Tips & Tricks for iPhone

Tips & Tricks for iPhone, iPad

ဒီနေ့တော့ iPhone tips & tricks တွေ အကြောင်း ရေးပြီးတင်လိုက်ပါတယ်။ ဒီတစ်ခါတော့ april fool နောက်တာ မဟုတ်ပါဘူး တကယ်ပါ။ download လုပ် လုပ်စရာမလိုပါဘူး :) များသောအားဖြင့်တော့ သိပြီးသားဖြစ်မှာပါ။ ဘာရယ် မဟုတ်ပါဘူး အရင်က ပြည်တွင်းက ဂျာနယ်အတွက် ရေးထားတာလေး ပြန်တင်ထားတာပါ။


Scroll To Top

iPhone က safari browser ထဲမှာ စာဖတ်နေရင်း web page အောက်ဆုံးနားကနေ အပေါ်ထိပ်ဆုံး URL box ကို ပြန်သွားချင်တဲ့အခါ scroll ပြန်လုပ် တက်စရာမလိုပဲ အပေါ်ဆုံးက status bar ကို ထိလိုက်မယ်ဆိုရင် သွားချင်တဲ့ အပေါ်ဆုံး နေရာကို အမြန်ပြန်ရောက်သွားနိုင်ပါတယ်။

Screenshot

iPhone မှာ Screenshot လို့ခေါ်တဲ့ ဖုန်းမြင်ကွင်းက ပုံကို ဓာတ်ပုံ အဖြစ်ပြောင်းသိမ်းလိုတဲ့ အခါ home button နဲ့ power button ကို ပြိုင်တူတွဲပြီး ၁ ချက် နှိပ်ခြင်းအားဖြင့် လက်ရှိ apps ရဲ့ မြင်ကွင်းကို photo app ထဲမှာ သိမ်းထားလို့ ရပါတယ်။

Pin on Maps

Maps ထဲမှာ သွားချင်တဲ့ နေရာ တစ်ခုခု ရှိတဲ့ အခါ အဲဒီနေရာကို မှတ်သားထားချင်ရင် လက်နဲ့ ၃ စက္ကန့်လောက် ထိထားလိုက်ရုံပါပဲ။ အဲဒီအခါ pin လေးတစ်ခု ကျလာမှာ ဖြစ်ပြီး direction ပြခိုင်းလို့လဲ ရပါတယ်။

Save Images

Save Image

Safari ဒါမှမဟုတ်တ် Mail ထဲမှာ တွေ့ရတဲ့ ဓာတ်ပုံတွေကို သိမ်းထားချင်တဲ့ အခါ အဲဒီ ဓာတ်ပုံ ကို လက်နဲ့ ၃ စက္ကန့်လောက် ထောက်ပြီးလွှလိုက်ပါက Save Image ဆိုတဲ့ စာသားလေးတက်လာမှာ ဖြစ်ပြီး ဖုန်းထဲက photos app ထဲမှာ သိမ်းထားပြီးသားဖြစ်သွားမှာပါ။

Caps Lock

iPhone ကီးဘုတ်မှာ စာရိုက်တဲ့အခါ အင်္ဂလိပ်စာလုံးတွေကို အကြီးပြောင်းချင်ရင် caps lock ကို တစ်ချက်နှိပ်ပေးရပါတယ်။ တကယ်လို့ caps lock ကို အမြဲဖွင့်ထားချင်တယ်ဆိုရင်တော့ သုံးချက် အမြန်နှိပ်ပေးရင် locked အမြဲလုပ်ပေးထားမှာ ဖြစ်ပါတယ်။

Quick URL

iPhone ထဲက Safari browser မှာ web site လိပ်စာတွေ ရိုက်ထည့်တဲ့ အခါ အဆုံးသက် .com, .net, .org တွေအတွက် တစ်လုံးချင်းစီရိုက်ဖို့ မလိုပါဘူး space bar နားက .com key လေးကို လက်နဲ့ ၂ စက္ကန့်လောက်ဖိထားမယ် ဆိုရင် အခြား လူသုံးများတဲ့ gTLD လို့ခေါ်တဲ့ .net, .org လိုမျိုးတွေပါ ပါရှိပါတယ်။

Mute Incoming Call Ringtones

iPhone မှာ ဖုန်းဝင်တဲ့ အခါ ဖုန်းကိုလဲ မကိုင်ချင် ringtone သံလဲ မကြားချင်တဲ့ အခါမှာ ဖုန်းဝင်လာတဲ့ အချိန်မှာ ဖုန်းမကိုင်ပဲ power button ကို တစ်ချက်နှိပ်လိုက်မဆိုရင် ဖုန်းသံကော vibration တုန်နေတာပါ ပိတ်သွားမှာ ဖြစ်ပြီး အချိန်တန်တဲ့ အခါ ဖုန်းခေါ်တာလဲ အလိုလိုကျသွားမှာ ဖြစ်ပါတယ်။

Decline Incoming Call

iPhone မှာ ဖုန်းအဝင်လာတဲ့ အခါ Accept နဲ့ Decline ဆိုပြီး ပေါ်လေ့ရှိပါတယ် ဒါပေမယ့် ဖုန်းကို အသုံးပြုနေတုန်း ဖုန်းဝင်လာခဲ့မယ့် ဆိုရင်တော့ decline မပေါ်တတ်ပါဘူး။ slide to pick up ဆိုတာပဲ ပေါ်လေ့ရှိပါတယ်။ အဲဒီအခါ ဖုန်းကို မကိုင်ချင်တဲ့ အခါ slider ကို အဆုံးထိ လက်နဲ့မရွှေ့ပဲ အလယ်တစ်ဝက်လောက်မှာ တင် လွှတ်လိုက်ရင် ဖုန်းကို decline လုပ်သလိုပဲ ပြန်ဖြစ်သွားမှာ ဖြစ်ပါတယ်။

Add PDFs to iBooks

pdf in iBooks

တကယ်လို့ သူငယ်ချင်းတစ်ယောက်ယောက်က ဒါမှမဟုတ် safari ထဲက web page မှာ pdf ဖိုင်ပါပို့လာခဲ့ရင် အဲဒီဖိုင်လေးကို လက်နဲ့ ၃ စက္ကန့်လောက်ထောက်ပြီး လွှတ်လိုက်မယ်ဆိုရင် pdf ကို iBooks ထဲမှာ save လုပ်ဖို့ menu လေးပေါ်လာတာကို တွေ့ရပါလိမ့်မယ်။

Display Character Count in Messages

iPhone SMS Counter

iPhone က Messages app မှာ စာရိုက်တဲ့အခါ စာလုံး အရေအတွက်ကို ကြည့်ချင်ရင် setting အောက်က messages အဲဒီက character count ကို on ထားပေးရင် လက်ရှိ စာဘယ်နှစ်လုံး ရိုက်နေလဲဆိုတာကို ပြပေးပါလိမ့်မယ်။ ပုံမှန် စာလုံးကော space ကော အရေအတွက် 160 အောက်ကို မိုဘိုင်းဖုန်း ဆက်သွယ်ရေးလုပ်ငန်းတွေမှာ SMS တစ်စောင်လို့ မှတ်ယူပြီး အဲဒီထက်ပိုရင်တော့ SMS ၂ စောင်လို့ သတ်မှတ်ပြီး charges တွက်ယူတာ ဖြစ်ပါတယ်။

iPod controls on lock screen

iPhone ထဲက iPod မှာ သီချင်းနားထောင်နေရင်း phone က အလိုလျောက် lock ဖြစ်တတ်ပါတယ်။ အဲဒီ အခါ သီချင်းကို နောက်တစ်ပုဒ်ကျော်ချင်တာ မျိုး ရှိရင် phone ကို ပြန်ဖွင့်စရာမလိုပါဘူး။ lock screen အနေအထားမှာပဲ home button ကို ၂ ချက်နှိပ်လိုုက်ရင် iPod controls နာရီအောက်ဖက်နားမှာ ပေါ်လာမှာ ဖြစ်ပါတယ်။

Zoom out in Maps and Photos

ဖုန်းထဲက Maps နဲ့ Photos apps တွေထဲမှာ လက် ၁ ချောင်းနဲ့ ၂ ချက်တို့လျင် zoom ဆွဲပေးမှာ ဖြစ်ပြီး လက် ၂ ချောင်းနဲ့ ၂ ချက်တို့လိုလျင် zoom ဆွဲထားတာကနေ ပြန်ထွက်ပေးပါတယ်။

Locate your lost iPhone

iPhone တွေမှာ အခုဆို Find My iPhone ဆိုုတဲ့ app ကို အခမဲ့ ရယူနိုင်ပြီး တကယ်လို့ ကိုယ့်ဖုန်း တစ်နေရာရာမှာ ပျောက်သွားတဲ့ အခါ ဖုန်းကို အွန်လိုင်းကနေ တည်နေရာပြန်ရှာ နိုင်ပါတယ်။ စာလှမ်းပို့ပြီး ပြန်ပေးဖို့လဲ ပြောလို့ ရပါတယ်။ ဒါမှမဟုတ် remote ကနေ ဖုန်းကို format ချနိုင်ပါတယ်။ တစ်ခုရှိတာက အဲဒီဖုန်းဟာ အင်တာနက်နဲ့ ချိတ်ဆက်နေမှ ရှာလို့ ရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ ရှာလို့ မရနိုင်ပါဘူး။

Delete Specific Call History

iPhone အတွက် အသစ်လာတော့မယ့် iOS version 5 မှာ phone incoming call, outgoing calls တွေကို စိတ်ကြိုက် တစ်ခုချင်းလိုရာကို အလွယ်တကူ ဖျက်လို့ ရတဲ့ လုပ်ဆောင်ချက် မကြာခင်ပါလာတော့မှာ ဖြစ်ပါတယ်။ ဖျက်ချင်တဲ့ ဖုန်း နံပါတ်ပေါ်မှာ Swipe to right လုပ်လိုက်ရင် delete ဆိုတာလေးပေါ်လာပြီး ဖျက်ချင်တဲ့ နံပါတ်ကို ဖျက်လို့ ရမှာပါ။ အရင်ကတော့ ဒီလို တစ်ခုချင်းဖျက်ဖို့ အတွက် Jailbreak ထဲက module တစ်ခု သွင်းယူရပါတယ် ခုကတော့ မလိုတော့ပါဘူး။

More iPhone Tips & Tricks

iPhone အတွက် အခုရေးခဲ့တဲ့ နည်းတွေအပြင် အခြား နည်းတွေကို ကြည့်ရှုလိုပါက Safari အတွင်းက bookmark ထဲမှာ iPhone User Guide ဆိုတဲ့ bookmark ကို ဖတ်ကြည့်ရင် ရနိုင်ပါတယ်။ ကျေးဇူးပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 4 + 1