Chinese Street Hawker from Yangon Downtown

Chinese Immigrant Street Hawker from Yangon Downtown

ဒီနေ့ စက်တင်ဘာလ ၂၂ ရက် ညနေပိုင်းမှာ ကိစ္စလေးရှိလို့ ကျွန်တော်ရယ် ကိုငြိမ်းချမ်းနိုင် ရယ် မြို့ထဲ ၂၉ လမ်းဘက်ရောက်ဖြစ်ပါတယ်။ ၂၉ လမ်းနဲ့ အနော်ရထာလမ်း ထောင့်တစ်နေရာမှာတော့ လူတွေ အုံပြီးကြည့်နေတဲ့ လမ်းဘေးစျေးသည်ရှိတာ ကြောင့် အဝေးကလှမ်းကြည့်လိုက်တော့ မုန်လာဥနီ တွေကို လှီးပြထားတာ တွေ့လို့ ဓားတို့ အခြား ဟင်းချက်ရာမှာ သုံးတဲ့ ပစ္စည်းတွေ ရောင်းတာလို့ သိလိုက်ပါတယ်။ အနားကပ်ကြည့်တော့မှ ထူးခြားတာတွေ့ရတော့တယ်။

ရောင်းနေတဲ့ လမ်းဘေးစျေးသည်က တရုတ်ကြီး ခင်ဗျ… တရုတ်လိုတွေ ပြောရင်း လှီးပြနေပြီး တစ်ချက်တစ်ချက် “တစ်ထောင်… တစ်ထောင်..” ဆိုတဲ့ မြန်မာလို ပြောတာလေးတော့ ကြားရတယ်။ ဘေးနားရောက်လာတဲ့ လူက ဘယ်လောက်လဲ မေးတာကိုလဲ မသိလို့ ပြန်မဖြေပါဘူး။ သူသိတာက “တစ်ထောင်” ပဲပြောတယ် ကြည့်နေတုန်းမှာပဲ ၃ ယောက်လောက် ဝယ်တာတွေ့ရတယ်။ သေချာတာကတော့ နိုင်ငံခြားက လာတဲ့ တရုတ်ဆိုတာ သေချာပါတယ်။ ကြားရတာက tourist visa နဲ့ လာတယ်လို့ ကြားမိတယ် မသေချာပါဘူး။ နောက်တစ်ခုက မြန်မာမဟုတ်တာ ပိုသေချာတာက အဲဒီအချိန်ဆို လမ်းဘေးမှာ စျေးရောင်းလို့ မရသေးပါဘူး။ သူတစ်ယောက်ပဲ စည်ပင်လဲ မကြောက်ရောင်းနေတာ… ဒါနဲ့ပဲ ထူးဆန်းလှချည်ရဲ့ ဆိုပြီး ကျောပိုးအိတ်ထဲက ကင်မရာထုတ်ပြီး မှတ်တမ်းတင်လိုက်ပါတယ်။ အစက ဓာတ်ပုံပဲ ရိုက်ထားတာ အသံပါပါအောင် ဗီဒီယိုပါ ကောက်ဆွဲထားလိုက်ပါတယ် ရှု့စားကြပါကုန် :D

Chinese Immigrant Street Hawker from Yangon Downtown

4 Comments

  1. RaymondKMN September 23, 2011

    Who say he can’t be Chinese 007? He might put his Omega watch into his pocket.

    Like or Dislike: Thumb up 1 Thumb down 0

  2. ွှTommy September 23, 2011

    ကျေးဇူးတင်တယ် ထူးတေဇာ ၊ ဒါဆို တရုတ်တွေဟာ မန္တလေးကို ၀ါးမြိုရုံမက မြစ်ဆုံမှာ နယ်စပ်မှာ ကျောက်ဖြူမှာ တင်မရပ်နိုင်ပဲ ရန်ကုန်မြို့ကိုပါ လမ်းဘေးစျေးသည်လေးတွေလွှတ်ပီး ခြေချဖို့ပြင်ဆင်နေပီလား လို့တွေးမိပါတယ်။ မြင်ရတာ မနှစ်မြို့စရာပါ။

    Well-loved. Like or Dislike: Thumb up 4 Thumb down 2

  3. zwe September 26, 2011

    ဟီး စာလုံးပေါင်းမှားနေတယ် ပြင်လိုက်အုန်းနော်။ စိတ်၀င်စားအောင်ရေးထားတာလားလို့တောင် မှတ်သွားတယ်။
    “မုန်လာဥနီ တွေကို လီးပြထားတာ”
    :P

    Like or Dislike: Thumb up 1 Thumb down 0

  4. Htoo Tay Zar September 27, 2011

    @ Zwe ~ fixed it. Thanks a lot for the correction. I didn’t notice it =D

    Like or Dislike: Thumb up 1 Thumb down 0

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 3 + 3