Democracy Activists Pray At Shwe Da Gon Pagoda

Democracy Activists Pray At Shwe Da Gon Pagoda to free all Political Prisoners

ဒီနေ့ စက်တင်ဘာလ ၂၇ ရက် နေ့မှာ မနက် NLD ရုံးဘက်ရောက်ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တည်ထောင်တဲ့ နှစ်ပတ်လည် ရှိတာကြောင့်ပါ… ဓာတ်ပုံတော့ သေချာမရိုက်ဖြစ်ပါဘူး မဟုတ်လဲ သတင်းအနေနဲ့ သုံးမှာ မဟုတ်တဲ့ အတွက် အနီးအနားကနေပဲ စောင့်ကြည့်နေလိုက်ပါတယ်။ ပွဲပြီးတဲ့ နောက်မှာတော့ ရွှေတိဂုံ ဘုရားပေါ်မှာ ဒီနေ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ဆုတောင်းပွဲ ရှိတယ် လို့ ပြောကြတာနဲ့ ဘုရား ရင်ပြင်တော်ပေါ်ကို အခြား စီနီယာ ဓာတ်ပုံသတင်းထောက်တွေ နဲ့ အတူတူ တက်ခဲ့ပါတယ်။

ရွှေတိဂုံ ရင်ပြင်တော်ကိုရောက်တော့ ထူးခြားတာ သိပ်မတွေ့ရပါဘူး ဒါနဲ့ ခဏစောင့်ကြည့်ပြီးတဲ့နောက် ရင်ပြင်တော်ပေါ်ကို တစ်ပတ်ပတ်ကြည့်တော့ အင်္ဂါထောင့်လောက်မှာ Concern for Myanmar ဆိုတဲ့ စာသားပါတဲ့ တီရှပ်ဝတ် ၂ ယောက်ကို တွေ့ရတာကြောင့် အဲဒီထောင့်နားမှာပဲ စောင့်ကြည့်ဖြစ်ပါတယ်။ ၁၅ မိနစ်လောက်နေတော့ အင်္ဂါထောင့်ဘက်ကနေ အဝါရောင် အကျီဝတ် တစ်ချို့၊ နောက် အဖြူရောင် အကျီ နဲ့ အခြား ပုံမှန်ဝတ်စားထားသူတစ်ချို့ အုပ်စုလိုက် ထွက်ပြီး အရှေ့ဘက်မုဒ် ပြသာဒ်ဘေးက ရင်ပြင်မှာ တန်းစီပြီ ဘုရားဝတ်ပြု ကြတာမို့ ဓာတ်ပုံ စရိုက်ဖြစ်ပါတယ်။

လူဦးရေ ၂၀ ဝန်းကျင်လောက်သာရှိပါတယ်။ ဘုရားဝတ်ပြုနေချိန် ရောက်နေတဲ့ သတင်းထောက်များရော၊ အရပ်ဝတ် ရဲအရာရှိများပါ ဓာတ်ပုံရိုက် မှတ်တမ်းယူကြပါတယ်။ နောက်တော့ သူတို့ အဖွဲ့က ဘုရားကို လက်ဝဲရစ် အတိုင်း လှည့်ပါတယ် နောက်တော့ အောင်မြေအရောက်မှာ သပြေပန်းကပ်ပြီးတဲ့နောက် အောာင်မြေ အနောက်ဘက်က ဓာတ်လှေကားကနေပဲ ဆင်းပြီးပြန်သွားကြတာ တွေ့ရပါတယ်။ လူဦးရေ ၂၀ ဝန်းကျင်လောက်သာရှိပါတယ်။ ဘုရားဝတ်ပြုနေချိန် ရောက်နေတဲ့ သတင်းထောက်များရော၊ အရပ်ဝတ် ရဲအရာရှိများပါ ဓာတ်ပုံရိုက် မှတ်တမ်းယူကြပါတယ်။ နောက်တော့ သူတို့ အဖွဲ့က ဘုရားကို လက်ဝဲရစ် အတိုင်း လှည့်ပါတယ် နောက်တော့ အောင်မြေအရောက်မှာ သပြေပန်းကပ်ပြီးတဲ့နောက် အောာင်မြေ အနောက်ဘက်က ဓာတ်လှေကားကနေပဲ ဆင်းပြီးပြန်သွားကြတာ တွေ့ရပါတယ်။ ဒီနေ့ပဲွ ကို အရင် အင်္ဂါဝတ် အသင်း ခေါင်းဆောင် နဲ့ နိုင်ငံရေးလှုပ်ရှားသူ ဒေါ်နော်အုန်းလှ ဦးဆောင်တယ်လို့ သိရပါတယ်။ အခြားသူတွေကိုတော့ ကျွန်တော်လဲ နာမည်မသိပါဘူး။ မနေ့ကလဲ ဆူးလေ ဘုရားမှာ ဒလ ဘက် အခြမ်းကလာရောက်တဲ့ အကျီအဝါရောင်ဝတ် ဘုရားဝတ်ပြုသူတွေ ရှိပါတယ်။ ဒီနေ့လူတွေကတော့ အကျီတူပေမယ့် တစ်ချို့ ကို မနေ့က ကျွန်တော် မတွေ့မိပါဘူး။ မနေ့ကလဲ ပုံတွေ ရိုက်ဖြစ်ပေမယ့် သတင်းဂျာနယ် အတွက် သုံးမှာ ဖြစ်လို့ အွန်လိုင်းမတင်ဖြစ်တော့ပါဘူး။ ဒါကတော့ ဒီနေ့ ရိုက်လာဖြစ်တဲ့ ပုံတွေဖြစ်ပါတယ်…

Democracy Activists Pray At Shwe Da Gon Pagoda to free all Political Prisoners

Democracy Activists Pray At Shwe Da Gon Pagoda to free all Political Prisoners

Democracy Activists Pray At Shwe Da Gon Pagoda to free all Political Prisoners

Democracy Activists Pray At Shwe Da Gon Pagoda to free all Political Prisoners

Democracy Activists Pray At Shwe Da Gon Pagoda to free all Political Prisoners

Democracy Activists Pray At Shwe Da Gon Pagoda to free all Political Prisoners

Democracy Activists Pray At Shwe Da Gon Pagoda to free all Political Prisoners

Democracy Activists Pray At Shwe Da Gon Pagoda to free all Political Prisoners

Democracy Activists Pray At Shwe Da Gon Pagoda to free all Political Prisoners

Democracy Activists Pray At Shwe Da Gon Pagoda

Democracy Activists Pray At Shwe Da Gon Pagoda to free all Political Prisoners

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

*
= 4 + 2