Myanmar Bloggers Gathering
Myanmar Bloggers Gathering 2011
လွန်ခဲ့တဲ့ ရက်တွေထဲက တစ်ရက်မှာ မတွေ့တာကြာတဲ့ ပြည်တွင်းက ဘလော့ဂ်ဂါ မောင်နှမတွေ ပြန်စုစည်းဖြစ်ကြပါတယ်။ ကွျန်တော်တို့ အနေနဲ့ မတွေ့ဖြစ်တာလဲ ကြာတာတစ်ကြောင်း Blog Day 2011 ကို နီးလာတာကလဲ တစ်ကြောင်းကြောင့် အထိမ်းအမှတ်ပွဲမျိုးလေး လုပ်ဖို့ အစီအစဉ်ဆွဲကြဖို့ပါပဲ။
Myanmar Bloggers Gathering 2011
တွေ့ဆုံဖို့ကို မြေနီကုန်းက မြစံပါယ် စားသောက်ဆိုင်မှာ ချိန်းဖြစ်ပါတယ်။ သူငယ်ချင်းတွေဆိုတော့ များသောအားဖြင့် ၂၀၀၆၊ ၂၀၀၇ လောက်မှ ဘလော့ဂ်ခေတ်ကောင်းစဉ်က စရေးခဲ့ကြတဲ့သူတွေများပါတယ်။ ကိုဇော်ဇော်၊ မဘာညာ၊ မယမင်း၊ ကိုဖိုးသူတော်၊ ကိုမိုးလိှုင်ည၊ မင်းယွန်းသစ်၊ နန်းညီ၊ ကိုရဲအောင်သူ စတဲ့သူတွေ လာကြပါတယ်။ ကိုညီလင်းဆက်၊ ကိုမျက်လုံး၊ ကိုစိုးဇေယျ တို့တွေတော့ မအားလို့ မလာကြပါဘူး။
ဘလောဂ်တွေက ၂၀၀၆၊ ၂၀၀၇ လောက်မှာ အတော်လှုပ်ရှားခဲ့ပေမယ့် ၂၀၀၇ အရေးအခင်းနောက်ပိုင်းမှာ blogspot, wordpress စတာတွေ ဘန်းလိုက်တာကြောင့် သာမာန် စာရေးသူတွေအနေနဲ့ နေရာပျောက်သွားတာလဲ ပါမယ်ထင်တယ်။ နောက် social media တွေထောင်တက်လာတဲ့ အချိန်မှာ blogging သဘောမျိုးပါ တွဲလုပ်လို့ ရတာကြောင့် technical diffculities မရှိသလောက်နည်းတဲ့ အတွက် အဲဒီဘက်တွေရောက်ကုန်တာလဲ ပါပါလိမ့်မယ်။ နောက်ပိုင်းတော့ ဘလော့ဂ်ရေးသူ နည်းလာပါတယ်။
ခုလောလောဆယ်တော့ ၂၀၀၇ တုန်းက လုပ်ခဲ့သလို Blog Day Seminar မျိုးတော့ လုပ်ဖြစ်မှာ မဟုတ်တော့ပါဘူး။ ဒီအတိုင်း gathering သဘောမျိုးပဲ လုပ်ဖို့ ရှိပါတယ်။ Blog က ၂၀၀၇ အရေးအခင်းမှာ တော်တော်ပေါက်သွားခဲ့ပြီး ပြည်တွင်းမှာ Blog နဲ့ blogger ဆိုရင် အတိုက်အခံ နိုင်ငံရေးသမားလိုမျိုးကို မြင်ကုန်တဲ့ အခြေအနေရောက်သွားတာလဲ ပါမယ်ထင်တယ်။ အရင် ၂၀၀၉၊ ၂၀၁၀ တွေမှာ Info-Tech မှာ ဟောပြောပွဲလုပ်ဖို့ ကြိုးစားပေးမယ့် မရခဲ့ပါဘူး။ ၂၀၁၀ တောင် blog ကို ခေါင်းစဉ် မတပ်ပဲ အခြား technology သဘောမျိုးပဲ ပြောခွင့်ရခဲ့တယ်။
ခုကတော့ ဘာရယ်မဟုတ်ပါဘူး ဟိုအရင်က ရေးခဲ့တဲ့ ဘလော့ဂ်ဂါ အကိုကြီး၊ အမတွေကော သူငယ်ချင်းတွေကောကို သတိတရရှိမိပါတယ်။ အရင် ၅ နှစ်လောက်ကဆို ပထမဆုံး blog စာအုပ် တစ်အုပ်ဖြစ်ဖို့ အားလုံး တိုင်ပင်နေတဲ့ အချိန်တစ်ခုပေါ့။ နောက် Myanmar Blogger Society ဖွဲ့ဖို့ တိုင်ပင်နေခဲ့ကြတယ်။ ခုတော့လဲ အမှတ်တရတွေပဲ ဖြစ်နေခဲ့တော့တယ်။ ဒီလ 31 ရက်နေ့ မှပဲ Blog Day အတွက် ပို့စ်တင်ပါဦးမယ်။ ခုတော့ အမှတ်တရ ပေါ့…
Related Posts
3 Comments so far »
  1. madyjune said,
    Wrote on August 24, 2011 @ 8:03 pm
    ဟုတ်တယ်နော်။ ခုနကပဲ ပင့်ဂိုးလ်ကို သူနဲ့စတင်ဆုံတွေတဲ့အကြောင်း ရေးရင်းနဲ့့ Blogger Seminar ကြီးကို သတိရသွားတယ်။ မနေ့ကတောင် အဲဒီ့တုန်းက ရထားတဲ့ တီရှပ်ဝတ်နေသေးတယ်။ အခုထက်ထိ ၀တ်လို့ကောင်းတုန်းပဲ။
    ကျွန်မလည်း ဘလော့ဂ်မရေးဖြစ်တာကြာပြီ။ အရင်က အင်္ဂလိပ်လိုသာ ဦးစားပေးရေးခဲ့ပေမယ့် ဖတ်မယ့်သူမရှိတော့ အခုတော့ မြန်မာဘက်ကို ပြန်ပြောင်းဖို့ စိတ်ကူးထားတယ်။ ကျော်ခွရတဲ့အလုပ်ကိုတော့ မလုပ်ချင်တော့ဘူး။ Facebook မှာတော့ Notes အဖြစ် အရင်တင်ထားပြီး နောက်တော့မှ wordpress မှာ အသစ်ဆောက်ပြီတင်မလားလို့။ Blogspot က ကျော်ရတာ သိပ်အဆင်မပြေလို့ wordpress မှာပဲ ရေးတော့မယ်။
    Well-loved. Like or Dislike: Thumb up 2 Thumb down 0
  2. Htoo Tay Zar said,
    Wrote on August 25, 2011 @ 12:03 am
    @ Sis Madyjune ~ ဟုတ်တယ် အမ အရင် ကလို လူတွေ သိပ် မရှိတော့တာ နိုင်ငံခြားတွေ ရောက် ကုန်ကြတာလဲ ပါမယ် ထင်တယ် နောက် အပတ် Gathering မှာ လာခဲ့လေ အမ။ ကွန်တော့် မှာလဲ အဲဒီ တုန်း က အကျီ ခုထိရှိသေးတယ် အပြင် သွားရင် ဝတ် လို့ မရတော့ပေမယ့် အိမ်နေရင် းဝတ် တုန်း ပဲ။
    မကျော် ချင် ရင် ဒိုမိန်း ဝယ်လိုက် ပါလား အမ hosting ကွျန်တော့် ဆီမှာ ထားလိုက်လေ။ ဒါဆို ကျော် စရာမလိုတော့ဘူးပေါ အမ။
    Like or Dislike: Thumb up 0 Thumb down 0
  3. ဦးကောဝိဒ said,
    Wrote on August 26, 2011 @ 10:19 am
    အခုလို ဘလော့မောင်နှမတွေစည်းစည်းလုံးလုံးတွေ့မြင်ရတာ
    စုပေါင်းပြီး လောကကြီးကိုအလှဆင်နိုင်ကြပါစေလို့ဆုတောင်းပါတယ်။
    Like or Dislike: Thumb up 1 Thumb down 0
Comment RSS · TrackBack URI
Leave a Comment
Name: (Required)
E-mail: (Required)
Website:
My Burmese Blog use Gravatars, they are little icons that appear next to your name on this site and on many others. You can get a Gravatar account for free and any other site that supports it will show your avatar too!
Comment: