
မနက်ဖြန် မနက်မှာ deadline တစ်ခု ရှိနေတယ်။ ဒါပေမယ့် စိတ်ညစ်နေလို့ ထွက်ပေါက်ရအောင် ဘလော့ဂ်ပို့စ် တစ်ခု ရေးဖြစ်တယ်။ ညတွေလဲ မအိပ်ရတာများပြီ အလုပ်တွေ ရှိနေတာကြောင့် ဖြစ်ပေမယ့် အဆိုးဆုံးက လူမှု့ပြသနာတွေ ရှင်းနေရတာပါပဲ။ ကွျန်တော့်မှာက ငယ်ငယ်ကတည်းက တစ်ယောက်ထဲနေလေ့ရှိတာကြောင့် ပြောပြရမယ့်သူလဲ မရှိတာကြောင့် ဘလော့ဂ်က စာဖတ်သူတွေ ဆီမှာပဲ ပြောပါရစေတော့။ အရင်ကတော့ အမေနဲ့ ပြောလေ့ရှိပေမယ့် ဒီတစ်ခေါက်က အမေ့ကို ဘာမှ ပြောချင် စိတ်မရှိပါဘူး။
လောကကြီးကို သိပ်အံ့ဩလွန်းလို့ မဖြစ်နိုင်တာတွေ ကြုံရလွန်းလို့ပဲ။ ငယ်ငယ်က ကျောင်းတက်တုန်းက အတန်းထဲမှာ စာမေးပွဲမှာ အဆင့် ၁ က ၁၀ အတင်းဝင်အောင်ကြိုးစားကြတာတွေတုန်းက ထင်ခဲ့တယ် လူတွေ အားလုံးက ဉာဏ်ရည် တစ်ယောက် နဲ့ တစ်ယောက် သိပ်မကွာဘူးလို့ ထင်ထားခဲ့တယ်။ ကြီးလာမှ ကြုံခဲ့ရတာတွေနဲ့ တဖြည်းဖြည်း သိလာတာက ဉာဏ်ရည်ကွာခြားတယ် ဆိုတာပဲ အတန်းထဲမှာ အဆင် ၁၀ အတွင်းဝင်တဲ့ သူတွေဟာ အရမ်း မိုက်မဲ တာကို တွေ့ရဖူးတယ်။ မဖြစ်နိုင်တာတွေကို စိတ်ကူးယဉ် အဟုတ်ထင်ပြီး မျှော်လင့်နေကြတဲ့သူတွေကိုလဲ တွေ့လိုက်ရဖူးတယ်။ တစ်ချို့တွေ ကြတော့ လည်တဲ့နေရာလည်ပြီး တုံးတဲ့ နေရာတုံးနေကြပြန်ရောပဲ။
တစ်ချို့က မိဘ ထက် အချစ်က အရေးကြီးနေသလို ထင်နေတဲ့ သူတွေ တွေ့ရပြန်တယ်။ လူတွေဟာ ကိုယ့်ကိုယ်ကို မဆန်းစစ်တတ်ကြပြန်ဘူး။ အဲဒီလိုလူတွေတွေ့ရင် ပြောပြချင်တယ် ဒါပေမယ့် စကားမထွက်ခဲ့ဘူး။ စဉ်းစားပါဦး ချစ်သူ ၂ ယောက် မုန်းပြီးကွဲသွားတာပဲ ရှိတယ် မိဘက သားသမီးကို မုန်းတာရှိခဲ့လို့လား။ မိဘက မွေးကတည်းက ပြုစုလာခဲ့တာ ကြီးမှ အချစ်ဆိုတဲ့ သာယာမှု့ကြောင့် မိဘကိုထားသွားကြမှာလား။ ဘဝ အခက်အခဲတွေ ေငွရှာရတဲ့ အခက်အခဲတွေ ကြုံတိုင်း မိဘဟာကျေးဇူးကြီးတယ် ဆိုတာ နားလည်ဖို့ အကောင်းဆုံး အချိန်တွေပါပဲလေ။ အပြန်အလှန်နားလည်မှု့ပေးနိုင်တယ် ဆိုရင်တောင် ဝမ်းနဲ့လွယ်မွေးခဲ့တဲ့ သွေးသားအရင်း မိဘ ကို မှီမည့်သူရှိပါဦးမလား။
အို လူတွေ သိပ်မိုက်တယ် မိဘ စိတ်ဆင်းရဲအောင် လုပ်မှ ပျော်ရမယ့်ဆိုရင် အသေသာခံပါ အဲဒီလိုတော့ မလုပ်ပါနဲ့။ ချစ်သူနဲ့ မိဘနဲ့ ရွေးရမယ်ဆိုရင် မိဘ မှားနေဦးတော့ မိဘကိုပဲ ရွေးလိုက်ပါကွာ မိဘက မင်းအဲဒီလို အချစ်ဆိုတာ ခံစားတတ်တဲ့ အရွယ် အထိရောက်အောင် ရှာဖွေကွျေးမွေးခဲ့တဲ့ သူတွေပါ။ ကွျန်တော့် အနေနဲ့ ဆိုရင်လဲ ကောင်မလေးဘက်က မိဘ ကြောင့်ပစ်သွားရင်တောင် စိတ်မဆိုးနိုင်ပါဘူး။ ကွျန်တော်လဲ သူ့ကို မိဘ နဲ့ မလဲနိုင်ဘူးလေ။ သူနဲ့ တွေ့တိုင်း သူ့မိဘကို ကျေးဇူးတင်မိတာ အကြိမ်ကြိမ်ပါပဲ။ သူ့မိဘက ကွျေးမွေးမထားရင် သူဒီနေ့ ကွျန်တော်နဲ့ ဒီလို တွေ့ရမှာ မဟုတ်ဘူး။ အချစ်ဆိုတာမှာ တစ်ယောက်ကို တစ်ယောက်နားလည်ဖို့က အရေးကြီးတယ် ပြောတယ် ကွျန်တော်ကတော့ မွေးကတည်းက ကွျေးမွေးပြုစုခဲ့တဲ့ မိဘကိုတောင် နားမလည်နိုင်တဲ့ မိန်းကလေးမျိုးကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး။ မိဘကိုတောင် နားလည်အောင် မကြိုးစားနိုင်ပဲ အခြား အမိအဖ မတူတဲ့ သူတစ်ယောက်ကို နားလည်ဖို့ ကြိုးစားနေတဲ့သူတွေကိုလဲ စိတ်ပျက်မိတယ်။ မိဘက ကိုယ့်ကို နားမလည်ဘူးပဲ အတ္တ မသိစိတ်ကြောင့် စွတ်အော်နေခဲ့ကြတယ် ကိုယ့်ကိုယ်ကို ပြန်မေးပါဦး မိဘ ကို ဘယ်နှခါများ နားလည်ဖို့ ကြိုးစားပေးခဲ့ဘူးလဲ။
လူတွေက အချစ်ကို သာယာပြီး ကြည်နူးဖို့ ကောင်းတယ်လို့ ထင်ကြတယ်၊ ရုပ်ရှင်တွေမှာ တွေ့တယ်၊ ဝတ္ထုစာအုပ်တွေမှာ တွေ့ရတယ်။ စိတ်ကူးယဉ်တယ် လက်တွေ့စမ်းကြည့်ချင်တယ်၊ ဝတ္ထု ဒါမှမဟုတ် ဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်လို mood သွင်းပြီး ခံစားကြည့်တယ်။ ရောဂါရင့်လာတဲ့ အခါ ကိုယ့်ကိုယ်ကို မသိစိတ်ကနေလိမ်လိုက်ပြီး အချစ်အတွက် ခံစားရတယ်ဆိုပြီး ဖြစ်လာတယ်။ တစ်ဖက်လူကို မရရင် ကြေကွဲတယ်။ အမှန်တော့ အတ္တက ထိန်းနေတာကို မသိကြဘူး ချစ်တယ်ဆိုတာ အမှန်တော့ ကိုယ့်အတွက် သာယာမှု့ အသစ်အဆန်းတစ်ခုကို သူများနဲ့ပေါင်းပြီး လိုချက်တာပါပဲ။ အချစ်အတွက် အသေခံမယ်ဆိုပြီးပြောတယ် အမှန်တော့ ကိုယ့်ကိုယ်ကို လိမ်နေတာပါ အချစ်အတွက် ဘယ်သူမှ အသေမခံပါဘူး။ အသေခံတယ်ဆိုတဲ့သူရှိဦးတော့ သူက အတ္တအရမ်းပိုကြီးပြီး စဉ်းစားတွေးခေါ်မှု့ မရှိတော့လို့ အသေခံတာပါ။ အဲဒီအချစ်အတွက် အသေခံသွားတဲ့သူတွေ ဘာလို့ အာဖရိကက ငတ်ပြတ်ပြီးသေဆုံးနေရတဲ့ ကလေးတွေ အတွက် အသေခံ မကယ်ခဲ့ရတာလဲလို့ မေးကြည့်ချင်တယ်။
အချစ်ဆိုတဲ့ အကြောင်းကို ကွျန်တော်ပြောရမှာ ရှက်တယ် သီချင်းတောင် သိပ်နားထောင်လေ့မရှိဘူး။ ဘာလို့လဲဆိုတော့ အချစ် ဆိုတာ အတ္တနဲ့ လူ ၂ ယောက်ပေါင်းပြီး ပျော်ကြတဲ့ ပျော်ရွှင်မှု့တစ်ခုပဲ ဖန်ခွက် တစ်လုံးလိုပဲ အမြင်လှပေမယ့် ကျကွဲလွယ်တယ်။ မေတ္တာနဲ့မတူဘူး သူကတော့ အဆင်းမလှပေမယ့် ကျမကွဲနိုင်တဲ့ ခွက်တစ်လုံး လိုပါပဲ။ ကိုယ်ချင်တဲ့သူက မုန်းသွားတာပဲဖြစ်တတ်တယ် ကိုယ်မေတ္တာထားတဲ့သူက မုန်းသွားတာ ဘယ်တော့မှ ကြုံရမှာမဟုတ်ဘူး။
လူတွေက ကိုယ်ချစ်တဲ့သူ ပြန်မချစ်တဲ့အခါ အသည်းကွဲကြတယ်။ ကွဲမှာပေါ့ သူပြန်ချစ်ရင် ပျော်ရမယ်လို့ အမြဲတမ်းတွေးနေခဲ့တာကိုး။ ဘယ်နေရာသွားပြီးလျောက်လည်မယ်၊ အတူ ဘုရားသွားမယ် စသဖြင့် စိတ်ကူးထားသမျှတွေ ဖြစ်မလာတဲ့ အခါ အသည်းကွဲတော့တာပဲလေ။ ကိုယ် ရည်ရွယ်ထားတဲ့သူ အခြားသူနဲ့ တစ်ယောက်နဲ့ ဖြစ်သွားရင် ပိုဆိုးပဲ အသည်းကွဲမယ်.. စာအုပ်တွေထဲကလို ခံစားကြည့်မယ် အချိန်တန်တဲ့ အထိ တစ်ဖက်က ခံစားနေရပါတယ် ဆိုတာတောင် အသိအမှတ် မပြုတဲ့အခါနောက်ပိုင်းတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာပါပဲ။ တကယ်လို့ တစ်ဖက်က အသိအမှတ်နဲနဲလေးပြုလိုက်မယ် ဆိုရင် လုပ်တာမှန်တယ်လို့ ထင်လာပြန်ရော။ လူတွေဟာ သာယာမှု့ကို အမြဲမပြတ်ပဲ တစ်ဘဝလုံး ရှာနေခဲ့ကြတယ် ရုပ်ဝတ္ထုတွေမှာ ရှာကြည့်တယ်၊ ခံစားမှု့မှာ ရှာကြည့်တယ် နောက်ဆုံးသေ သာသွားကြတယ် သာယာမှု့တွေ အတွက် ပေးဆပ်သွားပြီး ဘာမှမတွေ့လိုက်ကြဘူး။
သေသေချာချာတွေးကြည့်ရင် လူတွေလုပ်ရတဲ့ အလုပ်တွေက ရီစရာကောင်းတယ်။ ကွျန်တော် အရင်တစ်ခါက ပြောခဲ့သလို Drill gun ဝယ်တာ အုတ်နံရံမှာ အပေါက်လိုချင်လို့ ဆိုတာမျိုးကို မေ့တတ်ကြတယ်။ ချစ်သူတွေ ဆုံရင် အတူတူဓာတ်ပုံရိုက်ကြပြန်တယ် အမှတ်တရ တဲ့။ အဲဒီ ဓာတ်ပုံတွေ မရှိရင် အမှတ်မရ တတ်လို့ လို့ ဖြေထားတဲ့ အတိုင်းပဲ။ သတိရတိုင်း ဓာတ်ပုံလေး၊ အရုပ်လေး ထုတ်ကြည့်တယ် ဘာလို့လဲဆိုတော့ အဲဒီလို ကြားခံ ပစ္စည်းမရှိရင် သူ့ကို စိတ်ကူးထဲမှာ ပုံဖော်ရတာ နဲနဲခက်လို့လေ။ ၂ ယောက်အမြဲ ချိန်းတွေ့ကြတယ် ဘာလို့လဲဆုိတော့တွေ့ရင် ပျော်လို့လေ ပျော်စရာမကောင်းတဲ့ အချိန်တွေရောက်လာရင် ၃ ၄ နှစ်ပါပဲ ကွဲကြရော။ ဘာလို့လဲ ဆိုတော့ အတ္တနဲ့ ချစ်ခဲ့တာကိုး ကိုယ့်မှာ တွေ့တိုင်း မပျော်ရဘူးဆိုတော့ စိတ်ညစ်လာတယ်လေ ကိုယ့်ကိုယ်ကို စိတ်ညစ်တာ လူတွေ မခံနိုင်ကြပါဘူး။
အချစ်တစ်ခုနဲ့ အိမ်ထောင်ပြုပြီး ဘဝကို ခရီးဆက်လို့ ရမယ်လို့ ထင်ကြတယ်။ စိတ်ကူးယဉ်ဆန်ကြတယ် အထူးသဖြင့် အချစ် ဆိုရင် မိန်းကလေးတွေက ပိုတယ် သူတို့က ယောက်ကျားလေးတွေ ထက် ပိုစိတ်ကူးယဉ်တတ်ကြတယ်။ ယုံလွယ်တယ်။ Facebook မှာတင် ကြည့်လို့ရပါတယ် အချစ်အကြောင်းနဲ့ ပက်သက်ပြီး status တင်နေကြတာ ယောက်ကျားနဲ့ မိန်းမ ဘယ်သူပိုများလဲလို့။ နတ်ကိုးကွယ်တဲ့သူကို နတ်နဲ့ သွားခြောက်ပြီး လိမ်လို့ ရသလို၊ အချစ်နဲ့ စိတ်ကူးယဉ်တတ်တဲ့ သူတွေ အယောင်ဆောင်လိမ်ရတာ သိပ်လွယ်တယ်။
လူ့လောကက ပြသနာတွေ မျိုးစုံနဲ့ ပြည့်နေတယ် အတ္တတွေနဲ့ကြည့်ပဲ ဆိုတော့ အနည်းနဲ့ အများသာကွာတယ်။ ကိုယ် ပျော်ရွှင်ရဖို့ အတွက်ဆို အခြားသူ ထိခိုက်လဲ ကိစ္စမရှိဘူးပဲ အနည်းဆုံး အခြားသူတွေ ထိခိုက်သွားပါလားဆိုတဲ့ အသိလေးတောင် မတွေးနိုင်ကြဘူး။ ငါစွဲနဲ့ အတ္တအကြီးအသေးလိုက်ပြီး ငါလုပ်တာမှန်တယ် ငါခံစားရတယ် ငါပျော်ရွှင်ချင်တယ် အချစ်နဲ့ ဆိုပျော်ရမယ်လို့ အမြဲတွေးတယ်။ ဘယ်သူတွေဘာဖြစ်ဖြစ် ဂရုမစိုက်တတ်ဖူး။ ခန္တာဗေဒ အပြောင်းအလဲနဲ့ စိတ်ခံစားမှု့ကိုလိုက်ပြီး အချစ်ဆိုတာက လူတွေအတွက် အားကိုအားထားစရာကြီးလို ဖြစ်နေဦးမှာပါပဲ။ တကယ်ဖြစ်လာမှာလား မဖြစ်လာဘူးလား မသိတဲ့ မျော်လင့်ချက်နဲ့ စိတ်ပျော်ရွှင်မှု့ အတွက် မိဘ ကိုထားသွားသင့်သလားဆိုတာကတော့ ကိုယ်တိုင် စဉ်းစားပြီးဆုံးဖြတ်ပါ။ အချစ်ဆိုတာ တကယ်တော့ ခဏတာ စိတ်ပျော်ရွှင်မှု့ ပေးတဲ့ အရာလေးပါ အဲဒါနဲ့ ရေရှည်စီမံကိန်းလုပ်လို့ မရပါဘူး။ အဲဒါလေးတစ်ခုအတွက်နဲ့ ဘာတွေကိုအရင်းအနှီးလုပ်ပြီး ယူမလို့လဲ စဉ်းစားပါဦး……
Touching my Heart, bro. Thz….
Like or Dislike:
0
0
Pls let me share in FB…
)
Like or Dislike:
0
0