RAGE HD Game for iPhone, iPad

RAGE HD Game for iPad

ဒီနေ့ အွန်လိုင်းကြည့်ရင်းနဲ့ Rage HD ဆိုတဲ့ first person shooter game တစ်ခု ရောင်းတာကနေ ခဏရက်ပိုင်းပဲ free ပေးနေတာတွေ့လို့ ဘလော့ဂ်မှာ တင်ပြီး share လိုက်ပါတယ်။ အမှန်တော့ ဒီဂိမ်းအကြောင်း မိုဘိုင်းဖုန်း မဂ္ဂဇင်းတစ်ခုကို ရေးပြီးပေးဖူးတာရှိနေလို့ အဲဒီစာပဲ ပြန်ကူးတင်လိုက်တာပါ။ ဂိမ်းက ကံဆိုးချင်တော့ အကြမ်းပတမ်းတွေမို့လားမသိဘူး Singapore App Store မှာ မရှိလုိ့ အခမဲ့ free ပေးနေတာတောင် ကွျန်တော်မဆော့ရသေးပါဘူး။ ကောင်းမယ့်ပုံပဲ။

ဒီလိုမျိုး iPhone, iPad နဲ့ Mac OS အတွက် ဂိမ်းတွေ၊ ဆော့ဝဲတွေ ဖရီးပေးတာတွေကို သိချင်ရင် ကွျန်တော်နဲ့ သူငယ်ချင်းတွေလုပ်ထားတဲ့ facebook group တစ်ခုရှိပါတယ် အဲဒီမှာ မန်ဘာဝင်ထားရင် တစ်ခုခု free ပေးနေတာပဲ ဖြစ်ဖြစ် စျေးချတဲ့ discount ရှိရင်ပဲဖြစ်ဖြစ် အလွယ် တကူသိနိုင်ပါတယ်။ တကယ်လို့ join ချင်ရင် Myanmar Apple Community မှာ လာ join လို့ ရပါတယ်လို့ ဖိတ်ပါတယ်။ Private group တစ်ခုပါ။ အခုအောက် ကတော့ အရင်က ရေးထားတဲ့စာတွေပါ။

RAGE HD Game for iPad

Rage ဟာ ZeniMax Media ကနေထုတ်လိုက်တဲ့ first person shooter ဂိမ်း အမျိုးအစားဖြစ်ပါတယ်။ စိတ်လှုပ်စားစရာကောာင်းတဲ့ ဂိမ်းတွေ ကြိုက်သူတွေ အတွက်ထုတ်ထားတာဖြစ်ပြီး ဇာတ်လမ်း အရ vampire လို အကောင်တွေကို သေနတ်နဲ့ လိုက်လံပစ်ခတ်ရမယ့် ဂိမ်း အမျိုးအစားဖြစ်ပါတယ်။ ခြောက်ခြားဖွယ်ရာ အသံတွေနဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့ ပေါင်းစပ်ထားတာမို့ အောင်မြင်တဲ့ ဂိမ်း တစ်ခုလဲ ဖြစ်ပါတယ်။

ဂိမ်းမှာ ရိုးရိုး နဲ့ HD ဆိုပြီး ၂ မျိုးထုတ်ထားပြီး HD version က ရုပ်ထွက်ပိုမိုကောင်းမွန်ပါတယ်။ First person shooting game ဖြစ်သလို သရဲကောင်တွေရဲ့ အသားအရေ texture က အစ ဂရုတစ်စိုက် ရေးဆွဲထားတာကို တွေ့ရပါတယ်။ ပုံမှန် ဂိမ်းစက်တွေက ပေးတဲ့ ရုပ်ထွက် အရသာမျိုးကို ပေးစွမ်းနိုင်ပါတယ်။ အသံပိုင်း အနေနဲ့လဲ dynamic sounds ခေါ်တဲ့ ဇာတ်ကောင် လှုပ်ရှားမှု့အပေါ်မူတည်ပြီး အသံတွေပြောင်းလဲပေးတာ ကြောင့် ထူးခြားတဲ့ အရသာ ခံစားရမှာပါ။

RAGE HD Game for iPad

ဒီဂိမ်းဟာ Universal app ဖြစ်ပြီး 1.99$ နဲ့ ရောင်းချပါတယ်။ ဒီဂိမ်းဟာ သရဲတွေ နဲ့ သွေးထွက်သံယို တိုက်ခိုက်ရတဲ့ ဂိမ်းအမျိုးအစားဖြစ်တာကြောင့် အသက် ၁၂ နှစ် အထက်မှ ကစားခွင့်ပေးမှာဖြစ်ပါတယ်။ iPhone 3GS နဲ့ iPad 1 အထက်ရှိတဲ့ devices တွေမှာ ကစားလို့ ရပါတယ်။


,

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 3 + 6