တုန်းက camera 4:3 အချိုးနဲ့ ရိုက်လာပြီး render မှာ 30 fps 720P HD လုပ်တော့ 16:9 အချိုးဖြစ်သွားပြီး ရိုက်တုန်းက ကောင်းကောင်းမြင်ရတယ် ဘုရားစိန်ဖူးတော် မပါတော့ဘူး။ နောက်တစ်ခါရိုက်မယ်ဆို APSC အတွက် ဝိုက်မယ့် 10~22 မျိုးနဲ့ရိုက်မှ အချိုးပြန်ဖြတ်ရင် အနေတော်လောက်ကျမယ့် သဘောရှိပါတယ်။ အမှန်တော့ ဒီနေ့ ရိုက်ဖြစ်တာက CNN iReport ၅ နှစ်ပြည့် မွေးနေ့ အတွက်ပါ။ အရင်က အဲဒီနေရာကပဲ timelapse video iReport မှာပါဘူးထားတော့ အမှတ်တရ ဖြစ်အောင်ရယ် အရင်တစ်ခေါက် ရိုက်တုန်းက DSLR နဲ့ သိပ်အဆင်မပြေလိုက်တာ ရယ်ကြောင့် မကျေပွဲထပ်ဆွဲတဲ့ သဘောပါ။ ၅ နာရီလောက် ရိုက်ဖို့ စိတ်ကူးထားပေမယ့် နောက်ဆုံး မိုးကောလေကော အရမ်းသဲပြီးရွာလို့ ရပ်လိုက်ရပါတယ်။ ဒါပေမယ့် သဘောတော့ ကျမိတယ် ဒါနဲ့ iReport မွေးနေ့ အမှတ်တရလုပ်ဖြစ်လိုက်ပါတယ်။


“Happy Birthday iReport”





Related Posts

Leave a Comment

Name: (Required)

E-mail: (Required)

Website:

My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!

Comment: