5th Anniversary Of Myanmar Bloggers’ Society

5 Anniversary Of Myanmar Bloggers' Society

မနေ့က မြန်မာအင်ဖိုတက် အခန်း ၂၀၅ မှာ လုပ်တဲ့ ၅ နှစ်မြောက် Myanmar Bloggers’ Society ရဲ့ seminar ပွဲကို သွားဖြစ်ပါတယ်။ အစက အားလုံးတိုင်ပင်ပြီးတော့ ဒီနှစ်ပွဲမလုပ်တော့ဘူး စဉ်းစားထားကြတာပါ အားလုံးစုပြီး ခရီးပဲထွက်မယ် လုပ်ကြရင်းကနေ ပွဲပြန်လုပ်ဖြစ်တာ ဖြစ်ပါတယ်။

မနက်ပိုင်း ၉ နာရီမှာ seminar ကို စတင်ပါတယ်။ ကိုဘလာဂေါက် ခေါ် ကိုဇော်ဇော် ကနေပဲ မြန်မာ ဘလော့ဂ်များ သမိုင်းကြောင်းနဲ့ Myanmar Bloggers’ Society စတင်ဖွဲ့ဖြစ်ပုံ၊ ၂၀၀၇ မှာ စပြီးပြုလုပ်ခဲ့တဲ့ ဘလော့ဂ် ဆီမင်နာ၊ နောက် နာဂစ်အတွင်းမှာ ဘလော့ဂ်ဂါတွေ လူမှု့ရေးဆောင်ရွက်ပုံ နောက် အိုင်တီ လောက ဖွံ့ဖြိုးတိုးတက်ဖို့ BarCamp လို ပွဲမျိုးတွေ စီစဉ်ဖြစ်ခဲ့ပုံတွေကို ပြောပြပေးပါတယ်။

နောက်တော့ ကျွန်တော့် အလှည့်ပေါ့ blogging tips & tricks ဆောင်ရန် ရှောင်ရန်တွေ အကြောင်းပြောဖြစ်ပါတယ်။ ဘလော့ဂ်ဆိုတာက လွတ်လပ်တယ် စာပေစိစစ်ရေး သွားစရာမလိုတဲ့ မီဒီယာ ဆိုပေမယ့် ရှိထားသင့်တဲ့ လူမှု့ရေး ethic လိုမျိုးလေးတွေ အကြောင်းပြောဖြစ်ပါတယ်။ နောက်တော့ ၁၅ မိနစ်လောက် ကော်ဖီသောက်၊ မုန့်စားနားပါတယ်။

ပြီးတဲ့အခါမှာတော့ ကိုစိုးဇေယျ ရဲ့ business blogging အကြောင်းကို စတင်ပါတယ်။ ကိုစိုးကြီး ကနေပြီး စီးပွားရေးလုပ်ငန်းတွေ ဘလော့ဂ်ကို ဘယ်လို အသုံးပြုတယ် ဆိုတဲ့ အကြောင်းတွေကို လက်တွေ့ဥပမာတွေနဲ့ ပြသပေးသွားပါတယ်။ နောက်မှာတော့ ကိုအိမောင် ရဲ့ သိထားသင့်တဲ့ Intellectual Property, Copyright အကြောင်းကို မြန်မာနိုင်ငံက ပြဌာန်းထားတဲ့ ဥပဒေ တွေကို ကိုးကားပြီး ပြောပြပေးသွားပါတယ်။

နောက်မှာတော့ Myanmar Tutorials က ကိုသီဟ ကနေပဲ outsourcing အကြောင်းနဲ့ မြန်မာ ဘလော့ဂ်များ အကြောင်းကို ဆွေးနွေးသွားပါတယ်။ နောက်တော့ မင်းယွန်းသစ် ကနေ အင်တာနက် လွတ်လပ်ခွင့်နဲ့ ကျော်နည်းခွနည်း များကို ပြောကြားပါတယ်။ နောက်မှာတော့ ကိုဖိုးသူတော် ကနေပြီး ဘလော့ဂ်ဂင်း နဲ့ စာပေ အကြောင်းကို ပြောကြားပါတယ်။ နောက်တော့ ဘလောဂ်ဂါ မပင့်ဂိုး ကနေ One Young World ကွန်ဖရင့် အကြောင်းနဲ့ လျောက်ထားလို့ ရမယ့် နည်းတွေကို ပြောပေးသွားကြပါတယ်။

ညနေပိုင်းမှာတော့ တက်ရောက်လာသူတွေကော အားလုံးစုစည်းပြီး အိုင်တီလောက ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စတွေကို တိုင်ပင်ကြပါတယ်။ နောက် ပြည်တွင်းက ဘလော့ဂ်ဂါတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေ နောက် seminar တွေဆိုရင် Blog ဆိုတဲ့ စကားလုံးပါတာနဲ့ ပြည်တွင်းက ကွန်ပျူတာ အသင်းအဖွဲ့တွေက တုံ့ပြန်ပုံတွေ နည်းလမ်းမကျမှု့ တွေကို ဆွေးနွေးဖြစ်ကြပါတယ်။ နောက်တော့ ညနေ ၅ နာရီမှာ seminar ကို အဆုံးသတ်ဖြစ်ပါတယ်။ ဒီနေ့ပွဲကနေ ပြည်တွင်းက ဘလော့ဂ်ဂါတွေ ပြန်တွေ့ဆုံခွင့်ရသလို နောက်ထပ်လဲ ဒီနှစ်အတွင်းမှာ အခြား ကွန်ပျူတာ ဆိုင်ရာ ပွဲမျိုးတွေ ဆက်ပြီး ဆောင်ရွက်သွားဖို့ စီစဉ်ကြဦးမှာ ဖြစ်ပါတယ်။ အခုကတော့ ပွဲအတွင်းမှာ ရိုက်ဖြစ်တဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။

4 Comments

  1. yamin September 11, 2011

    so good. Happy Day All Friendship blogging…..

    Like or Dislike: Thumb up 0 Thumb down 0

  2. madyjune September 11, 2011

    I didn’t know anything about the seminar :( I know that I don’t use the internet much lately due to my upcoming exams, but I didn’t even receive any invitations on Facebook. Oh, well, I probably couldn’t come to attend anyway since I have to study at home.

    Like or Dislike: Thumb up 0 Thumb down 0

  3. Htoo Tay Zar September 11, 2011

    @ Sis Yamin ~ =D Happy Anniversary!!

    Like or Dislike: Thumb up 0 Thumb down 0

  4. Htoo Tay Zar September 11, 2011

    @ Sis Madyjune ~ Yes sister, Just few people come to the Seminar on that day. Facebook event only starts just few days ago. I even got detail plan on 8 sister. =D We will form our MBS team more systematically soon sister. Please join our private meeting. Surely, Next time we will try to announce and prepare for more audience as well.

    Like or Dislike: Thumb up 0 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 3 + 9